Monday, November 23, 2015

ရှမ်းပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် မုံရွာဒေသခံများ အွန်လိုင်းတွင် အလှူခံ






ရှမ်းပြည်နယ် စစ်ဘေး ရှောင် ပြည်သူများအား ကူညီ ထောက်ပံ့ရန် မုံရွာဒေသခံပြည်သူများက နိုဝင်ဘာ ၂၂ ရက်တွင် အလှူခံလှုပ်ရှားမှု တစ်ရပ်ကို လူမှုကွန်ရက် စာမျက်နှာ၌ စတင်ခဲ့သည်။

ရှမ်းပြည်နယ်စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ ရန် အင်တာနက် လူမှုစာမျက်နှာမှ တစ်ဆင့် မုံရွာမြို့ဒေသခံလူငယ်များထံ ဆက်သွယ်လှူဒါန်း နိုင်မည့် ဖုန်းနံပါတ်များ ကြေညာ၍ နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်စစ်ဘေးသင့်ပြည် သူများအတွက် ဆက်သွယ်လှူဒါန်းလိုပါက ၀၉ - ၂၁၃၀၆၄၁၊ ၀၉-၄၀၀၅၀၆၀၃၉၊ ၀၉-၂၁၃၀၂၀၈၊ ၀၉-၇၃၁၇၁၆၃၈၊ ၀၉-၃၃၂၀၅၀၂၇၊ ၀၉-၉၇၆၀၈၀၅၅၉၊ ၀၉-၇၉၁၂၀၀၇၂၄၊ ၀၉-၄၄၂၀၇၄၇၆၀၊ ၀၉-၇၉၁၀၁၉၃၆၉၊ ၀၉-၂၁၃၂၁၆၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

‘‘လမ်းမပေါ်တက်ပြီး အလှူ မခံတော့ဘူး။ မြို့ပေါ်ရပ်ကွက်အ လိုက် အလှူခံပေးမယ့်သူတွေရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လှူ ဒါန်းနိုင်ပါတယ်။ အလှူခံရရှိတဲ့ ငွေကို စစ်ဘေးရှောင်ပြည်သူတွေ ကို ကူညီနေတဲ့ အဖွဲ့တွေနဲ့ ချိတ် ဆက်ပြီး လှူဒါန်းပေးမှာ ဖြစ်ပါ တယ်’’ဟု စစ်ဘေးရှောင်ပြည်သူ များကူညီရေး ဦးဆောင်နှိုးဆော် ခဲ့သူ မုံရွာဒေသခံ ကိုအောင်နေမျိုးက ပြောသည်။

မုံရွာမြို့ မေတ္တာမွန်လူမှုကူ ညီရေးအသင်းနှင့် KM ဖုန်းပြုပြင် ရေးမိသားစုတို့ ပူးပေါင်း၍ ရှမ်း ပြည်နယ်စစ်ဘေးရှောင်ပြည်သူ များအား ကူညီထောက်ပံ့ရန် မုံရွာမြို့ ကျောက္ကာလမ်းနှင့် ပေ ၈၀ လမ်း ထောင့်တွင်လည်း နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းမှစ၍ အလှူခံစခန်းကို ဖွင့်လှစ်ခဲ့သည်။

မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများက လည်း ရှမ်းပြည်နယ် စစ်ဘေး ရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် မုံရွာမြို့ပေါ်တွင် အလှူခံမှုများ ပြုလုပ်နေသည်။

7Day News Journal

No comments:

Post a Comment

My Blog List