Friday, November 22, 2019

ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် နှစ်ပေါင်း၇၀အတွင်း မြန်မာ ပထမဦးဆုံးရွေးချယ်ခံရ အဖွဲ့ဝင်နိုင်ငံ ၁၈၀အနက် ၁၄၂နိုင်ငံက မြန်မာကိုထောက်ခံမဲပေးခဲ့ကြ ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် နှစ်ပေါင်း၇၀အတွင်း မြန်မာ ပထမဦးဆုံးရွေးချယ်ခံရ အဖွဲ့ဝင်နိုင်ငံ ၁၈၀အနက် ၁၄၂နိုင်ငံက မြန်မာကိုထောက်ခံမဲပေးခဲ့ကြ


No photo description available.

ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် မြန်မာနိုင်ငံရွေးချယ်ခဲခဲ့ရကြောင်းသိရသည်။

နှစ်ပေါင်း၇၀အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီးအဖွဲ့ဝင်နိုင်ငံ ၁၈၀အနက် ၁၄၂နိုင်ငံက မြန်မာကို ထောက်ခံမဲပေးခဲ့ကြသည်ဟု သိရသည်။
လက်ရှိကျင်းပလျှက်ရှိသည့် ယူနက်စကိုအထွေထွေညီလာခံက နိုဝင်ဘာ ၂၀ရက်နေ့ တွင် ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်ကာ မြန်မာက အာရှပစဖိတ်အုပ်စုမှနေ၍ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သည် ကုလသမဂ္ဂ၏ အထူး အေဂျင်စီတစ်ခုဖြစ်ပြီး ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တည်ထောင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သည်။
ယူနက်စကို၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့မှာ အထွေထွေညီလာခံ ဖြစ်ပြီး အထွေထွေညီလာခံတွင် အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ရသည်။ အထွေထွေညီလာခံ၏ အောက်တွင် အမှုဆောင်အဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့တို့ ရှိသည်။ ယူနက်စကိုတွင် အသင်းဝင်နိုင်ငံပေါင်း ၁၉၅ နိုင်ငံ ရှိပြီး တွဲဖက်အသင်းဝင် ခုနှစ် နိုင်ငံရှိသည်။ အဖွဲ့သည် ပဲရစ်တွင် အခြေထိုင်ပြီး နယ်မြေရုံးပေါင်း ၅၀ ကျော်နှင့် အထူးလေ့လာသော တက္ကသိုလ်များနှင့် စင်တာများ ကမ္ဘာအနှံ့အပြားရှိသည်။ နယ်မြေရုံး အများစုသည် “စုပေါင်း” ရုံးများ ဖြစ်ပြီး နိုင်ငံ သုံးနိုင်ငံ သို့မဟုတ် ထို့ထက်များသော နိုင်ငံများပါဝင်သည်၊ နိုင်ငံဆိုင်ရာရုံးများနှင့် ဒေသဆိုင်ရာရုံးများလည်း ရှိသည်။ ယူနက်စကိုသည် ၎င်း၏ ရည်မှန်းချက်ကို အဓိက အစီအစဉ် ငါးခုဖြင့် လုပ်ဆောင်သည်- ပညာရေး၊ သဘာဝသိပ္ပံ၊ လူမှုရေးနှင့် လူသားသိပ္ပံ၊ နှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် တို့ဖြစ်သည်။ ယူနက်စကိုမှ ကမကထပြုသော စီမံကိန်းများတွင် စာတတ်မြောက်ရေး၊ နည်းပညာရပ်နှင့် ဆရာအတတ်သင် အစီအစဉ်များ၊ အပြည်ပြည်ဆိုင်ရာ သိပ္ပံအစီအစဉ်များ၊ လွတ်လပ်သော လူထုဆက်သွယ်ရေး လမ်းကြောင်းများနှင့် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို မြှင့်တင်ရေး၊ ဒေသဆိုင်ရာနှင့် ယဉ်ကျေးမှု သမိုင်း စီမံကိန်းများ၊ ယဉ်ကျေးမှု အမျိုးမျိုး မြှင့်တင်ရေး၊ ကမ္ဘာ့ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် (ကမ္ဘာ့ အမွေအနှစ် နေရာများ)ကို စောင့်ရှောက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး သဘောတူညီချက်များနှင့် လူ့အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် ကမ္ဘာအနှံ့တွင် ဒီဂျစ်တယ်ပိုင်းခြားမှုကို ပေါင်းကူးဆက်သွယ်ရန် ကြိုးစားဆောင်ရွက်ရေးတို့ ပါဝင်သည်ဟု သိရသည်။
No photo description available. 
Myanmar Harp

No comments:

Post a Comment

My Blog List