Tuesday, November 24, 2015

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ယုံကြည်မှုရှိနေသည့် ဒီချုပ်


နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူ့ရဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(ပါတီ) ရလဒ်ပြတ်သားစွာ အနိုင်ရခဲ့ပြီးတဲ့နောက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ အသစ်တက်လာမယ့် သမ္မတနေရာအတွက် ပြင်ဆင်နေပါပြီ။ နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်ထားခြင်း၊ ပြည်ပနိုင်ငံ တစ်ခုရဲ့ နိုင်ငံသား ခံယူထားတဲ့ သား နှစ်ဦးရှိနေခြင်းစတဲ့ အချက်တွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ပိုင်ခွင့်ကနေ တားဆီး ထားတဲ့တိုင် ဒီချုပ်ကတော့ ဇန်နဝါရီလကုန်၊ လွှတ်တော် အစည်းအ ဝေး ခေါ်ယူချိန်မှာ သူ့ကို သမ္မတ နေရာအတွက် အမည်စာရင်း တင်သွင်းဖို့ ပြင်ဆင်နေပါပြီ။
တစ်ချိန်တည်းမှာပဲ ဒီချုပ်ဥက္ကဋ္ဌ အနေနဲ့ လက်ရှိ နိုင်ငံ့ခေါင်း ဆောင်တွေဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ စီစဉ်နေပါတယ်။ ဒီတွေ့ဆုံမှုဟာ အာဏာလွှဲ ပြောင်းယူရေး၊ အမျိုးသားရင် ကြားစေ့ရေး ကဏ္ဍတွေအတွက် ဆွေးနွေးညှိနှိုင်းဖို့လည်း ဖြစ်ပါ တယ်။

အခြေခံ ဥပဒေမှာ ပါရှိတဲ့ပုဒ်မ ၅၉(စ)က သမ္မတဖြစ်ခွင့် မရအောင် တားဆီးထားပေမယ့် ဒီချုပ်ကတော့ သူ့ရဲ့ သမ္မတဖြစ်နိုင်ရေး လမ်းကြောင်းကို ဖော် ဆောင်နိုင်ဖို့ အားထုတ်နေဆဲပါ။ ပါတီရဲ့ နာယကလည်းဖြစ်၊ အဓိက ခေါင်းဆောင် တစ်ဦးလည်းဖြစ်တဲ့ ဦးတင်ဦးက Bangkok Postသတင်းစာနဲ့ တွေ့ဆုံရာမှာ ‘‘ဒီအခြေအနေ (ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ရေး)ကို ဖြစ်မြောက်လာအောင် ကျွန်တော်တို့ နည်းလမ်းရှာဖို့ လိုပါတယ်’’လို့ ပြောဆိုခဲ့ပါတယ်။ ပါတီရဲ့ အတွင်းလူတွေကတော့ ဒေါ်အောင် ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်နိုင်စေမယ့် လမ်းပြ မြေပုံ တစ်ရပ်ကို အချိန်တိုအတွင်း ရေးဆွဲနိုင်ရေးကို Plan Zero ဆိုပြီးရည်ညွှန်းထားပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်ကြေညာပြီးဖြစ်သည့်တိုင် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အနေနဲ့ နောက်ဆက်

တွဲ အရေးဆိုမှု၊ ကန့်ကွက်မှုတွေကိုတော့ ဆက်လက် ဖြေရှင်းပေးဖို့ ရှိနေဆဲပါ။ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီချုပ် ပါတီကတော့ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ တာ ပေါ်လွင်နေပါတယ်။ လွှတ်တော်တွင်း ကိုယ်စားလှယ် နေရာတွေရဲ့ ၂၅ ရာခိုင်နှုန်းကို ကာ ကွယ်ရေး ဦးစီးချုပ်က ရွေးချယ်တဲ့ တပ်မတော်သားတွေက ထိန်းချုပ်ထားပေမယ့်လည်း ယှဉ်ပြိုင်ခွင့်ရ တဲ့ နေရာတွေ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ဒီချုပ်က သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ‘‘အခုဆိုရင် ဒီချုပ်ရဲ့ အောင် နိုင်မှုဟာ မဲအားလုံးရဲ့ ၇၅ ရာခိုင် နှုန်းအထက်ကို ကျော်လွန်သွား တယ်ဆိုတာ ထင်ရှားသွားပါပြီ။ အဓိပ္ပာယ်အားဖြင့် အနာဂတ်ကို သူတို့ ပုံသွင်းခွင့် ရသွားပြီဆိုတာပါပဲ’’လို့ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းရဲ့ အကြီးအကဲ ဦးမြတ် သူက ဆိုပါတယ်။

