Monday, November 23, 2015

Brussels မှာ လုံခြုံရေး မြင့်ထားဆဲ၊ ၁၆ ဦးကို ဖမ်းဆီး




ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ် Brussels မြို့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမျိုး ဖြစ်မှာကို စိုးရိမ်လို့ လုံခြုံရေးအဆင့် တပ်လှန့်မှုကို အမြင့်ဆုံး ချမှတ်ထားဆဲ ဖြစ်ပါတယ်။အိမ် ၁၉ လုံးကိုလည်း ရဲတွေက ဝင်စီးပြီး ၁၆ ယောက်ကို ဖမ်းဆီးထားတယ် လို့ ဆိုပါတယ်။ဘယ်လ်ဂျီယံမှာ အကြမ်းဖက်မှု လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အစိုးရအနေနဲ့ အလေးအနက်ထားပြီး ဖြစ်နိုင်ခြေရှိတဲ့အရာလို့ မြင်တဲ့အတွက် တပ်လှန့်မှု အဆင့်ကို ဆက်လက် မြင့်ထားတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Charles Michel က ပြောပါတယ်။
ဘယ်လ်ဂျီယံ ရဲတွေရဲ့ အဆိုအရ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ လှုပ်ရှားမှုတွေ တစ်ခုထက် မနည်းရှိတယ်လို့ ပြောပြီးနောက် မနေ့တုန်းကပဲ လုံခြုံရေး အဆင့် ၄ ကနေ အဆင့် ၅ ကို မြင့်လိုက်တာ ဖြစ်ပါတယ်။

လုံခြုံရေး အဆင့်ကို တိုးမြင့်ပြီးတဲ့နောက်ပိုင်း စနေနေ့တုန်းကတော့ မြို့တော် ဘရာဆဲလ် မြို့မှာ မြို့ပတ် ရထား ပြေးဆဲမှုကို ရပ်ဆိုင်းထားသလို လူများတဲ့ နေရာကို မသွားဖို့ သတိပေးထားပါတယ်။

ဒီလို လုပ်ဆောင်ချက်ကြောင့် လူအများအပြားကို အခက်အခဲ ဖြစ်စေမှာကို နားလည်ပေမယ့် ပုံမှန်အခြေအနေ ပြန်ရောက်နိုင်အောင် အတတ်နိုင်ဆုံး လုပ်ပေးမယ်လို့ ကတိပေးထားပါတယ်။

ဘရာဆဲလ်မြို့မှာ နိုင်ငံတကာ သံတမန်တွေ စုဝေးရာ နေရာ ဖြစ်ပြီး ဥရောပ သမဂ္ဂ အီးယူရုံး၊ နေတိုး မဟာမိတ်အဖွဲ့ရုံး၊ ကုလသမဂ္ဂ အပြင် တခြား အရေးကြီးတဲ့ စီးပွားရေး၊ နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံရဲ့ တခြားမြို့တွေမှာတော့ လုံခြုံရေးအဆင့် တပ်လှန့်မှု အဆင့် ၃ နေရာမှာ ဆက်လက် ထားရှိနေဆဲ ဖြစ်ပါတယ်။

ABC


No comments:

Post a Comment

My Blog List