Tuesday, November 19, 2019

ဦးဝှေ့တင်းကိစ္စ ကာလုံအစည်းအဝေးခေါ်ကာ နိုင်ငံ့ခေါင်းဆောင်များ အဖြေရှာရန်လိုအပ်


Image may contain: 1 person, standing and outdoor
အေအေ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်ရေးကိစ္စနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကာ နိုင်ငံ့ခေါင်းဆောင်များက အဖြေရှာရန်လိုအပ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်ေတာ်ကိုယ်စားလှယ် ဦးကျော်ဇေယျက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်(သီရိခန်းမ)တွင် ပြုလုပ်သော ဦးစောလှိုင်ကွယ်လွန်ခြင်းတစ်နှစ် ပြည့် အမှတ်တရ အခမ်းအနားပွဲသို့ တက်ရောက်စဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော် လွှတ်တော်တို့မှ တာဝန်ရှိသူများအနေဖြင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မေးမြန်းမှုအပေါ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခုက စိုးရိမ်စရာပဲ။ စပြီးဆောင်ရွက်ကတည်းက ညှိနှိုင်းမှုတွေကောင်းနေရမယ်။ တချို့က ပေါ့ပေါ့လေးတွေးတယ်။ ကျွန် တော်ကတော့ ပေါ့ပေါ့လေးလို့ မထင်ဘူး။ ဒီအကျိတ်အခဲကြီးက တော်တော် ဖြေရှင်းရမှာ။ ဒါနဲ့ ပတ်သက်ပြီး အခြား ကိုယ်စားလှယ်တွေလည်းပြောကြပါတယ်။ အမျိုးသားလုံခြုံရေးအစည်းအေဝးကြီးက ခေါ်ကိုခေါ်ရမယ်။ နိုင်ငံရဲ့ လုံခြုံရေး၊ ကာကွယ်ရေးအရ ဒီအစည်းအဝေးကြီးက ဆုံးဖြတ်ပေးရမှာ။ ဥပဒေအရ ကာလုံအစည်းအဝေးက အမြန်ဆုံး ခေါ်ရမယ်။ အဲဒါကြီး အမြန်မခေါ်ဘဲနဲ့ ဒီ NCA လက်မှတ်ထိုး တာကို ကျွန်တော်က သိပ်မကြိုက်ဘူး။ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကြီးကို အမြန်ဆုံးခေါ်ရမယ်။ ခေါ်ပြီးရခိုင်ပြည်နယ်ကိုဘာလုပ်သင့်သလဲဆိုတာကို နိုင်ငံတော်သမ္မတကြီး နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အဖြေတစ်ခုကို ရှာကိုရှာရမယ်။ ရှာဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အဲဒီအစည်းအဝေးလုပ်မှ အဖြေတွေ့မှာ။ အစည်းအဝေးမလုပ်ဘဲနေရင် ဒီကိစ္စက မျောနေဦးမှာပဲ"ဟု ဦးကျော်ဇေယျက ပြောဆိုသည်။

အေအေ လက်နက်ကိုင်အဖွဲ့အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား အမြန်ဆုံးလွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က သဘောထားထုတ်ပြန်တောင်းဆိုထားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ကုလားတန်ဘက်စုံ ပို့ဆောင်ရေးစီမံကိန်းမှ အိန္ဒိယနိုင်ငံသား ဝန်ထမ်းငါးဦး၊ စကားပြန်နှစ်ဦး၊ ရေယာဉ်မောင်းနှစ်ဦး စုစုပေါင်း၁၀ ဦးကို အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။ ထိုသို့ ဖမ်းဆီးခေါ် ဆောင်ခံရစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်အိန္ဒိယနိုင်ငံသား အပါအဝင် ကိုးဦးကို နိုဝင်ဘာ ၄ ရက် တွင် အေအေ လက်နက်ကိုင်အဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ နိုဝင်ဘာ ၁၈ ရက်အထိ ပြန်လည်လွတ် မြောက်ခြင်းမရှိသေးကြောင်းသိရသည်။