စည်းမျဉ်းတွေအရ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်လောင်း တွေက ဒုတိယ သမ္မတတစ်ဦးစီ၊ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်း တစ်ဦး အသီးသီး အဆိုတင်သွင်း မှာ ဖြစ်ပါတယ်။ အဲဒီသုံးဦးထဲကမှ လွှတ်တော်နှစ်ရပ်ရဲ့ အဆုံးအ ဖြတ်နဲ့ သမ္မတသစ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က လက်ရှိအခြေအနေမှာ ဒီချုပ်အနေနဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က အဆိုတင်သွင်း မယ့် ဒုတိသမ္မတလောင်း နှစ်ဦးစာ နေရာတွေကို ပိုင်ပိုင်နိုင်နိုင် ရရှိထားပြီ ဆိုတာပါပဲ။ အဲဒီနှစ်ယောက်ထဲကမှ ပါတီက ပိုအလေးပေး ရွေးချယ်လိုက်သူဟာ သေချာပေါက် နောက်တက်မယ့် သမ္မတ ဖြစ်လာပါလိမ့်မယ်။

‘‘ပြည်သူတွေရဲ့ ဆန္ဒက အရမ်းကို ရှင်းလင်းပါတယ်။ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်ကို) သမ္မတဖြစ်စေချင်ကြတယ်လေ။ သူကလည်း သမ္မတ ဖြစ်ထိုက်ပါတယ်။ ဒါဟာ မှန်ကန်သင့်တော်တဲ့ အခြေအနေမျိုးပါ’’လို့ ဦးတင်ဦးက မှတ်ချက်ပေးပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ အဲဒီကိစ္စ ဖြစ်မြောက်ရေးကို အခြေခံ ဥပဒေကတားဆီးထားဆဲပါ။ အဲဒီအနေအ ထားကို ကျော်လွှားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ သူ့ကို တားဆီး ပိတ်ပင်ထားတဲ့ သတ်မှတ်ချက်၊ ပုဒ်မတွေကို ယာယီအားဖြင့် ဆိုင်းငံ့၊ ဒါမှမဟုတ် ရုပ်သိမ်းထားဖို့ပဲ ဖြစ်တယ်လို့ ပါတီရဲ့ အများလေးစားခံရတဲ့ ခေါင်းဆောင်ကြီးက ဆိုပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ဗိုလ်ချုပ်နေဝင်းကို အိမ်စောင့် အစိုးရခန့်အပ်ဖို့ ဦးနုရဲ့ အစိုးရကအဲဒီနည်းလမ်းကို သုံးစွဲဖူးကြောင်း လည်း ဦးတင်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ အဲဒီတုန်းက ၁၉၄၈အခြေခံဥပဒေကို ကျင့်သုံးနေတာဖြစ်ပြီး လက်ရှိ ဥပဒေနဲ့ ကွဲလွဲနေ တာကို ထောက်ပြကြပါတယ်။

သမ္မတရုံးက သတင်းရင်းမြစ်တွေကလည်း အဲဒီပြဋ္ဌာန်းချက်ဟာ ဒီကိစ္စမှာ ဘယ်လိုဘယ်ပုံ လျှော့ပေါ့ သတ်မှတ်လို့ရမလဲ ဆိုတာကို တွေးတောစဉ်းစားနေ တယ်လို့ ဆိုလာပါတယ်။ ဒီကိစ္စကို တပ်မတော်က လက်ခံပေးဖို့ တော့ လိုလိမ့်မယ်လို့ မြန်မာ့ အရေးအကဲခတ်တွေနဲ့ လေ့လာသူတွေက သုံးသပ်ထားကြပါ တယ်။

