Monday, November 18, 2019

AAအဖွဲ့အနေဖြင့် ဦးဝှေ့တင်းကိစ္စကို စကားအများကြီးမပြောဘဲ အလုပ်နှင့်သက်သေပြရန် NLD တိုက်တွန်း


Image may contain: 1 person
AAအဖွဲ့အနေနဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး စကားတွေအများကြီးမပြောဘဲ အလုပ်နဲ့သက်သေပြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကပြောဆိုလိုက်ပါတယ်။ 
ဦးဝှေ့တင်းကို ပြန်လွှတ်ပေးပြီး AAအဖွဲ့က အကြမ်းဖက်ဝါဒ ကျင့်သုံးတာမရှိဘူးဆိုတာကို သက်သေပြစေချင်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။ ဦးဝှေ့တင်းကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး နိုဝင်ဘာ(၁၀)ရက်မှာ AAအဖွဲ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ မှာ ဦးဝှေ့တင်းဟာ AAဆန့်ကျင်ရေးလုပ်ငန်းတွေမှာပါဝင်ခဲ့သလို ရခိုင်မျိုးနွယ်စုတွေအကြား သွေးထိုးတာတွေ၊ ဖိနှိပ်တာတွေပြုလုပ်နေတဲ့အတွက် ဖမ်းဆီးရတာလို့ ဖော်ပြထားပါတယ်။ 
 
ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ်ဝန်ကြီး ဦးစိုးထက်ကတော့ ဦးဝှေ့တင်းဟာ အဲဒီကိစ္စတွေကို လုံးဝပြုလုပ်ခဲ့တာမရှိဘဲ တစ်ဖက်သတ်စွပ်စွဲမှုတွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ ဦးဝှေ့တင်း မကြာခင် ပြန်လည်လွတ်မြောက်နိုင် လိမ့်မယ်လို့ ယုံကြည်ထားတယ်လို့လည်း ဦးစိုးထက်ကဆိုပါတယ်။ 
 
AAအဖွဲ့ဖမ်းဆီးခဲ့တဲ့ လူ(၁၀)ယောက်ထဲမှာ ဦးဝှေ့တင်းကလွဲပြီး အသက်ဆုံးပါးသွားသူ အိန္ဒိယနိုင်ငံသားတစ်ဦး အပါအဝင် တခြားသူတွေအားလုံး ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဦးဝှေ့တင်း ကတော့လက်ရှိအချိန်ထိ မလွတ်မြောက် သေးပါဘူး။ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်ဟာ ပလက်ဝ-ဇိုရမ် လမ်းပိုင်းကို ဖောက်လုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယနိုင်ငံသား (၅)ဦး၊ စကားပြန် (၂)ဦး၊ အမြန်ရေယာဉ် (Speed Boat) မောင်းနှင်သူ (၂)ဦးတို့နဲ့အတူ နိုဝင်ဘာ(၃)ရက်က ကုလားတန်မြစ်အတွင်း သွားလာနေစဉ် AA အဖွဲ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
No photo description available. 

No comments:

Post a Comment

My Blog List