Monday, November 23, 2015

အစိုးရအသစ်တက်ပြီး မကြာမီအချိန်အတွင်း အမေရိကန်ဆန်ရှင်များ ရုပ်သိမ်းဖွယ်ရှိ

 

မြန်မာနိုင်ငံ၏ အာဏာရပါတီ အနေဖြင့် ရွေးကောက်ပွဲ ရလဒ် ကို လေးစားပြီး ပြည်သူက ရွေးချယ်သည့်အတိုင်း အာဏာ လွှဲပြောင်းပေး ပါက မြန်မာအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေး ရန် အမေရိကန်နိုင်ငံ ရီပါဘလစ်ကန် ပါတီက ထိပ်တန်း လွှတ်တော် အမတ်နှစ်ဦးက အမေရိကန်အစိုးရကို တိုက်တွန်းလိုက်သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရ ခဲ့သည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် ထိုအဆိုပြုချက်ကို ရီပါဘလစ်ကန် လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်နှင့် ဂျွန်မက်ကိန်း တို့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၏ အဆိုပြုချက်တွင် ရွေးကောက်ပွဲသည် အများအားဖြင့် လွတ်လပ်ပြီး မျှတခဲ့သည်ဟူသော နိုင်ငံတကာ လေ့လာသမားများ၏ အစီရင်ခံချက် ကိုလည်း ကိုးကားဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် အစီအစဉ်တကျ ပြည်သူ့ထံ အာဏာ ပေးပါက အမေရိကန်နှင့် မြန်မာဆက်ဆံရေးကို ပုံမှန်ဖြစ်လာအောင် လုပ်ရန်လည်း တိုက်တွန်း အားပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ၂၀၁၂ ခုနှစ် မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှု အတော်များများကို လျှော့ပေါ့ ပေးခဲ့သော်လည်း စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်အစိုးရနှင့် ပတ်သက်သည့် ခရိုနီစီးပွားရေး သမားများနှင့် စီးပွားရေးကဏ္ဍများကို အရေးယူ ကန့်သတ်ထားဆဲ ဖြစ်သည်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် အမေရိကန် လွှတ်တော် အတွင်း မြန်မာ့အရေးနှင့် ပတ်သက်ပြီး ဦးဆောင်ပြောဆိုသူ အမတ်တစ်ဦးဖြစ်သည်။

ထိုနည်းတူစွာ မစ်ခ်ျမက်ကောနဲလ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒများကို လွှတ်တော်သို့ တင်သွင်းခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်ရာတွင် အဓိကပုဂ္ဂိုလ်ဖြစ်သည်။

လင်းလင်း
Ref - AP
The Ladies News Journal

No comments:

Post a Comment

My Blog List