‘‘တပ်မတော်နဲ့ အစိုးရ အရာရှိတွေမှာ အခြေခံ ဥပဒေကို ကာကွယ်ဖို့၊ ထိန်းသိမ်းထားနိုင်စွမ်း အားလုံး ရှိနေတယ်’’လို့ ဦးမြတ် သူက မှတ်ချက်ပြုခဲ့တယ်။ သိပ်မကြာခင်တုန်းကတော့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ခြေတစ်လှမ်းတိုးမှုအဖြစ် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသက်နဲ့လဲ ကာကွယ်သွား မယ်လို့ ပြောခဲ့ပါတယ်။

တစ်နည်းတစ်ဖုံအားဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်း အ ခြေအနေတွေကို သူက ငြင်းဆို ပယ်ချလိုက်တဲ့ သဘောမျိုးပါပဲ။ ဒါပေမဲ့ The Ladyက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ လက်ရှိ နိုင်ငံ့ခေါင်းဆောင် တွေနဲ့ တွေ့ဆုံညှိနှိုင်းချိန်မှာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ မယ်ဆိုရင် ဒီပြဋ္ဌာန်းချက်ကို ယာယီအခိုက်အတန့်အားဖြင့် ပယ် ဖျက်ထား၊ ရွှေ့ဆိုင်းထားဖို့ လမ်းပွင့်လာပါလိမ့်မယ်။

‘‘ပုဒ်မ ၅၉(စ)ကတော့ အိန္ဒိယ၊ ဒါမှမဟုတ် တရုတ် အပါအဝင် နိုင်ငံခြားသားတွေ အနာဂတ်မှာ သမ္မတဖြစ်မလာနိုင် အောင် တားဆီးဖို့ ဆက်ရှိနေမှာပါ ပဲ။ ဒါဆိုတပ်မတော်ကတော့ ဒါကို လက်ခံကောင်း လက်ခံပေး လာနိုင်ပါတယ်’’လို့ သမ္မတရုံးရဲ့ အတွင်းလူတစ်ဦးက မှတ်ချက် ပေးပါတယ်။ အဲဒီပုဂ္ဂိုလ်က သူ့အမည်ကို ဖော်ပြဖို့တော့ ငြင်းဆို တယ်။

ဒီချုပ်က ဖွဲ့စည်းပုံ ဥပဒေကိုပြောင်းလဲနိုင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေးရည်မှန်းချက် တစ်ခုဖြစ်မယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တော့ ဦးတင်ဦးလိုမျိုး ပါတီခေါင်းဆောင်တွေက လွှတ်တော်အ တွင်းမှာ ဖွဲ့စည်းပုံဥပဒေပြောင်းလဲရေးအဆို တင်သွင်းဖို့အတွက် အချိန်နဲ့ အသေးစိတ် ဆွေးနွေးမှုတွေ လိုအပ်မယ်လို့ သုံးသပ်လာကြပါတယ်။ ဒါဟာ တစ်နှစ်၊ ၂ နှစ် လောက်ထိ ကြာမြင့်နိုင်ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွအပြီးမှ ဖြစ်နိုင် ပါတယ်။

သေချာပေါက် အရေးတကြီးလိုအပ်တာကတော့ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ လက်ရှိ အစိုးရရဲ့ ထိပ်သီးပုဂ္ဂိုလ် သုံးယောက်နဲ့ တစ်စားပွဲတည်း အတူထိုင်ဆွေးနွေးပြီး အာဏာလွှဲပြောင်းရေး လမ်းကြောင်းကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

‘‘ဒါဟာ အာဏာမျှဝေရေး အဆိုပြုတဲ့ သဘောမျိုးပါ’’လို့ ဦးမြတ်သူက ဆိုပါတယ်။ တပ်မတော်ဟာ အစိုးရတွင်းမှာ အထိုက် အလျောက် ဩဇာရှိနေဦးမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အစိုးရသစ်မှာ ဒုတိယ သမ္မတတစ်ဦးနဲ့ ဝန်ကြီးသုံးဦးကို ရွေးချယ်တင်မြှောက်နိုင်ပါမယ်။ နယ်စပ်ရေး ရာ၊ ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေကို တပ်မတော်က ခန့် အပ်မှာ ဖြစ်ပါတယ်။

