Friday, November 22, 2019

လူမျိုးသုဉ်းပြုသည်ဟု မြန်မာအပေါ်နိုင်ငံတကာ၏ ဖိအားပေးနေခြင်းကို ရပ်ဆိုင်းရန် အင်ဒိုနီးရှားတောင်းဆို


ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) သောင်းသိန်းချီ၍ မောင်းနှင်ထုတ်ခြင်းအားဖြင့် လူမျိုးသုဉ်းပြုသည်ဟု နိုင်ငံတကာက လတ်တစ်လော ဖိအားပေးနေကြခြင်းများကို ရပ်တန့်၍ ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံအား ဝိုင်းဝန်း လက်ညှိုးထိုးနေမည့်အစား ဆွေးနွေးပြောဆိုခြင်းများမှတဆင့် ယုံကြည်မှုတည်ဆောက်ကြရန် အင်ဒိုနီးရှား နိုင်ငံက တောင်းဆိုလိုက်သည်ဟု Jakata Post က နိုဝင်ဘာ ၁၈ ရက်က ရေးသားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ နှစ်လွန် ကာလများ၌ ရခိုင်ပြည်နယ်အတွင်း စစ်ရေး ဖြိုခွင်းမှုများမှာ ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်သည်ဟု ကမ္ဘာ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စွပ်စွဲခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ရက်စက်ကြမ်းကြုတ်မှုများအတွက် လူပေါင်း ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။
ထိုအတွက် အာဖရိကနိုင်ငံငယ်လေးဖြစ်သော ဂမ်ဘီယာက အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား နိုင်ငံတကာတရားခုံရုံး ICJ တွင် မြန်မာနိုင်ငံအား ဒုက္ခသည်အကြပ်အတည်းဖြစ်ပွားစေရန် တာဝန်ရှိ သူအဖြစ် အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။
ဒုက္ခသည်ဘင်္ဂါလီများနှင့် အခြားသောမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဥရောပ သမဂ္ဂကိုယ်စား ဖင်လန်နိုင်ငံနှင့် OIC ကိုယ်စား ယူအေအီးနိုင်ငံတို့၏ အင်္ဂါနေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ အဆိုပြုချက်တင်သွင်းသည်။ ၎င်းအဆိုပြုချက်ကို အတည်ပြုကြောင်း ညီလာခံက အဆုံးအဖြတ်ပေးခဲ့သည်။
ထိုသို့ဆုံးဖြတ်ခြင်းမှာ မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား စုံစမ်းစစ်ဆေး၍ တရားစွဲဆိုရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ခွင့်ပြုပေးပြီးနောက် ဖြစ်သည်။ မြန်မာက ICC က ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ကြောင်း တွေ့ရှိရသည်။
