NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပျဉ်းမနားမြို့ရှိ မေခန်းမ၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) ရက်စွဲဖြင့် NLD ပါတီမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ကိုယ်စားလှယ်များနှင့် နံနက်ပိုင်းတွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ကချင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များနှင့် နေ့လယ်ပိုင်းတွင် လည်းကောင်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
National League for Democracy


No comments:
Post a Comment