‘‘ဘယ်လို ရှေ့ဆက်ကြမလဲ ဆိုတာကို သူတို့တွေ ဆွေးနွေးဖို့ လိုတယ်။ မဟုတ်ရင် မတည်ငြိမ်မှု တွေ၊ မရေရာမှုတွေ ပေါ်လာမယ်။ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ အရှုပ်အထွေးတွေတောင် ဖြစ်လာနိုင် တယ်’’လို့ ဦးမြတ်သူက ပြောပါ တယ်။

ဘာပဲဖြစ်ဖြစ် ဒီချုပ်ကတော့ အဓိက မောင်းနှင်သူ နေရာက ရှိပါလိမ့်မယ်။ သူတို့က လွှတ်တော်ကို အခိုင်အမာ ထိန်းချုပ်ခွင့် ရရှိထားပြီ ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်က သမ္မတနေရာ အတွက် အဆိုပြုခွင့်ဟာ ထင်ရှား သေချာနေပါပြီ။ သမ္မတသစ်ကို ရွေးချယ်တင်မြှောက်တဲ့ လုပ်ငန်း စဉ်မှာ ပြည်ထောင်စုလွှတ်တော် အနေနဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌတွေ၊ဒုတိယ ဥက္ကဋ္ဌတွေကို ရွေးချယ်ရ မှာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ် လေး ယောက်က စောင့်ကြည့်ရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး သမ္မတ လောင်းအမည်တင်သွင်းမှုတွေနဲ့ လွှတ်တော်တွင်း မဲပေးရွေးချယ် မှုတွေကို ကိုင်တွယ်သွားမှာပါ။ ဒီအခြေအနေမှာလည်း အဲဒီ ပုဂ္ဂိုလ်လေးဦးစလုံးဟာ ဒီချုပ်အမတ် တွေ၊ ဒါမှမဟုတ် ဒီချုပ်ကို ထောက်ခံအားပေးသူတွေပဲ ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက် တင်မြှောက်ခံရတဲ့ ရခိုင်၊ ရှမ်းနဲ့ချင်းတိုင်းရင်းသား ကိုယ်စားလှယ် တွေထဲကလည်း ဖြစ်ကောင်း ဖြစ်ပါမယ်။

ဒီပုဂ္ဂိုလ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌနေရာအတွက် အဆို တင်သွင်းခန့်အပ်ဖို့ လုပ်ပိုင်ခွင့် ရှိထားပါပြီ။ လွှတ်တော်တွင်းမှာ ဒီချုပ်က အဓိက လွှမ်းမိုးချုပ်ကိုင်ထားတာကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ မျှော်လင့်နိုင်စွမ်း လည်း ရှိနေပြန်ပါတယ်။ ဒီတော့ သူ့ကို သမ္မတဖြစ်ခွင့်ကနေ တားမြစ်မယ့် တစ်ခုတည်းသော အရာ က ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးမှာ ကြုံလာမယ့် တရားရေးစိန် ခေါ်မှုပါပဲ။ နောက်တစ်ခုကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြားဝင်ပြီး အာဏာသိမ်း လိုက်မယ့် အခြေအနေပါ။ လက်ရှိဖွဲ့စည်းပုံ ဥပဒေပြဋ္ဌာန်းချက် အရ အဲဒါကလည်း ဖြစ်နိုင်ခြေရှိတဲ့ အရာတစ်ခုပါ။

နှစ်ခုစလုံးမှာတော့ အနှောင့်အယှက်တွေ ကြုံ လာနိုင်ပြီး မတည်ငြိမ်မှုတွေလည်း တိုးပွားလာနိုင်ပါတယ်။ ဒါဆိုရင်မြန်မာနိုင်ငံကို နိုင်ငံတကာက ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားမှာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ပြန်လှည့်သွားပါမယ်။ လူတိုင်းကတော့ ဒီအခြေအနေကို ရှောင်ရှားလိုကြပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ နိုင်ငံ့ခေါင်းဆောင် သုံးဦးတို့ကြား အဆိုပြုဆွေးနွေးရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အ တွက် ဗဟိုချက်လို ဖြစ်နေပါတယ်။ သူ့အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်သလို ဒီချုပ်က အစိုးရဖွဲ့စည်းနိုင်ရေးမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ချောချောမွေ့ မွေ့ ရှေ့ဆက်နိုင်ရေး သဘော တူညီမှု ရရှိထားပါပြီ။ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ အရင်နိုင်ငံခေါင်းဆောင် လည်းဖြစ်၊ လက်ရှိ ဖွဲ့စည်းပုံ ဥပဒေနဲ့ နိုင်ငံရေးစနစ်တစ်ခုလုံးရဲ့ ဗိသုကာလည်းဖြစ်တဲ့ ဗိုလ်ချူပ်မှူး ကြီး(ငြိမ်း) ဦးသန်းရွှေနဲ့ပါတွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ အကြံပြုခဲ့ ကြောင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူ တွေက ထုတ်ဖော်ပြောဆိုလာပါ တယ်။