OIC အဖွဲ့ဝင်ဖြစ်သော အင်ဒိုနီးရှားကမူ မြန်မာကိုယ်တိုင် လိုလားသည့်အနေအထားဖြင့် ယုံကြည်မှု တည်ဆောက် သည့် လမ်းကြောင်းဖြင့် ချဉ်းကပ်မည်ဖြစ်ကြောင်း၊ OIC အအုပ်အသင်းဝင်အဖြစ် ICJ မှတစ်ဆင့် လက်ညှိုးထိုး ဖိအားပေးနေပုံမျိုးမှာ အလုပ်မဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဖွံ့ဖြိုးဆဲနိုင်ငံများရေးရာ ညွှန်ကြား ရေးမှူးက ပြောဆိုသည်။
OIC အဖွဲ့ဝင် ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံးတိုင်းပြည်ဖြစ်သည့် အင်ဒိုနီးရှားက ICJ ရောက် အရှေ့တောင် အာရှ အိမ်နီးချင်း မြန်မာအပေါ်တွင် ဆုပေးဒဏ်ပေးပေါ်လစီမျိုး ချမှတ်ရန် ငြင်းဆိုလိုက်သည်။
ပဋိပက္ခရှုတ်ထွေးမှုအနေအထားအရ ဒုက္ခသည်ဘင်္ဂါလီတို့ အတိဒုက္ခခံစားရသည့် လူသားချင်းစာနာမှုအကြပ် အတည်းကျယ်ပြန့်ပုံအဖြစ်သာ ချဉ်းကပ်မည်ဖြစ်သည်။
မြန်မာကို ဆက်လက်ထောက်ခံရန် ကွဲပြားလင့်ကစား နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခံရခြင်းကြောင့် တွန့်ဆုတ် လျှက်ရှိသည့် ဒုက္ခသည်များနေရပ်ပြန်ရေးတွင် အင်ဒိုနီးရှားအနေဖြင့် ဒေသတွင်းနှင့် နှစ်နိုင်ငံအကျိုးတူအပြန်အလှန် ပူးပေါင်းခြင်းဖြင့် အောင်မြင်သည်အထိ ဆက်လက်ကူညီနေမည် ဖြစ်သည်။
အင်ဒိုနီးရှားဒုတိယသမ္မတနှင့် တွေ့ဆုံခဲ့သော မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်အေးကမူ နေရပ်ပြန်ရေးလုပ်ငန်းစဉ်၌ လုံခြုံရေးပေးအပ်ရန် မြန်မာဘက်က သန္နိဋ္ဌာန်ချဖော်ဆောင်နေသော်လည်း တစ်ဖက်က လှေနံ ဓါးထစ် အဆိုးမြင် နေပါက ကြန့်ကြာသွားနိုင်၍ အစိုးရအတွက်လည်း အခက်အခဲကြံုရလိမ့်မည်ဖြစ်ကြောင်း၊ နေရပ်ပြန်ရေးမှာ နှစ်ဦးနှစ်ဖက် နားလည်မှုအပေါ် မူတည်လျှက်ရှိကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီတို့အား နိုင်ငံသားအဖြစ် မဖြစ်မနေ ပေးအပ်ရမည်ဟု တောင်းဆိုခြင်းက မြန်မာအစိုးရတွင် လိုက်လျှောရန် အခက်အခဲများစွာကြံုတွေ့ရဆဲဖြစ်ကြောင်း ဒေါ်အိအိခင်အေးက သတင်းထောက်များအား ပြောဆိုသည်။
Htay Oung (အကုန်သိ သတင်းဌာန) 
<< Unicode Version >>
လူမျိုးသုဉ်းပြုသည်ဟု မြန်မာအပေါ်နိုင်ငံတကာ၏ ဖိအားပေးနေခြင်းကို ရပ်ဆိုင်းရန် အင်ဒိုနီးရှားတောင်းဆို

