Tuesday, November 19, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီအရေးတွင်ပြဿနာပိုမိုကြီးထွားစေရေးလုပ်နေပါက ပိုမိုခက်ခဲလာမည်ဟု ကာချုပ် ပြော


 No photo description available.Image may contain: 2 people, crowd and outdoor
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီအရေးကိစ္စတွင် ပြဿနာပိုမိုကြီးထွားစေရေးလုပ်နေပါက ပိုမိုခက်ခဲ လာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်သည်။

နေပြည်တော်တွင် နိုဝင်ဘာလ ၁၃ ရက်က The Yomiurishimbun သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဘင်္ဂါလီတွေပြန်လက်ခံရေးမှာ နိုင်ငံသားပေးခြင်း၊ မပေးခြင်းက ပြဿနာရဲ့တစ်ခုထဲတင်မဟုတ်ပါဘူး။ ဒါကလွယ်လွယ်ကူကူပါပဲ။ ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ ကျွန်တော်တို့အစိုးရအနေနဲ့လည်းဒီဘင်္ဂါလီတွေ ကိုပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းစဉ်တွေစမယ်ဆိုတာပြောတယ်။ မနှစ်ကတည်းကပြောခဲ့တာပါ။ ဒါပေမဲ့ လွယ်လွယ်ကူကူနဲ့လုပ်ရမယ့်ကိစ္စဟာလွယ်လွယ်ကူကူနဲ့ဖြစ်မလာဘူး။ ပြီးမလာဘူး။ဘာတွေဖြစ်လာလဲဆိုတော့ အဓိကတော့နိုင်ငံတကာဖိအားတွေပါလာတာလည်းရှိတာပေါ့။ နောက်တစ်ခုကလူဦးရေသိပ်သည်းမှုပြဿနာတွေလည်းရှိတယ်။ ရာသီဥတုပြဿနာတွေလည်းရှိတယ်။ နေရာထိုင်ခင်းပြဿနာတွေလည်းရှိတယ်။ စားရေးသောက်ရေးပြဿနာတွေလည်းရှိတယ်။ ဒီပြဿနာတွေအပေါ် မူတည်ပြီးတော့မှ ဘင်္ဂါလီတွေပြန်လက်ခံရေး ကိစ္စဟာပိုပြီးတော့ရှုပ်ထွေးလာတာလို့ ကျွန်တော်ပြောချင်တယ်။ ဒါကြောင့်နံပါတ်တစ်အချက်ပြောချင်တာကတော့ နှစ်နိုင်ငံအစိုးရသဘောတူထားတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေအားလုံးကိုမြန်မြန်အကောင်အထည်ဖော်ခြင်းကတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ဘက်ကလုပ်နိုင်တာတွေ အကုန်လုပ်ပေးနေတယ်။ ကျွန်တော်တို့အစိုးရလုပ်တာကျွန်တော်သိတာပေါ့။ အဓိကတော့ သက်ဆိုင်ရာ နိုင်ငံဘက်ကလည်း မြန်မြန်စောလျင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း အပြုသဘောဆောင်တဲ့ ကြိုးစားဆောင်ရွက်မှုတွေဖြစ်စေချင်တယ်။ဒီလိုမဟုတ်ဘဲနဲ့ပြဿနာကြီးထွားအောင်လုပ်နေတယ်ဆိုရင်တော့ ပိုပြိးခက်ခဲလာမှာဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းရခိုင်ပြည်နယ်တွင် အာဆာအကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ပိုင်းတွင်ဘင်္ဂလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်များအရဘင်္ဂါလီများ ပြန်လည်လက်ခံရေးကိုဆောင်ရွက်ခဲ့သော်လည်း ဘင်္ဂါလီများအစုလိုက်ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)  
<< Unicode Version >>
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီအရေးတွင်ပြဿနာပိုမိုကြီးထွားစေရေးလုပ်နေပါက ပိုမိုခက်ခဲလာမည်ဟု ကာချုပ် ပြော


ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီအရေးကိစ္စတွင် ပြဿနာပိုမိုကြီးထွားစေရေးလုပ်နေပါက ပိုမိုခက်ခဲလာ မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်သည်။
နေပြည်တော်တွင် နိုဝင်ဘာလ ၁၃ ရက်က The Yomiurishimbun သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဘင်္ဂါလီတွေပြန်လက်ခံရေးမှာ နိုင်ငံသားပေးခြင်း၊ မပေးခြင်းက ပြဿနာရဲ့တစ်ခုထဲတင်မဟုတ်ပါဘူး။ ဒါကလွယ်လွယ်ကူကူပါပဲ။ ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ ကျွန်တော်တို့အစိုးရအနေနဲ့လည်းဒီဘင်္ဂါလီတွေ ကိုပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းစဉ်တွေစမယ်ဆိုတာပြောတယ်။ မနှစ်ကတည်းကပြောခဲ့တာပါ။ ဒါပေမဲ့ လွယ်လွယ်ကူကူနဲ့လုပ်ရမယ့်ကိစ္စဟာလွယ်လွယ်ကူကူနဲ့ဖြစ်မလာဘူး။ ပြီးမလာဘူး။ဘာတွေဖြစ်လာလဲဆိုတော့ အဓိကတော့နိုင်ငံတကာဖိအားတွေပါလာတာလည်းရှိတာပေါ့။ နောက်တစ်ခုကလူဦးရေသိပ်သည်းမှုပြဿနာတွေလည်းရှိတယ်။ ရာသီဥတုပြဿနာတွေလည်းရှိတယ်။ နေရာထိုင်ခင်းပြဿနာတွေလည်းရှိတယ်။ စားရေးသောက်ရေးပြဿနာတွေလည်းရှိတယ်။ ဒီပြဿနာတွေအပေါ် မူတည်ပြီးတော့မှ ဘင်္ဂါလီတွေပြန်လက်ခံရေး ကိစ္စဟာပိုပြီးတော့ရှုပ်ထွေးလာတာလို့ ကျွန်တော်ပြောချင်တယ်။ ဒါကြောင့်နံပါတ်တစ်အချက်ပြောချင်တာကတော့ နှစ်နိုင်ငံအစိုးရသဘောတူထားတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေအားလုံးကိုမြန်မြန်အကောင်အထည်ဖော်ခြင်းကတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ဘက်ကလုပ်နိုင်တာတွေ အကုန်လုပ်ပေးနေတယ်။ ကျွန်တော်တို့အစိုးရလုပ်တာကျွန်တော်သိတာပေါ့။ အဓိကတော့ သက်ဆိုင်ရာ နိုင်ငံဘက်ကလည်း မြန်မြန်စောလျင်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက်လည်း အပြုသဘောဆောင်တဲ့ ကြိုးစားဆောင်ရွက်မှုတွေဖြစ်စေချင်တယ်။ဒီလိုမဟုတ်ဘဲနဲ့ပြဿနာကြီးထွားအောင်လုပ်နေတယ်ဆိုရင်တော့ ပိုပြိးခက်ခဲလာမှာဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းရခိုင်ပြည်နယ်တွင် အာဆာအကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ပိုင်းတွင်ဘင်္ဂလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်များအရဘင်္ဂါလီများ ပြန်လည်လက်ခံရေးကိုဆောင်ရွက်ခဲ့သော်လည်း ဘင်္ဂါလီများအစုလိုက်ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။


No comments:

Post a Comment

My Blog List