Friday, November 27, 2015

NLD အစိုးရနှင့် ငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးရန် ၀ တပ်ဖွဲ့မှ ကော်မတီ ဖွဲ့စည်းထား


ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ငြိမ်းချမ်းရေး ၊ နိုင်ငံရေး ဆွေးနွေးနိုင်ရန်အတွက် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ မှ ကော်မတီ တရပ်ကို ဖွဲ့စည်းထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိ သူမှ ပြောသည်။နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ အစိုးရသစ်လက်ထက် မှသာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်ဟူသည့် မူဝါဒကို ကိုင်စွဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် ၀ တပ်ဖွဲ့လည်း ပါဝင်ပြီး ကော်မတီ တရပ်ဖွဲ့စည်းနိုင်ရန်အတွက် လွန်ခဲ့သည့် အပတ်အတွင်း ၀ ဌာနချုပ် ပန်ဆန်း (ပန်ခမ်း)တွင် ဗဟိုကော်မတီ အစည်းဝေးတရပ်ကို ကျင်းပခဲ့ကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ အမည်မဖော်လိုသူအရာရှိတဦးက ပြောသည်။
အစည်းဝေးက အရင်အပတ်တွေကတည်းက ပြီးသွားပြီ။ ကော်မတီ တရပ်ဖွဲ့ ထားတယ်။ NLD က ဦးဆောင်မယ့် အစိုးရအဖွဲ့နဲ့ေ ဆွးနွေးနိုင်ေ အာင်လို့ပါ - ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော ၀ တပ်ဖွဲ့ အနေဖြင့် ၂၀၁၀ မတိုင် ခင်က ပြည်တွင်းမှ အဓိက နိုင်ငံရေး အတိုက်အခံ အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှု မရှိ သလောက် နည်းပါးခဲ့သော်လည်း ၂၀၁၂ နောက်ပိုင်းမှစ၍ တိုင်းရင်းသား အတိုက်အခံ အင်အားစု များအပါဝင် ၊ ဒီမိုကရေစီ အင်အားစုများနှင့်ပါ ဆက်ဆံရေးတိုးမြင့်လာခဲ့သည်။

ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများအပြားတက်ရောက် ခဲ့သော တိုင်းရင်း သား ညီလာခံကိုလည်း ၀ ဌာနချုပ် ပန်ဆန်းတွင် နှစ်ကြိမ် တိုင်တိုင်ကျင်းပခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ၀ ဒေသသို့ အလည် လာရောက်ရန် ဖိတ်ခေါ်လိုသည်ဟု ၀ တပ်ဖွဲ့ ထိပ်တန်းခေါင်းေ ဆာင်များက ထုတ်ဖော်ပြောဆိုထားသည်ဟုလည်းကြားသိရပါသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲကာလကလည်း မိုင်းတုံမြို့နယ်တွင် ၀ လူမျိုးများ၏ ဆန္ဒမဲဖြင့် NLD ပါတီမှာ အနိုင်ရရှိခဲ့သည်။

UWSA အနေဖြင့် အခြားတိုင်းရင်းသားများ၏ တိုင်းရင်းသားအခွင့်ရေးရရန် ကြိုးပမ်းမှုများကို ထောက်ခံအားပေးမှာဖြစ်ပြီး ၊တိုင်းရင်းသားအင်အားစုများ မှလည်း ၀ ပြည်သူများ တောင်းဆိုနေသည့် ၀ ပြည်နယ်အဖြစ် တရားဝင် သတ်မှတ်ပေးရေးအတွက် ထောက်ခံကြရန် ၀ ခေါင်းဆောင် ဦးပေါက်ယူချန်း က တိုက်တွန်းပြောဆိုခဲ့ဖူးသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List