Friday, November 22, 2019

YMBA ရုံးသစ်ဆောက်လုပ်မည့်ကိစ္စ တပ်မတော်နှင့်လုံးဝမသက်ဆိုင်ဟု ဆို

Image may contain: one or more people, people on stage, people standing and indoorImage may contain: 6 people, people standing and outdoor

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ရုံးအဆောက်အဦအသစ်ကို အမှုဆောင်များ၏ ရံပုံငွေ၊ ကောက်ခံရရှိမည့်အလှူငွေများဖြင့်သာ ဆောက်လုပ်မည်ဖြစ်ပြီး တပ်မတော်နှင့်လုံးဝမသက်ဆိုင်ကြောင်း ယင်းအသင်း၏ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းကပြောသည်။

ရန်ကုန်မြို့၊ တပ်မတော်ဓမ္မာရုံတွင် နိုဝင်ဘာလ (၂၁)ရက်ကကျင်းပသည့် ၉၉ နှစ်မြောက် အမျိုးသားနေ့အခမ်းအနားအပြီး မီဒီယာများ၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။
“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုကမ်းလှမ်းထားတာမရှိပါဘူး။ ကျွန်တော်တို့ YMBA အသင်းရဲ့ အမှုဆောင်တွေရဲ့အလှူငွေ၊ ရံပုံငွေတွေနဲ့ဆောက်မှာပါ။ တပ်မတော်နဲ့လုံးဝမသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အလှူခံနဲ့ဆောက်မှာဖြစ်ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အမှုဆောင်များဖွဲ့စည်းပြီးတိုင်ပင်ခဲ့တာြ ဖစ်ပါတယ်။”ဟုဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၏တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းကပြောသည်။
လက်ရှိ YMBA ရုံးချုပ်သည် ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်တွင် တည်ရှိပြီး အဆောက်အဦးသစ်ဆောက်ရန် ပိုင်ဆိုင်မှုဂရမ်လျှောက်ထားဆဲဖြစ်ကြောင်းသိရသည်။
YMBA အသင်းကို ၁၉၀၆ ခုနှစ်၊ မေလ (၁၀)ရက်၌စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်ကောလိပ်ကျောင်းသားတစ်စုမှ ရန်ကုန်မြို့၊ ၂၈ လမ်းရှိဦးမောင်ကြီး၏နေအိမ်တွင်အခြေစိုက်ကာ စတင်ခဲ့ကြောင်း သိရသည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန) 
<< Unicode Version >>

No comments:

Post a Comment

My Blog List