Tuesday, November 19, 2019

ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ပျံကျဈေးသည်များကို အမှု ၁၅ မှုဖြင့် အမှုဖွင့်ထား


Image may contain: one or more people, people eating and food
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ပျံကျဈေးသည်များအပေါ် ၁၅ မှုဖြင့် အမှုဖွင့် ထားပြီး ဆက်လက်အမှုဖွင့်သွားရန်ရှိသေးကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဒုခေါင်းဆောင် ဦးစိုးလှိုင်ထံမှ သိရှိရသည်။

"နိုဝင်ဘာ ၄ ရက်က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က သူတို့ကို အမှု ၁၅ မှုဖွင့်ထားတယ်။ သူတို့ ဘက်က ကျွန်တော်တို့ ဘက်ကို အမှုပြန်ဖွင့်ထားတာတွေလဲရှိတယ်လို့ သိရတယ်။ နိုဝင်ဘာ ၈ ရက်က ရိုးရိုးလေးဟိုတယ်အဆင်းလမ်းနားမှာ ထပ်ဖြစ်တဲ့ ကိစ္စအတွက်လဲ အမှုထပ်ဖွင့်ဖို့ရှိပါသေးတယ်။ အဲဒါကိုလဲ ဘယ်သူမှန်တယ် မှားတယ်ဆိုတာ အွန်လိုင်းမှာလဲတွေ့ရမှာပါ။ ၈ ရက်နေ့ကဆို ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေတောင် ပါသေးတယ်။ ဒါကို သူတို့ပြောထားတဲ့ ကိစ္စတွေရှိသေးတယ်။ ဥပဒေအတိုင်းသွားမှာပါ။ ၁၅ မှုဆိုတာက ၄ ရက်နေ့ဖြစ်စဉ်အတွက်ပဲ ရှိပါသေးတယ်။ အခုလဲ ရောင်းနေတုန်းပဲ ဈေးသည်တွေ ပိုတောင်များ လာသေးတယ်။ ကျွန်တော်တို့က ပြည်နယ်ကို တင်ပြထားပြီးသားပါ။ ခုဟာက ဈေးသည်နဲ့ ဂေါပကအဖွဲ့ ဖြစ်တယ်ဆိုတာထက် ဈေးသည်တွေနောက်မှာ သွေးထိုးလှုံဆော်နေတဲ့အဖွဲ့တွေ့က ဘုရားပေါ်မှာ နိုင်ငံရေးကစားဖို့ လုပ်ဆောင်နေတာဖြစ်တယ်။ ဈေးသည်နဲ့ ဂေါပကအဖွဲ့တွေက ခုမှ ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းကဖြစ်နေတာ ဒီလိုပဲ ပြီးသွားတာပဲ။ ခုဟာက ပြည်နယ်အဆင့် တာဝန်ရှိသူတွေပါတာတောင် ပုဒ်မတွေရွတ်ပြပြီး ပြန်စိန်ခေါ်ကတည်းကိုက သာမန်ပြဿနာ မဟုတ်ဘူးဆိုတာ သိနိုင်မှာပါ။''ဟု ဦးစိုးလှိုင်က ပြောသည်။
ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည့်အတွက် ဧည့်သည်များသည့် အချိန်တွင် လမ်းပိတ်ဆို့ပြီး မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် စည်းကမ်း သတ်မှတ်ကာ စနစ်တကျလုပ်ဆောင်နေသည့်အတွက် ပြဿနာဖြစ်ပွာအောင် ဖန်တီးနေသော ပျံကျ ဈေးသည်များ၏ နောက်ကွယ်က အဖွဲ့ကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
ကျိုက်ထီးရိုးရင်ပြင်တော်အတက်လမ်း ခြသေ့ၤနှစ်ကောင်မုဒ်ဦးဝမှ မောင်းတိန်းတော့ပ်ဟိုတယ်အထိ လမ်းတစ်လျှာက် ပျံကျဈေးသည်များ ဈေးမရောင်းရန် နိုဝင်ဘာ ၄ ရက်က စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ စည်းကမ်းထိန်းအဖွဲ့များအပြင်၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့မှ လိုက်လံအသိပေးတားမြစ်ရာမှ ပဋိပက္ခ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပျံကျဈေးသည်များနှင့် စည်းကမ်းထိန်းအဖွဲ့များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်တွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့၊ ဂေါပကအဖွဲ့၊ စည်းကမ်းထိန်းအဖွဲ့များမှ ရိုးရိုးလေးဟိုတယ်အနီး ဈေးရောင်းချနေသူများအား ဈေးမရောင်းရန်တားမြစ်စဉ် ထပ်မံ၍ ပဋိပက္ခဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
