Tuesday, November 24, 2015

အစိုးရသစ်လက်ထက် လူထုအသံလွှတ်တော်အသံဖြစ်ရန်လိုအပ်ဟု KNPP ပြော


၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီးနောက် ယခုတက်လာ မည့် အစိုးရသစ်လက်ထက်တွင် လူထုအသံလွှတ်တော် အသံဖြစ်ရန်လိုအပ် ကြောင်း ကရင်နီအမျိုးသား တိုးတတ်ရေးပါတီ ဒုဥက္ကဌ ခူးဦးရယ်က ပြောဆို လိုက်သည်။ “အခုလက်ရှိအစိုးရဆို ဘာပြောလဲ လူထုအသံလွှတ်တော်အသံလို့ပြော တယ်။ဒါမမှန်ဘူးဗျ ပါစပ်ကသာအဲ့လို ကြွေးကြော်ထားတာ ဒါပေမယ့် လွှတ်တော်အသံလူထုအသံဖြစ်နေတယ် ဒါပြောင်းပြန်ဖြစ်နေတယ်။အဲ့တော့ အခုတတ်လာမယ့် အစိုးသစ်အနေနဲ့ အဲ့သလိုကြွေးကြော်သံနဲ့ လုပ်မှာကို တော့ ကျနော်တို့မမြင်ချင်တော့ဘူး ဗျ ။လူထုအသံ လွှတ်တော်အသံတကယ် ဖြစ်ဖို့လိုတယ် အဲ့ဒီအတိုင်းတကယ်သွားမယ်ဆိုရင်တော့ တကယ်ပြောင်းလဲ မှာပါ ပြောင်းလဲတယ်ဆိုတာ အကောင်းဖက်ကို ပြောင်းလဲတာကို ဆိုလို တာဖြစ်ပါတယ် ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
ယခင်ငါးနှစ်တာ အစိုးရလက်ထပ်တွင် အစိုးရမှ လူထုအသံလွှတ်တော် အသံဟု ခေါ်ဝေါ်သုံးစွဲခဲ့ပြီး အမှန်တကယ် လက်တွေ့တွင် ပြောင်းပြန်ဖြစ် နေကြောင်းနှင့် ယခုတတ်လာမည့် အစိုးရသစ်အနေဖြင့်လည်း လူထုအမှန် တကယ် လိုအပ်ချက်များ လူထု၏အသံများကို အလေးထားမှုရှိပေးရန် တိုက်တွန်းပြောဆိုသွားပါသည်။

ခူးဦးရယ်က “ပြောင်းလဲမယ့်အရာတွေကလည်း တကယ်လူထုရဲ့ ဆန္ဒ သဘောထား တကယ်လူထု အတွက် အပြောင်းလဲဖြစ်သင့်တဲ့ဟာတွေ ဖြစ်ဖို့လိုတယ်။ ”ဟု ဆက်ပြောသည်။

အသစ်တတ်လာမည့် အစိုးရအနေဖြင့် အောက်ခြေလူထု၏ အမှန်တကယ် လိုအပ်ချက် လိုလားချက် လူထု၏ ဆန္ဒသဘောထားများကို အလေးထား လုပ်ဆောင်ရန်အတွက် လူထုနှင့် ကွင်းဆက်မပျက်ဘဲ ချိတ်ဆက်နေရ မည်ဟု ဆိုပါသည်။

ရွေးကောက်ပွဲအပြီး အနိုင်ရရှိထားကြသည့် ပါတီများမှ ဖွဲ့စည်းမည့် အစိုးရ အဖွဲ့နှင့် ၊ လွှတ်တော်ကိုယ်စားလှယ်တို့သည် လူထုအသံအမှန်ဖြစ်ရမည် ဆိုသည့်အချက်ကို ထောက်ခံပါကြောင်း ၊ တာဝန်ယူမှုရှိရပါမည်ဖြစ်ကြောင်း ကိုလည်း ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင်အနိုင် ရရှိထားသူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိန်းအောင်(ခ)စဲရယ်က ပြောပါသည်။

“ လူထုအသံက လွှတ်တော်အသံဖြစ်ရပါ့မယ်။ ကျနော်တို့လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။”ဟု ၎င်းက ပြောပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် ကယာပြည်နယ်၌ လွိုင်ကော် မြို့နယ် ၊ဒီးမော့ဆိုမြို့နယ် ၊ ရှားတောမြို့နယ် ၊ မယ်စဲမြို့နယ် ၊ ဖရူဆိုမြို့နယ် နှင့် ဖားဆောင်းမြို့နယ် ၃ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိထားပြီး ဘောလခဲမြို့နယ် ၄ နေရာ နှင့် ဖားဆောင်း ၂ နေရာ ၊ ဗမာတိုင်းရင်းသားရေးရာ နေရာတို့တွင် ပြည်ခိုင်ဖြိုးပါတီတို့က အနိုင်ရရှိ ထားသည်။ တသီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ဦးစိုးသိန်းက ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် ၉ တွင် အနိုင်ရရှိထားခြင်းဖြစ် သည်။

Kantarawaddy Times

No comments:

Post a Comment

My Blog List