Tuesday, November 19, 2019

မြေဝယ်ယူရေးအတွက် ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို လာမည့်အပတ်ထဲတွင် စိစစ်မည်


Image may contain: 5 people, people sitting, table and indoor

တိုင်းအစိုးရရောင်းမည့် မြေကွက်များအတွက် လျှောက်လွှာများ ရောင်းချခဲ့ရာ မြေဝယ်ယူ ရေးအတွက် ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို လာမည့်အပတ်ထဲတွင် စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။

ယခုလ ၁၈ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ မြေစီမံခန့်ခွဲခွင့် ကော်မတီကနေ လောလောဆယ်တော့ ကျွန်တော်တို့ အမျိုးအစား ခွဲခြားနေတုန်းဘဲ ရှိပါသေးတယ်။ လူနေအိမ်ရာ အတွက်က ဘယ်နှစ်ဦးလျှောက်သလဲ၊ စီးပွားရေးလုပ်ငန်းအတွက် ဘယ်နှစ်ဦး လျှောက်သလဲ၊ စက်မှုလက်မှုအတွက် ဘယ်နှစ်ဦးလျှောက်သလဲ ခွဲခြားနေတုန်းပါ၊ ပြီးတော့မှ အဲ့ဒီလျှောက်ထားတဲ့ အမျိုးအစား အလိုက် ဘယ်သူ့ကိုရောင်းမှာလဲ၊ ကျွန်တော်တို့အဖွဲ့ မထိုင်ရသေးပါဘူး။ လာမယ့်အပတ်ထဲမှာ စိစစ်ပါမယ်။ အဲ့ဒါက စီစဉ်ဆောင်ရွက်နေဆဲဘဲ ရှိပါသေးတယ်"ဟု ၎င်းကပြောသည်။
အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ ၁ လကြာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
၁ လအတွင်း ရောင်းချခဲ့ရာ နောက်ဆုံးရက်အထိ လျှောက်လွှာဝယ်ယူသည့် အစောင်ရေ စုစုပေါင်း ၁၅၆၂၀ စောင်ရှိပြီး ပြန်တင်ပြလာသည့် လျှောက်လွှာပေါင်းမှာ ၁၂၁၅၈ စောင် ရှိသည်ဟုဆိုသည်။
" လျှောက်လွှာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရောင်းချပေးခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ လျှောက်လွှာအရောင်း ပိတ်ပါတယ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ညနေအထိ လျှောက်လွှာ ဝယ်ယူသွားတဲ့ အစောင်ရေက စုစုပေါင်း ၁၅၆၂၀ ဝယ်ယူသွားပါတယ်၊ ဝယ်ယူပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာဘဲ နောက်ဆုံးထား ပြန်တင်လာတဲ့ လျှောက်လွှာပေါင်းက ၁၂၁၅၈ စောင် ရှိပါတယ်၊ ၃၀၀၀ ကျော်ကျော် လောက်ကတော့ လျှောက်လွှာ ပြန်မတင်ပါဘူး"ဟု ဦးသန်းကပြောသည်။
ထိုသို့ တင်ပြမှုကို လက်ခံထားသည့် ၁၂၁၅၈ စောင် ကို အမျိုးအစားခွဲခြား၍ လာမည့်အပတ်အတွင်း စစ်ဆေးကာ မကြာမီကာလအတွင်း ထုတ်ပြန်သွားမည်ဟုဆိုသည်။
လျှောက်လွှာများကို စိစစ်ရာတွင်လည်း လျှောက်လွှာပုံစံထဲတွင် အဆိုပြုဈေးနှုန်းများပါပြီး ဝယ်ယူသည် စီးပွားရေးလုပ်ခြင်း ၊ အိမ်ဆောက်ခြင်း ၊ စက်မှုလက်မှုလုပ်ငန်း မည်သည့်အမျိုးအစားကို လုပ်ဆောင်မလဲ ဟူသောအချက်နှင့် စီးပွားရေးလုပ်ငန်းအတွက် အိမ်ရာစီမံကိန်း လုပ်မယ်ဆိုပါကလည်း ၎င်း၏ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေပမာဏ အတိုင်းအတာ နှင့် လုပ်ငန်း၏ အစီအစဉ် များကို သေချာစိစစ်ပြီးမှသာ ဦးစားပေးအလိုက် ရောင်းချပေးမည်ဟုဆိုသည်။
ထိုကဲ့သို့ စိစစ်ပြီးမှသာ ရောင်းချသင့်သော လျှောက်ထားသူများကို မြေယာစီမံခန့်ခွဲမှု ကော်မတီက စိစစ်၍ အစိုးရရုံးကို တင်ပြရမည် ဖြစ်ပြီး အစိုးရရုံး အတည်ပြုချက်ဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော မြေများကို ရောင်းချနိုင်ရေး အတွက် မြေစီမံခန့်ခွဲခွင့် ကော်မတီကို ဖွဲ့စည်း၍ လျှောက်လွှာများကို တစ်စောင်လျှင် ၁သောင်း ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် အဆင့်သုံးဆင့်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာ များကို ရောင်းချပေးခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအစိုးရက ပထမအဆင့် ရောင်းချမည့် မြေကွက် ၅၀၀ ကျော်အတွက် လျှောက်လွှာ ရောင်းချငွေအချို့ကို မြေယာလျော်ကြေးတွင် ထည့်သွင်း သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။
(Zawgyi)
မြေဝယ်ယူရေးအတွက် ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို လာမည့်အပတ်ထဲတွင် စိစစ်မည်
နိုဝင္ဘာ ၁၉
ဝေဝေဖြိုး