"ကျွန်တော်တို့ဆီမှာ ဂေါပကဘက်က ဖွင့်ထားတာ ၆ မှုပဲရှိတယ်။ ဈေးသည်တွေဘက်က ၇ မှုဖွင့်ထားတယ်။ ဒါတောင် သူတို့က တရားရုံးမှာ အမှုမဖွင့်ဘဲ ပြန်လာတာရှိသေးတယ်။ နောက်ထပ်လဲ ဈေးသည်တွေဘက်က ထပ်ဖွင့်မယ်ဆိုတာလဲရှိသေးတယ်။ ခုလောလောဆယ် သူတို့အမှုတွေကို စစ်နေတယ်။''ဟု ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှ ရဲအုပ် ဇော်ဇင်ဦးက ပြောသည်။
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့အနေ့ဖြင့် ပျံကျဈေးသည်များကြောင့် လမ်းပိတ်ဆို့ပြီး မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ပျံကျဈေးသည်များကို မုဆိုးတောင်အနီးတွင် ဈေးရောင်းရန် နေရာသတ်မှတ် ပေးထားပြီး သတ်မှတ်နေရာတွင် ရောင်းချသူများရှိသလို စည်းကမ်းမလိုက်နာဘဲ ဈေးမရောင်းရ နေရာများတွင် ရောင်းချနေသည့် ဈေးသည်များလည်းရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ဘုရားဖူးစည်ကားသည့် ရာသီတွင် ဘုရားဖူးများသည်က တစ်ကြောင်း၊ ပျံကျဈေးသည်များ၏ လမ်းပိတ်ဆို့ ရောင်းချမှုကြောင့် အချိန် ၅ နာရီကျော်ကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးခရီးသည် အများအပြား ပိတ်မိကာ မူးဝေမှုများဖြစ်ပွားခဲ့သေးကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ပျံကျဈေးသည်များနှင့် စေတီတော် တာဝန်ရှိသူများနှင့် ဖြစ်ပွားသော ပဋိပက္ခတွင် စေတီတော်ဂေါပကအဖွဲ့မှ ပျံကျဈေးသည် ၁၅ ဦးအား အမှု ၁၅ မှု ဖွင့်ထားပြီး ပျံကျဈေးသည်များဘက်မှလည်း စေတီတော် စည်းကမ်း ထိန်းအဖွဲ့မှ သူများအား ပြန်လည် အမှုဖွင့်ထားကြောင်း သိရသည်။
အောင်မြင့်ထွန်း (မြစ်မခ) 
Zawgyi
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ပျံကျစျေးသည်များကို အမှု ၁၅ မှုဖြင့် အမှုဖွင့်ထား

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ပျံကျစျေးသည်များအပေါ် ၁၅ မှုဖြင့် အမှုဖွင့်ထားပြီး ဆက်လက်အမှုဖွင့်သွားရန်ရှိသေးကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဒုခေါင်းဆောင် ဦးစိုးလှိုင်ထံမှ သိရှိရသည်။
"နိုဝင်ဘာ ၄ ရက်က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က သူတို့ကို အမှု ၁၅ မှုဖွင့်ထားတယ်။ သူတို့ ဘက်က ကျွန်တော်တို့ ဘက်ကို အမှုပြန်ဖွင့်ထားတာတွေလဲရှိတယ်လို့ သိရတယ်။ နိုဝင်ဘာ ၈ ရက်က ရိုးရိုးလေးဟိုတယ်အဆင်းလမ်းနားမှာ ထပ်ဖြစ်တဲ့ ကိစ္စအတွက်လဲ အမှုထပ်ဖွင့်ဖို့ရှိပါသေးတယ်။ အဲဒါကိုလဲ ဘယ်သူမှန်တယ် မှားတယ်ဆိုတာ အွန်လိုင်းမှာလဲတွေ့ရမှာပါ။ ၈ ရက်နေ့ကဆို ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေတောင် ပါသေးတယ်။ ဒါကို သူတို့ပြောထားတဲ့ ကိစ္စတွေရှိသေးတယ်။ ဥပဒေအတိုင်းသွားမှာပါ။ ၁၅ မှုဆိုတာက ၄ ရက်နေ့ဖြစ်စဉ်အတွက်ပဲ ရှိပါသေးတယ်။ အခုလဲ ရောင်းနေတုန်းပဲ စျေးသည်တွေ ပိုတောင်များ လာသေးတယ်။ ကျွန်တော်တို့က ပြည်နယ်ကို တင်ပြထားပြီးသားပါ။ ခုဟာက စျေးသည်နဲ့ ဂေါပကအဖွဲ့ ဖြစ်တယ်ဆိုတာထက် စျေးသည်တွေနောက်မှာ သွေးထိုးလှုံဆော်နေတဲ့အဖွဲ့တွေ့က ဘုရားပေါ်မှာ နိုင်ငံရေးကစားဖို့ လုပ်ဆောင်နေတာဖြစ်တယ်။ စျေးသည်နဲ့ ဂေါပကအဖွဲ့တွေက ခုမှ ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းကဖြစ်နေတာ ဒီလိုပဲ ပြီးသွားတာပဲ။ ခုဟာက ပြည်နယ်အဆင့် တာဝန်ရှိသူတွေပါတာတောင် ပုဒ်မတွေရွတ်ပြပြီး ပြန်စိန်ခေါ်ကတည်းကိုက သာမန်ပြဿနာ မဟုတ်ဘူးဆိုတာ သိနိုင်မှာပါ။''ဟု ဦးစိုးလှိုင်က ပြောသည်။
ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်သည့် ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည့်အတွက် ဧည့်သည်များသည့် အချိန်တွင် လမ်းပိတ်ဆို့ပြီး မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် စည်းကမ်း သတ်မှတ်ကာ စနစ်တကျလုပ်ဆောင်နေသည့်အတွက် ပြဿနာဖြစ်ပွာအောင် ဖန်တီးနေသော ပျံကျ စျေးသည်များ၏ နောက်ကွယ်က အဖွဲ့ကို စုံစမ်းဖော်ထုတ်ကာ ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
ကျိုက်ထီးရိုးရင်ပြင်တော်အတက်လမ်း ခြသေ့င်္နှစ်ကောင်မုဒ်ဦးဝမှ မောင်းတိန်းတော့ပ်ဟိုတယ်အထိ လမ်းတစ်လျှာက် ပျံကျစျေးသည်များ စျေးမရောင်းရန် နိုဝင်ဘာ ၄ ရက်က စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့၊ စည်းကမ်းထိန်းအဖွဲ့များအပြင်၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့မှ လိုက်လံအသိပေးတားမြစ်ရာမှ ပဋိပက္ခ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပျံကျစျေးသည်များနှင့် စည်းကမ်းထိန်းအဖွဲ့များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက်တွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့၊ ဂေါပကအဖွဲ့၊ စည်းကမ်းထိန်းအဖွဲ့များမှ ရိုးရိုးလေးဟိုတယ်အနီး စျေးရောင်းချနေသူများအား စျေးမရောင်းရန်တားမြစ်စဉ် ထပ်မံ၍ ပဋိပက္ခဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
"ကျွန်တော်တို့ဆီမှာ ဂေါပကဘက်က ဖွင့်ထားတာ ၆ မှုပဲရှိတယ်။ စျေးသည်တွေဘက်က ၇ မှုဖွင့်ထားတယ်။ ဒါတောင် သူတို့က တရားရုံးမှာ အမှုမဖွင့်ဘဲ ပြန်လာတာရှိသေးတယ်။ နောက်ထပ်လဲ စျေးသည်တွေဘက်က ထပ်ဖွင့်မယ်ဆိုတာလဲရှိသေးတယ်။ ခုလောလောဆယ် သူတို့အမှုတွေကို စစ်နေတယ်။''ဟု ကင်မွန်းချောင်း နယ်မြေ ရဲစခန်းမှ ရဲအုပ် ဇော်ဇင်ဦးက ပြောသည်။
ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့အနေ့ဖြင့် ပျံကျစျေးသည်များကြောင့် လမ်းပိတ်ဆို့ပြီး မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ပျံကျစျေးသည်များကို မုဆိုးတောင်အနီးတွင် စျေးရောင်းရန် နေရာသတ်မှတ် ပေးထားပြီး သတ်မှတ်နေရာတွင် ရောင်းချသူများရှိသလို စည်းကမ်းမလိုက်နာဘဲ စျေးမရောင်းရ နေရာများတွင် ရောင်းချနေသည့် စျေးသည်များလည်းရှိကြောင်း သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ဘုရားဖူးစည်ကားသည့် ရာသီတွင် ဘုရားဖူးများသည်က တစ်ကြောင်း၊ ပျံကျစျေးသည်များ၏ လမ်းပိတ်ဆို့ ရောင်းချမှုကြောင့် အချိန် ၅ နာရီကျော်ကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးခရီးသည် အများအပြား ပိတ်မိကာ မူးဝေမှုများဖြစ်ပွားခဲ့သေးကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ပျံကျစျေးသည်များနှင့် စေတီတော် တာဝန်ရှိသူများနှင့် ဖြစ်ပွားသော ပဋိပက္ခတွင် စေတီတော်ဂေါပကအဖွဲ့မှ ပျံကျစျေးသည် ၁၅ ဦးအား အမှု ၁၅ မှု ဖွင့်ထားပြီး ပျံကျစျေးသည်များဘက်မှလည်း စေတီတော် စည်းကမ်း ထိန်းအဖွဲ့မှ သူများအား ပြန်လည် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List