Monday, November 09, 2015

အပြောင်းအလဲသည် ခေါင်းခဲစရာမဟုတ်


၂၀၁၅ ခုနစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းသည် ပို မိုစိတ်လှုပ်ရှားဖွယ်ကောင်းလျက် ရှိသည်။ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲတွင် တောင်ပြို ကမ်းပြို အနိုင်ရယူရန် စိုင်းပြင်းလျက်ရှိ သည့်အလျောက် လှည်းနေလှေ အောင်း မြင်းဇောင်းမကျန် နိုင်ငံ ရေးပြုပြင်ပြောင်းလဲရေး၏ ရောင် ခြည်သစ် များက တစ်နိုင်ငံလုံးကို လွှမ်းခြုံလျက်ရှိသည်။

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်၏ ဖိနှိပ်မှုပုံစံအ မျိုးမျိုးအောက်၌ နစ်ချည်မြုပ်ချည် အသက်ဆက်ခဲ့ရသော မြန်မာ ပြည်သူလူထုအနေဖြင့် လူထု ခေါင်းဆောင်နှင့်အတူ အပြောင်း အလဲကို ယုံကြည်မှုအပြည့် ဖော် ဆောင်ရန် အဆင်သင့်ရှိကြောင်း    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ တွင် သက်သေပြနိုင်ခဲ့ပြီ ဖြစ် သည်။ အမျိုးသားပြန်လည်သင့် မြတ်ရေးဆီ ဦးတည်သော အားလုံးပါဝင်သည့် အမျိုးသားညွန့် ပေါင်းအစိုးရအလားအလာ သည် တရိပ်ရိပ် မြင့်တက်လာနေပြီဖြစ် သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွေးကောက်ပွဲအပြတ်အ သတ်အနိုင်ရရှိ မှုသည် မြန်မာနိုင် ငံတွင် စစ်မှန်သော ဒီမိုကရေစီအ ပြောင်းအလဲ၊ စစ်မှန် သော ငြိမ်း ချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီ ဦး တည်သည့် လမ်းကြောင်းကို ပိုမို ဖြောင့်ဖြူးစေမည်သာဖြစ်သည်။

ဒီချုပ်အနိုင်ရသဖြင့် စိုးရိမ်ထိတ် လန့်စရာအကြောင်း မရှိနိုင်ပါ။ ဒီချုပ်အနိုင် ရသဖြင့် တိုင်းပြည်က မောက်ကမဖြစ်စရာအကြောင်း မရှိနိုင်ပေ။ ဒီချုပ်၏ ရွေးကောက်ပွဲ အနိုင်ရရှိမှုသည် ယုံကြည်မှု၊ နား လည်မှု၊ လေးစားမှုတို့နှင့် အတူ အမျိုးသားရင်ကြားစေ့ရေးတံခါး ကို စနစ်တကျတွန်းဖွင့်မည့် ခြေ လှမ်းသာဖြစ်သည့်အတူ အမျိုး သားရင်ကြားစေ့ရေးတံခါးကို စ နစ်တကျ တွန်းဖွင့်မည့်ခြေလှမ်း သာဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်သည် ရွေး ကောက်ပွဲ အနိုင်အရှုံးရလဒ်များ ကို အတည်ပြုပြီးသည့်နောက်ကာ လတွင် အားလုံးပါဝင်သော နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးမှုများကို မလွဲမသွေ ကမ်းလှမ်းဖိတ်ခေါ် မည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အာဏာရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်များ၊ တပ်မ တော်ခေါင်းဆောင်များ၊ တိုင်း ရင်းသားခေါင်းဆောင်များနှင့်အ တူ ရေရှည်အမြင်ရှိသော အလုပ် ဖြစ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ကို ဖိတ်ခေါ်ကမ်းလှမ်းမည်သာ ဖြစ်သည်။ မြန်မာ့နိုင်ငံရေး အ ပြောင်းအလဲတွင် သော့ချက်ကျသည့် ပုဂ္ဂိုလ်များအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများသည် နိုင်ငံရေးသဘောတူညီချက် တစ်ရပ်ရရှိနိုင်ရေးကို ရည်မှန်း ချက်ထား ဖော်ဆောင်မည်သာ ဖြစ်သည်။

ရွေးကောက်ပွဲအလွန် နိုင်ငံ ရေးဆွေးနွေးပွဲများတွင် ရရှိသည့် နိုင်ငံရေး သဘောတူညီချက်များအပေါ် မူတည်လျက် အားလုံးပါ ဝင်သည့် အမျိုးသား ညွန့်ပေါင်း အစိုးရတစ်ရပ်ကို ဖွဲ့စည်းမည်ဖြစ် ပြီး ဒုတိယမြောက် သမ္မတကို လည်း ညှိနှိုင်းသဘောတူညီမှုအရ ရွေးချယ်တင်မြှောက်မည်သာဖြစ် သည်။

ထို့ကြောင့် ရွေးကောက်ပွဲ အလွန် နိုင်ငံရေးအပြောင်းအလဲ သည် ခေါင်းခဲ စရာအကြောင်း လုံး လုံးမရှိသော အခင်းအကျင်းပင် ဖြစ်သည်။ တစ်ဦးတစ် ယောက်စီ မျှ စိုးရိမ်စရာမရှိသော အခင်းအ ကျင်းသစ်ပင်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List