Friday, November 27, 2015

တူရကီဘက်မှ လေကြောင်းသတိပေးမှု မလုပ်ခဲ့ဟု ရုရှားလေယာဉ်မှူး ပြော


ရုရှားဗုံးကြဲလေယာဉ် ပစ်ချခံရပြီး အသက်မသေ လွတ်မြောက်လာတဲ့ လေယာဉ်မှူးက တူရကီနိုင်ငံကပြောသလို လေကြောင်းသတိပေး တားမြစ်မှုတွေ မရှိခဲ့ဘူးလို့ နိုဝင်ဘာ ၂၅ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုပါတယ်။ လေယာဉ်မှူး ဗိုလ်ကြီး ကွန်စတန်တင် မူရက်တင်က သူပျံသန်းခဲ့တဲ့နေရာဟာ ဆီးရီးယားလေပိုင်နက်ထဲမှာဆိုတာ ကောင်းကောင်းသိပြီး တူရကီနိုင်ငံက စွပ်စွဲသလို တူရကီလေပိုင်နက်ထဲ တလက်မတောင် မ၀င်ဘူးလို့ ဆီးရီးယား နိုင်ငံ၊ ရုရှားစစ်အခြေစိုက်စခန်းမှာ ပြောဆိုတာပါ။

တူရကီနိုင်ငံကတော့ လေယာဉ်ကို မပစ်ချခင် ၅ မိနစ်အတွင်း ၁၀ ကြိမ် သတိပေးတယ်လို့ ပြောဆိုပါတယ်။
လေယာဉ်မှူး မူရက်တင်ကို ရုရှားကွန်မန်ဒို အထူးတပ်ဖွဲ့တွေက ဆီးရီးယား သူပုန်နယ်မြေထဲကနေ ၁၂ နာရီ ကယ်တင်မှုအတွင်း ပြန်လည်လွတ်မြောက် လာတယ်လို့ ဆိုပါတယ်။
ကျဆုံးခဲ့ကြတဲ့ သူ့ရဲ့ တွဲဘက်လေယာဉ်မှူးအတွက် ပြန်ပေးဆပ်ရမှာဖြစ်လို့ ဆီးရီးယားနိုင်ငံမှာ စစ်ဆင်ရေး ဆက်လုပ်မယ်လို့လည်း ပြောဆိုပါတယ်။
ကျဆုံးခဲ့တဲ့ လေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး အိုလက်ခ် ပက်ခ်ျကော့ဗ်ရဲ့ ရုပ်အလောင်းကတော့ ဘယ်လိုဆက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ကျဆုံးသွားတဲ့လေယာဉ်မှူး၊ လေယာဉ်မှူးတွေကို ကယ်တင်ရင်း ကျဆုံးသွား တဲ့ ရုရှားကွန်မန်ဒိုတပ်ဖွဲ့ဝင် အလက်ဇန်ဒါးနဲ့ လွတ်မြောက်လာတဲ့ လေယာဉ်မှူး ဗိုလ်ကြီးကွန်စတန်တင် မူရက်တင်တို့ကို ရုရှားနိုင်ငံရဲ့ အမြင့်ဆုံး သူရဲကောင်းတံဆိပ် ချီးမြှင့်မယ်လို့ သမ္မတပူတင်က ပြောဆို ပါတယ်။
ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ဆီးရီးယားသမ္မတ အာဆတ်ဘက်ကနေ ၀င်တိုက်ပေးနေတာ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment

My Blog List