သတင်း - နောင်လေး

(Unicode Version)
ဦးဝှေ့တင်းကိစ္စ ကာလုံအစည်းအဝေးခေါ်ကာ နိုင်ငံ့ခေါင်းဆောင်များ အဖြေရှာရန်လိုအပ်

အေအေ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးကိစ္စနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကာ နိုင်ငံ့ခေါင်းဆောင်များက အဖြေရှာရန်လိုအပ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်(သီရိခန်းမ)တွင် ပြုလုပ်သော ဦးစောလှိုင်ကွယ်လွန်ခြင်းတစ်နှစ် ပြည့် အမှတ်တရ အခမ်းအနားပွဲသို့ တက်ရောက်စဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးဝှေ့တင်း ပြန်လည်လွတ်မြောက်ရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော် လွှတ်တော်တို့မှ တာဝန်ရှိသူများအနေဖြင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မေးမြန်းမှုအပေါ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခုက စိုးရိမ်စရာပဲ။ စပြီးဆောင်ရွက်ကတည်းက ညှိနှိုင်းမှုတွေကောင်းနေရမယ်။ တချို့က ပေါ့ပေါ့လေးတွေးတယ်။ ကျွန် တော်ကတော့ ပေါ့ပေါ့လေးလို့ မထင်ဘူး။ ဒီအကျိတ်အခဲကြီးက တော်တော် ဖြေရှင်းရမှာ။ ဒါနဲ့ ပတ်သက်ပြီး အခြား ကိုယ်စားလှယ်တွေလည်းပြောကြပါတယ်။ အမျိုးသားလုံခြုံရေးအစည်းအဝေးကြီးက ခေါ်ကိုခေါ်ရမယ်။ နိုင်ငံရဲ့ လုံခြုံရေး၊ ကာကွယ်ရေးအရ ဒီအစည်းအဝေးကြီးက ဆုံးဖြတ်ပေးရမှာ။ ဥပဒေအရ ကာလုံအစည်းအဝေးက အမြန်ဆုံး ခေါ်ရမယ်။ အဲဒါကြီး အမြန်မခေါ်ဘဲနဲ့ ဒီ NCA လက်မှတ်ထိုး တာကို ကျွန်တော်က သိပ်မကြိုက်ဘူး။ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကြီးကို အမြန်ဆုံးခေါ်ရမယ်။ ခေါ်ပြီးရခိုင်ပြည်နယ်ကိုဘာလုပ်သင့်သလဲဆိုတာကို နိုင်ငံတော်သမ္မတကြီး နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပျ၊ နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလ်တို့က အဖြေတစ်ခုကို ရှာကိုရှာရမယ်။ ရှာဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အဲဒီအစည်းအဝေးလုပ်မှ အဖြေတွေ့မှာ။ အစည်းအဝေးမလုပ်ဘဲနေရင် ဒီကိစ္စက မျောနေဦးမှာပဲ"ဟု ဦးကျော်ဇေယျက ပြောဆိုသည်။

အေအေ လက်နက်ကိုင်အဖွဲ့အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား အမြန်ဆုံးလွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ချင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က သဘောထားထုတ်ပြန်တောင်းဆိုထားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ကုလားတန်ဘက်စုံ ပို့ဆောင်ရေးစီမံကိန်းမှ အိန္ဒိယနိုင်ငံသား ဝန်ထမ်းငါးဦး၊ စကားပြန်နှစ်ဦး၊ ရေယာဉ်မောင်းနှစ်ဦး စုစုပေါင်း၁၀ ဦးကို အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။ ထိုသို့ ဖမ်းဆီးခေါ် ဆောင်ခံရစဉ် အိန္ဒိယနိုင်ငံသားတစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်အိန္ဒိယနိုင်ငံသား အပါအဝင် ကိုးဦးကို နိုဝင်ဘာ ၄ ရက် တွင် အေအေ လက်နက်ကိုင်အဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ နိုဝင်ဘာ ၁၈ ရက်အထိ ပြန်လည်လွတ် မြောက်ခြင်းမရှိသေးကြောင်းသိရသည်။

သတင်း - နောင်လေး

No comments:

Post a Comment

My Blog List