Monday, November 18, 2019

အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော

ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးလုပ်ကိုင်ရာ လွယ်ကူချောမွေ့မှုအရှိဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံက အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်း၌ ပါဝင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက သာကေတမြို့နယ်ရှိ Fortune Plaza တွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း (MYEA) မှ ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019 အခမ်းအနား တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ပြည့်နှစ် အတွက် စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှုအရှိဆုံး နိုင်ငံစာရင်းမှာ မြန်မာ နိုင်ငံက အတိုးတက်ဆုံး နိုင်ငံ ၂၀ စာရင်းမှာ ပါဝင်ခဲ့သလို အထူးသဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု စတင် လုပ်ကိုင်ဖို့ လွယ်ကူစေတဲ့ အဆင့်မှာ ကျွန်မတို့ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ ခုနှစ်က အဆင့် ၁၆၀ ရှိခဲ့ရာကနေ လက်ရှိမှာအဆင့် ၇၀ အထိ သိသိသာသာ မြင့်တက်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒနှင့် သာမက ကုလသမဂ္ဂက ချမှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ကိုက်ညီကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပါရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Develop ment Plan - MSDP) ကိုလည်း ရေးဆွဲချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမျိုးသားစီမံကိန်းကို အစိုးရ၊ ပုဂ္ဂလိကသာမက နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီ ပေးနေသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Image may contain: 10 people, people smiling, people sitting and food 
Image may contain: one or more people 

ရဲကျော်ထက် ( အကုန်သိ သတင်းဌာန ) 
<<<< Unicode Version >>>

No comments:

Post a Comment

My Blog List