Monday, November 23, 2015

ရွေးကောက်ပွဲ အသုံးစရိတ် သိန်း ၅၀ ထက်ပိုသုံးခဲ့သည့် ကိုယ်စားလှယ် အချို့  ကို ဒေါ်အောင်ဆန်းစုကြည်မှ ပြစ်တင်ဆူပူခဲ့ဟု ဆို


အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွေးကောက်ပွဲ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ၁၉၉၀ ရွေးကောက်ပွဲကကဲ့သို့ စိစစ်ပယ်ချရန် ကြိုးပမ်းနေသည် ဆိုသည့် သတင်းများအပေါ် စိတ်ပူပန်နေ သည့် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနိုင် အမတ်အချို့  ကို ပြစ်တင်ဆူပူခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြရေးသား ထားသည်။
ရွေးကောက်ပွဲ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ကော်မရှင်ထံ အစီရင်ခံစာများ မပို့မီ အသေအချာ စစ်ဆေးကြရန် ပါတီမှ အကြံပေးများ၊ အနိုင်ရ အမတ်များနှင့် သီးသန့်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ စာရင်းစစ်များကို သတိပေးထားကြောင်း သိရသည်။

NLD ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်လှုပ်ရှားမှုမှာ သတ်မှတ်ထား သည့်ထက် ငွေကျွံ သုံးစွဲခဲ့သည်ဟု စွပ်စွဲပြီး မရွေးချယ်သင့် ကြောင်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည် ပြည်ခိုင်ဖြိုးပါတီက လျှောက်ထား တိုင်ကြားမည်ဟု ပြည်တွင်းမီဒီယာများမှ သတင်းရေးသား ဖော်ပြမှုများ ရှိသည်။

သို့ အတွက် တင်းမာမှုများ ရှိလာခြင်း၊ ပါတီဝင်တွေကြား စိုးရိမ်စိတ်များ ဖြစ်လာခြင်းတို့ကြောင့် အရေးပေါ်လှို့ဝှက်အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း နေပြည်တော်တွင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

NLD ပါတီက ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးစီ အသုံးပြုခွင့် သတ်မှတ်ထားသောငွေမှာ မြန်မာကျပ်ငွေ ငါးသန်းသာ ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် ပမာဏ၏ ထက်ဝက်သာ ဖြစ်သည်။

"ဘယ်သူကပြောလဲ ။ ကျွန်မတို့ အသုံးစရိတ် ငွေငါးသန်းကျော်တယ်လို့။ ကျွန်မတို့ အပြတ်အသတ်နိုင်ပြီးပြီ ။ ဘာအကြောင်းနဲ့မှ လွှတ်တော်ထဲမှာ ကျွန်မတို့ ရဲ့ လုပ်ပိုင်ခွင့်လျော့ မပေးနိုင်ဘူး." ဟု ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကို ဆူခဲ့ကြောင်း အဆိုပါ အစည်းအဝေးကို တက်ရောက်သည့် အမည်မဖော်လိုသူ အန်အယ်ဒီ အကြီးတန်းပါတီဝင် တစ်ဦင်္းက ပြောသည်။

ပါတီအတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နိုင်စဉ်ကလို ပါတီ၏ အောင်မြင်မှုကို တရားမ၀င်ဆိုကာ အစိုးရက ပယ်ချမည်ကို စိုးရိမ်ကြောက်ရွံမှုများ ရှိသည်။

ထိုစဉ်က NLD အနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရလဒ်ကို လစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ချခဲ့သည်။ အနိုင်ရ အမတ် ၈၀ ကျော်က ထိုစဉ်က ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။

" ကျွန်တော်တို့ ကို နေရာတကာမှာ အနောက်က လိုက်နေပြီး အားလုံးကို ဓာတ်ပုံရိုက် မှတ်တမ်းတင်တာတွေ ရှိတယ်" ဟု ယခုလ ရွေးကောက်ပွဲတွင် အထူးရဲများ၏ သတင်းအချက်အလက် ရယူပုံကို စိုးရိမ်စိတ်ဖြင့် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက် သုံးခဲ့တဲ့  ရွေးကောက်ပွဲ ကားတွေမှာ ထည့်ခဲ့တဲ့  ဂတ်စ်တွေ လီတာတိုင်းကိုလည်း တွက်ရမယ် ၊ သူတို့ က သက်သေနဲ့  လာနိုင်တယ်လေ."

ဝေးလံခေါင်းပါးသော ဒေသသို့ သွားသည့် စရိတ်ကြီး ခရီးစဉ်များအတွက် အသုံးစရိတ်များကို မည်သို့ ခွဲဝေမည် ဆိုသည်ကိုလည်း ပါတီတွင်း အချေအတင် ဆွေးနွေးခဲ့သည်ဟု NLD မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် အသုံးစရိတ်များကို ကော်မရှင်ထံသို့ တစ်လအတွင်း တင်ရမည်ဖြစ်ပြီး မကျေနပ်သူများက ၄၅ ရက်အတွင်း တိုင်ကြားနိုင်သည်။ တိုင်ကြားသူအနေဖြင့် အထောက်အထားနှင့် တိုင်ကြားခ ကျပ်ငွေ ၅ သိန်း ပေးရမည် ဖြစ်သည်။

ထိုလုပ်ငန်းစဉ်မှာ အချိန်ကြာမြင့်မည် ဖြစ်သည်။ ထို့ ပြင် NLD က အများအပြား အနိုင်ရထားသည့်အတွက် တချို့အမတ်များကို အရည်အချင်းနှင့် မညီဟုဆိုကာ ဖယ်ရှားလင့်ကစား လွှတ်တော်နှစ်ရပ်စလုံးတွင် အများဆုံး နိုင်သည်ကို ပယ်ရှားရန် မဖြစ်နိုင်ချေ။ သမ္မတကို NLD ကသာ ရွေးချယ်နိုင်မည် ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက်နေ့ မှာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရာထူးမှ ဆင်းရတော့ မည့် ပြည်ခိုင်ဖြိုးးပါတီ အများစု လွှမ်းမိုးထားသည့် လွှတ်တော်က ဇန်န၀ါရီလအထိ ရှိနေမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ပါတီ အာဏာရသည့် ပထမနှစ်အတွင်း ဘဏ္ဍာရေး အသုံးစရိတ်ကိုလည်း လက်ရှိလွှတ်တော်ကသာ သတ်မှတ်ပေး သွားမည် ဖြစ်သည်။

လွှတ်တော်အသစ်ကို ၂၀၁၆ ဖေဖော်ဝါရီလတွင် စတင်ပြီး မတ်လအတွင်း သမ္မတအသစ်ကို လွှတ်တော် ၂ ရပ်ရှိ ကိုယ်စားလှယ်များက ရွေးချယ်မည်ဖြစ်သည်။ ထို့ နောက် အစိုးရသစ်ကို နောင် လေးလ ကျော်ခန့် အကြာ မတ်လကုန်မှသာ ဖွဲ့ စည်းမည် ဖြစ်သည်။

လင်းလင်း
ကိုးကား - ရိုက်တာ
The Ladies News Journal

No comments:

Post a Comment

My Blog List