Tuesday, November 24, 2015

အေးချမ်းစွာ ရွေးကောက်ပွဲ ကျင်းပပြီးစီးမှုအတွက် သမ္မတ၊ ကာချုပ်နှင့် ရွှေးကော်ဥက္ကဌတို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးမှ ဂုဏ်ပြု ကျေးဇူးတင်စကား ဆို


တခြားနိုင်ငံများ၌ ပဋိပက္ခများနှင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားနေသည့် အချိန်မှာ မြန်မာနိုင်ငံက ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကူးပြောင်းလာသည့် အတွက် မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ဆောင်ရွက်ချက်ကို မြန်မာနိုင်ငံက ကက်သလစ်ဘုန်းတော်ကြီး ချားလ်ဘိုက ကျေးဇူးတင် ဂုဏ်ပြုစကား ဆိုလိုက်သည်။
ဘုန်းတော်ကြီးဘိုက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို ချီးကျူးသလို တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီအတွက် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခဲ့သော သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့သည်။

“ဆင်းရဲ၊ ချမ်းသာ အသက် ကြီးကြီးငယ်ငယ် ကျွန်တော်တို့ နိုင်ငံသား ၈၀ ရာခိုင်နှုန်းလောက်က တိုင်းပြည်ခေါင်းဆောင်မှု ငြိမ်းချမ်းစွာ ပြောင်းလဲဖို့ အတွက် သူတို့ ရဲ့ ကတိစကားတွေကို ဆောင်ရွက် ပြသခဲ့ပြီးပါပြီ။ ကျွန်တော် တို့ နိုင်ငံသားတွေကို ကမ္ဘာကလည်း လေးစားအားကျနေပါတယ်။ ကျွန်တော် တို့ လူမျိုးတွေဟာ အသံတိတ် ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင် ဆင်နွှဲလိုက်တာပါပဲ” ဟု နိုဝင်ဘာလ ၈ ရက်နေ့  ရွေးကောက်ပွဲ ရလဒ်အဖြေ အားလုံးထွက်ရှိချိန်တွင် ဘုန်းတော်ကြီးဘိုက ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်သည်။

၁၉၉၀ ခုနှစ် ပြီးကတည်းက မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လွတ်လွတ် လပ်လပ် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့သည်။

“စစ်ပွဲတွေ ၊ အမုန်းတရားတွေနဲ့  ပျက်စီးနေတဲ့ သည်ကမ္ဘာကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့ စိတ်ဓာတ် ခွန်အားရဲ့  တစ်ခုတည်းသော သင်္ကေတပါ။ အလွှာမျိုးစုံ ၊ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ မခွဲခြားဘဲ မြန်မာပြည်သားတွေက သူတို့ မျှော်လင့်တဲ့ ခေါင်းဆောင်အဖြစ် သူ့ ကို ရွေးချယ်ခဲ့ပါတယ်။ သူဟာ လူသန်းပေါင်းများစွာရဲ့ မျှော်လင့်ချက် ပါ။ မြန်မာနိုင်ငံဟာ မျှော်လင့်ချက် တံခါးဝမှာ ရောက်နေပါပြီ။”မြန်မာနိုင်ငံကို တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် အတူလက်တွဲ လုပ်ဆောင်မှုများ ရလာအောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီက လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် ကို မြန်မာကက်သလစ်ဘုရားကျောင်းကလည်းအားပေးထောက်ခံဆုတောင်း မေတ္တာ ပို့သပါသည်ဟု ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးက မိန့်ကြား ပြောဆိုခဲ့သည်။

လင်းလင်း
The Ladies News Journal

No comments:

Post a Comment

My Blog List