အဲဒီနောက် ဒေါ်အောင်ဆန်း စုကြည်က ဦးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး ကိစ္စကို တစ်ပတ်ကျော်လောက် အချိန်ယူ ကြိုးစားခဲ့ပြီး အခုဆိုရင် တစ်ဖက်က ပြန်ကြားမှုကို လက်ခံရရှိထားပြီလို့ ယူဆရပါတယ်။ ဒါပေမဲ့ အဲဒီ သတင်းစကားမှာ ပါဝင်တဲ့ အချက် အလက်တွေနဲ့ ပတ်သက်လို့တော့ နှစ်ဖက်စလုံးက လေးလေးနက်နက် ထိန်းချုပ်နှုတ်ပိတ်ထားပါ တယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဦးသိန်း စိန်တို့နဲ့ တွေ့ဆုံရေးကို ဖိဖိစီးစီး လုပ်ဆောင်နေဆဲပါ။ ဒီပုဂ္ဂိုလ်နှစ်ယောက်ကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးချိန်ထိ တွေ့ဆုံမှုကို ဆိုင်းငံ့ထားဦး မယ်လို့ ကြိုတင်စကားခံထားဖူး ပါတယ်။

သမ္မတ ကိုယ်တိုင်ကတော့ တွေ့ဆုံမှုကို လိုလားပါတယ်။ တစ်နည်းအားဖြင့် The Ladyနဲ့ တွေ့ဆုံပြီး အာဏာလွှဲပြောင်းပေးရမယ့် ကိစ္စအပေါ် စိတ်စောနေပုံလည်း ပေါ်တယ်။ ဒါပေမဲ့ သမ္မတရဲ့ အနီးကပ် အကြံပေးပုဂ္ဂိုလ်တွေက တော့ စောင့်သင့်သေးတယ် လို့ ဖိအားပေးတိုက်တွန်းထား ကြောင်း သမ္မတရုံးရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ၄၅ ရက်ထိ နှောင့်နှေးလို့ ရသေးတဲ့ အခြေအနေကြောင့် ဒီကိစ္စက သမ္မတအတွက် သက် သောင့်သက်သာရှိနေတယ်လို့ ဒီလုပ်ငန်းစဉ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကွာလာလမ်ပူမှာ ကျင်းပတဲ့ အာရှပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံမှာ တွေ့ဆုံချိန်မှာတော့ အမေရိကန် သမ္မတ ဘားရက်အိုဘားမား က The Ladyနဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အဲဒီတွေ့ဆုံမှုဟာ သိပ်မ ကြာခင် အနာဂတ်၊ ဒါမှမဟုတ် ဒီသီတင်းပတ်ကုန်လောက်မှာ ဖြစ်မြောက်လာနိုင်ခြေ ရှိနေပါ တယ်။

‘‘ကျွန်တော်တို့ အနေနဲ့ တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုပါတယ်။ ဒီကိစ္စကို ညင်ညင်သာသာနဲ့ ပညာသားပါပါ လုပ် ဆောင်ဖို့လည်း လိုတယ်’’လို့ ဦး တင်ဦးက ဆိုပါတယ်။

‘‘ဒီအတွက် တကယ့်အရေး ကြီး ပုဂ္ဂိုလ်တွေက တစ်စားပွဲ တည်း အတူထိုင်ပြီး စကားပြောဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အဲဒါက အရမ်းအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ဆိုနိုင်ပါတယ်’’လို့ လည်း ဦးတင်ဦးက မှတ်ချက်ပေး ခဲ့ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List