တိုင်းအစိုးရရောင်းမည့် မြေကွက်များအတွက် လျှောက်လွှာများ ရောင်းချခဲ့ရာ မြေဝယ်ယူ ရေးအတွက် ပြန်လည်တင်ပြလာသည့် လျှောက်လွှာများကို လာမည့်အပတ်ထဲတွင် စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။
ယခုလ ၁၈ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ မြေစီမံခန့်ခွဲခွင့် ကော်မတီကနေ လောလောဆယ်တော့ ကျွန်တော်တို့ အမျိုးအစား ခွဲခြားနေတုန်းဘဲ ရှိပါသေးတယ်။ လူနေအိမ်ရာ အတွက်က ဘယ်နှစ်ဦးလျှောက်သလဲ၊ စီးပွားရေးလုပ်ငန်းအတွက် ဘယ်နှစ်ဦး လျှောက်သလဲ၊ စက်မှုလက်မှုအတွက် ဘယ်နှစ်ဦးလျှောက်သလဲ ခွဲခြားနေတုန်းပါ၊ ပြီးတော့မှ အဲ့ဒီလျှောက်ထားတဲ့ အမျိုးအစား အလိုက် ဘယ်သူ့ကိုရောင်းမှာလဲ၊ ကျွန်တော်တို့အဖွဲ့ မထိုင်ရသေးပါဘူး။ လာမယ့်အပတ်ထဲမှာ စိစစ်ပါမယ်။ အဲ့ဒါက စီစဉ်ဆောင်ရွက်နေဆဲဘဲ ရှိပါသေးတယ်"ဟု ၎င်းကပြောသည်။
အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ ၁ လကြာ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
၁ လအတွင်း ရောင်းချခဲ့ရာ နောက်ဆုံးရက်အထိ လျှောက်လွှာဝယ်ယူသည့် အစောင်ရေ စုစုပေါင်း ၁၅၆၂၀ စောင်ရှိပြီး ပြန်တင်ပြလာသည့် လျှောက်လွှာပေါင်းမှာ ၁၂၁၅၈ စောင် ရှိသည်ဟုဆိုသည်။
" လျှောက်လွှာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရောင်းချပေးခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ လျှောက်လွှာအရောင်း ပိတ်ပါတယ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ညနေအထိ လျှောက်လွှာ ဝယ်ယူသွားတဲ့ အစောင်ရေက စုစုပေါင်း ၁၅၆၂၀ ဝယ်ယူသွားပါတယ်၊ ဝယ်ယူပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာဘဲ နောက်ဆုံးထား ပြန်တင်လာတဲ့ လျှောက်လွှာပေါင်းက ၁၂၁၅၈ စောင် ရှိပါတယ်၊ ၃၀၀၀ ကျော်ကျော် လောက်ကတော့ လျှောက်လွှာ ပြန်မတင်ပါဘူး"ဟု ဦးသန်းကပြောသည်။
ထိုသို့ တင်ပြမှုကို လက်ခံထားသည့် ၁၂၁၅၈ စောင် ကို အမျိုးအစားခွဲခြား၍ လာမည့်အပတ်အတွင်း စစ်ဆေးကာ မကြာမီကာလအတွင်း ထုတ်ပြန်သွားမည်ဟုဆိုသည်။
လျှောက်လွှာများကို စိစစ်ရာတွင်လည်း လျှောက်လွှာပုံစံထဲတွင် အဆိုပြုစျေးနှုန်းများပါပြီး ဝယ်ယူသည် စီးပွားရေးလုပ်ခြင်း ၊ အိမ်ဆောက်ခြင်း ၊ စက်မှုလက်မှုလုပ်ငန်း မည်သည့်အမျိုးအစားကို လုပ်ဆောင်မလဲ ဟူသောအချက်နှင့် စီးပွားရေးလုပ်ငန်းအတွက် အိမ်ရာစီမံကိန်း လုပ်မယ်ဆိုပါကလည်း ၎င်း၏ ရင်းနှီးမြှုပ်နှံနိုင်သည့် ငွေပမာဏ အတိုင်းအတာ နှင့် လုပ်ငန်း၏ အစီအစဉ် များကို သေချာစိစစ်ပြီးမှသာ ဦးစားပေးအလိုက် ရောင်းချပေးမည်ဟုဆိုသည်။
ထိုကဲ့သို့ စိစစ်ပြီးမှသာ ရောင်းချသင့်သော လျှောက်ထားသူများကို မြေယာစီမံခန့်ခွဲမှု ကော်မတီက စိစစ်၍ အစိုးရရုံးကို တင်ပြရမည် ဖြစ်ပြီး အစိုးရရုံး အတည်ပြုချက်ဖြင့် ပြန်လည်ရောင်းချသွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲခွင့်ရှိသော မြေများကို ရောင်းချနိုင်ရေး အတွက် မြေစီမံခန့်ခွဲခွင့် ကော်မတီကို ဖွဲ့စည်း၍ လျှောက်လွှာများကို တစ်စောင်လျှင် ၁သောင်း ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် အဆင့်သုံးဆင့်ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာ များကို ရောင်းချပေးခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအစိုးရက ပထမအဆင့် ရောင်းချမည့် မြေကွက် ၅၀၀ ကျော်အတွက် လျှောက်လွှာ ရောင်းချငွေအချို့ကို မြေယာလျော်ကြေးတွင် ထည့်သွင်း သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။

No comments:

Post a Comment

My Blog List