Wednesday, November 25, 2015

အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမည့်ကိစ္စသည် မှန်ကန်သည့်လုပ်ရပ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

အနိုင်ရပါတီကို အာဏာလွှဲပြောင်းရမယ့် ကိစ္စဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ် တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၀ါရှင်တန်ပို့စ်သတင်းစာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။ သမ္မတကိုယ်တိုင်ကလည်း အစိုးရ အလွှဲအပြောင်းအတွက် ကတိပြုထားပြီး ဖြစ်လို့ တပ်မတော်ကလည်း ဒီအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အရပ်သားအစိုးရကို အာဏာတွေ အခုထက် တိုးပေးသွားဖို့ကိုလည်း တိုင်းရင်းသား ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တပြည်လုံး ငြိမ်းချမ်းဖို့၊ ပါတီစုံဒီမိုကရေစီစနစ် ရင့်ကျက်ခိုင်မာဖို့နဲ့ တိုင်းရင်းသားတွေနဲ့ အစိုးရကြားမှာ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ အချက် ၃ ချက် လိုအပ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List