Monday, November 18, 2019

လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ TNLA အကြမ်းဖက်သောင်းကျန်းသူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ထား


Image may contain: 1 person, sitting

လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၉)အတွင်းရှိ လူနေအိမ်များအတွင်းသို့ ယနေ့နံနက် ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှော့ခ်တိုက် ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၉)အတွင်းရှိ လူနေအိမ်များအတွင်းသို့ TNLA အကြမ်း ဖက်သောင်းကျန်းသူများက လားရှိုးမြို့၏ အနောက်မြောက်ဘက် မီတာ ၂ဝဝဝ ခန့် အကွာအဝေးရှိ ပညာရေးကောလိပ်အနီး ဗြုန်းတောင်နေရာမှ (၁ဝ၇) မမရှော့ခ်တိုက် ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခြင်းကြောင့် ရပ် ကွက်(၉) အတွင်းရှိ နယ်မြေ(၁)၊ ခေးနင်း လမ်းသွယ်(၅)ရှိ နေအိမ်နှင့် ခေးနင်းလမ်း သွယ်(၈)၊ ရိုးမရတနာ အစာစက်ရုံအနီး၌ လည်းကောင်း၊ နယ်မြေ(၃)၊ အောင်သပြေ လမ်းသွယ်(၁)ရှိ ဂေါ်ရခါးစိုက်ခင်း အတွင်းနှင့် ခေးနင်းလမ်းသွယ်(၄)ရှိ နေအိမ်၌ လည်းကောင်း၊ လေယာဉ်ကွင်းအနီး၌ လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ခြံစည်းရိုးများနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်းနှင့် အစာစက်ရုံမှ ဝန်ထမ်း အမျိုးသမီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သောင်းကျန်းသူများ ပစ်ခတ်သည့်နေရာသို့ တပ်မတော်စစ်ကြောင်းများ ကသွားရောက်စစ်ဆေးခဲ့ရာ မပစ် ခတ်ရသေးသည့် (၁ဝ၇)မမ ရှော့ခ်တိုက်ဒုံးသီး နှစ်လုံးနှင့် ပစ်ခတ်ခဲ့သည့် ဗုံးသီး အခွံ နောက်ပိတ် ခြောက်ခု၊ ဘက်ထရီ ၁၂ ဗို့ အသေးတစ်လုံးနှင့် ဝါယာကြိုး ပေ ၅ဝ တို့အား သိမ်းဆည်းရမိခဲ့သည်။ TNLA အကြမ်းဖက် သောင်းကျန်းသူ များ အနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိ သော လမ်းတံတား များအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည်သူများအား အဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ မော်တော်ယာဉ်များအား ပစ်ခတ်ဖျက်ဆီး မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် မြို့နေပြည်သူများ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လာရောက်နှောင့်ယှက် ပစ်ခတ်လျက်ရှိကြောင်းနှင့်ဒေသ တည် ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News
လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များ အတွင်းသို့ TNLA အကြမ်းဖက် သောင်းကျန်း သူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ် ခဲ့သဖြင့် ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထား
--- --- ---

လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များ အတွင်းသို့ TNLA အကြမ်းဖက် သောင်းကျန်း သူများက ရှော့ခ်တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ် ခဲ့သဖြင့် ဒေသခံပြည်သူ တစ်ဦး ဒဏ်ရာရရှိဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၉)အတွင်းရှိ လူနေအိမ်များအတွင်းသို့ ယနေ့နံနက် ၁ဝ နာရီ ၂၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရှော့ခ်တိုက် ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၉)အတွင်းရှိ လူနေအိမ်များအတွင်းသို့ TNLA အကြမ်း ဖက်သောင်းကျန်းသူများက လားရှိုးမြို့၏ အနောက်မြောက်ဘက် မီတာ ၂ဝဝဝ ခန့် အကွာအဝေးရှိ ပညာရေးကောလိပ်အနီး ဗြုန်းတောင်နေရာမှ (၁ဝရ) မမရှော့ခ်တိုက် ဒုံးများဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခြင်းကြောင့် ရပ် ကွက်(၉) အတွင်းရှိ နယ်မြေ(၁)၊ ခေးနင်း လမ်းသွယ်(၅)ရှိ နေအိမ်နှင့် ခေးနင်းလမ်း သွယ်(၈)၊ ရိုးမရတနာ အစာစက်ရုံအနီး၌ လည်းကောင်း၊ နယ်မြေ(၃)၊ အောင်သပြေ လမ်းသွယ်(၁)ရှိ ဂေါ်ရခါးစိုက်ခင်း အတွင်းနှင့် ခေးနင်းလမ်းသွယ်(၄)ရှိ နေအိမ်၌ လည်းကောင်း၊ လေယာဉ်ကွင်းအနီး၌ လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ခြံစည်းရိုးများနှင့် မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်းနှင့် အစာစက်ရုံမှ ဝန်ထမ်း အမျိုးသမီး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သောင်းကျန်းသူများ ပစ်ခတ်သည့်နေရာသို့ တပ်မတော်စစ်ကြောင်းများ ကသွားရောက်စစ်ဆေးခဲ့ရာ မပစ် ခတ်ရသေးသည့် (၁ဝရ)မမ ရှော့ခ်တိုက်ဒုံးသီး နှစ်လုံးနှင့် ပစ်ခတ်ခဲ့သည့် ဗုံးသီး အခွံ နောက်ပိတ် ခြောက်ခု၊ ဘက်ထရီ ၁၂ ဗို့ အသေးတစ်လုံးနှင့် ဝါယာကြိုး ပေ ၅ဝ တို့အား သိမ်းဆည်းရမိခဲ့သည်။ TNLA အကြမ်းဖက် သောင်းကျန်းသူ များ အနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိ သော လမ်းတံတား များအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည်သူများအား အဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ မော်တော်ယာဉ်များအား ပစ်ခတ်ဖျက်ဆီး မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် မြို့နေပြည်သူများ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လာရောက်နှောင့်ယှက် ပစ်ခတ်လျက်ရှိကြောင်းနှင့်ဒေသ တည် ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List