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) သောင်းသိန်းချီ၍ မောင်းနှင်ထုတ်ခြင်းအားဖြင့် လူမျိုးသုဉ်းပြုသည်ဟု နိုင်ငံတကာက လတ်တစ်လော ဖိအားပေးနေကြခြင်းများကို ရပ်တန့်၍ ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံအား ဝိုင်းဝန်း လက်ညှိုးထိုးနေမည့်အစား ဆွေးနွေးပြောဆိုခြင်းများမှတဆင့် ယုံကြည်မှုတည်ဆောက်ကြရန် အင်ဒိုနီးရှား နိုင်ငံက တောင်းဆိုလိုက်သည်ဟု Jakata Post က နိုဝင်ဘာ ၁၈ ရက်က ရေးသားသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ နှစ်လွန် ကာလများ၌ ရခိုင်ပြည်နယ်အတွင်း စစ်ရေး ဖြိုခွင်းမှုများမှာ ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်သည်ဟု ကမ္ဘာ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စွပ်စွဲခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ရက်စက်ကြမ်းကြုတ်မှုများအတွက် လူပေါင်း ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။
ထိုအတွက် အာဖရိကနိုင်ငံငယ်လေးဖြစ်သော ဂမ်ဘီယာက အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား နိုင်ငံတကာတရားခုံရုံး ICJ တွင် မြန်မာနိုင်ငံအား ဒုက္ခသည်အကြပ်အတည်းဖြစ်ပွားစေရန် တာဝန်ရှိ သူအဖြစ် အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။
ဒုက္ခသည်ဘင်္ဂါလီများနှင့် အခြားသောမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဥရောပ သမဂ္ဂကိုယ်စား ဖင်လန်နိုင်ငံနှင့် OIC ကိုယ်စား ယူအေအီးနိုင်ငံတို့၏ အင်္ဂါနေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ အဆိုပြုချက်တင်သွင်းသည်။ ၎င်းအဆိုပြုချက်ကို အတည်ပြုကြောင်း ညီလာခံက အဆုံးအဖြတ်ပေးခဲ့သည်။
ထိုသို့ဆုံးဖြတ်ခြင်းမှာ မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား စုံစမ်းစစ်ဆေး၍ တရားစွဲဆိုရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ခွင့်ပြုပေးပြီးနောက် ဖြစ်သည်။ မြန်မာက ICC က ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ကြောင်း တွေ့ရှိရသည်။
OIC အဖွဲ့ဝင်ဖြစ်သော အင်ဒိုနီးရှားကမူ မြန်မာကိုယ်တိုင် လိုလားသည့်အနေအထားဖြင့် ယုံကြည်မှု တည်ဆောက် သည့် လမ်းကြောင်းဖြင့် ချဉ်းကပ်မည်ဖြစ်ကြောင်း၊ OIC အအုပ်အသင်းဝင်အဖြစ် ICJ မှတစ်ဆင့် လက်ညှိုးထိုး ဖိအားပေးနေပုံမျိုးမှာ အလုပ်မဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဖွံ့ဖြိုးဆဲနိုင်ငံများရေးရာ ညွှန်ကြား ရေးမှူးက ပြောဆိုသည်။
OIC အဖွဲ့ဝင် ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံးတိုင်းပြည်ဖြစ်သည့် အင်ဒိုနီးရှားက ICJ ရောက် အရှေ့တောင် အာရှ အိမ်နီးချင်း မြန်မာအပေါ်တွင် ဆုပေးဒဏ်ပေးပေါ်လစီမျိုး ချမှတ်ရန် ငြင်းဆိုလိုက်သည်။
ပဋိပက္ခရှုတ်ထွေးမှုအနေအထားအရ ဒုက္ခသည်ဘင်္ဂါလီတို့ အတိဒုက္ခခံစားရသည့် လူသားချင်းစာနာမှုအကြပ် အတည်းကျယ်ပြန့်ပုံအဖြစ်သာ ချဉ်းကပ်မည်ဖြစ်သည်။
မြန်မာကို ဆက်လက်ထောက်ခံရန် ကွဲပြားလင့်ကစား နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခံရခြင်းကြောင့် တွန့်ဆုတ် လျှက်ရှိသည့် ဒုက္ခသည်များနေရပ်ပြန်ရေးတွင် အင်ဒိုနီးရှားအနေဖြင့် ဒေသတွင်းနှင့် နှစ်နိုင်ငံအကျိုးတူအပြန်အလှန် ပူးပေါင်းခြင်းဖြင့် အောင်မြင်သည်အထိ ဆက်လက်ကူညီနေမည် ဖြစ်သည်။
အင်ဒိုနီးရှားဒုတိယသမ္မတနှင့် တွေ့ဆုံခဲ့သော မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်အေးကမူ နေရပ်ပြန်ရေးလုပ်ငန်းစဉ်၌ လုံခြုံရေးပေးအပ်ရန် မြန်မာဘက်က သန္နိဋ္ဌာန်ချဖော်ဆောင်နေသော်လည်း တစ်ဖက်က လှေနံ ဓါးထစ် အဆိုးမြင် နေပါက ကြန့်ကြာသွားနိုင်၍ အစိုးရအတွက်လည်း အခက်အခဲကြုံရလိမ့်မည်ဖြစ်ကြောင်း၊ နေရပ်ပြန်ရေးမှာ နှစ်ဦးနှစ်ဖက် နားလည်မှုအပေါ် မူတည်လျှက်ရှိကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီတို့အား နိုင်ငံသားအဖြစ် မဖြစ်မနေ ပေးအပ်ရမည်ဟု တောင်းဆိုခြင်းက မြန်မာအစိုးရတွင် လိုက်လျှောရန် အခက်အခဲများစွာကြုံတွေ့ရဆဲဖြစ်ကြောင်း ဒေါ်အိအိခင်အေးက သတင်းထောက်များအား ပြောဆိုသည်။

No comments:

Post a Comment

My Blog List