Wednesday, November 11, 2015

အစိုးရဖွဲ့နိုင်ရန် လုံလောက်သည့် မဲရလဒ် မျှော်လင့်ထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘီဘီစီသို့ ပြော


မြန်မာ့ ရွေးကောက်ပွဲ ရလဒ်များကို တာဝန်ရှိသူများက ကြေညာဆဲဖြစ်သော်လည်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် က အစိုးရဖွဲ့နိုင်ရန် လုံလောက် သည့် မဲရလဒ်များကို ရရန် မျှော် လင့်ထားပြီးဖြစ်ကြောင်း ရန်ကုန် မြို့သို့ ရောက်ရှိနေသည့် ဘီဘီစီ သတင်းထောက် ဖာဂယ်ကိန်းက ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၎င်း၏ ပါတီ အစိုးရဖွဲ့နိုင် ရန် လိုအပ်သည့် မဲအရေအ တွက် အနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ရရှိနေပြီဖြစ်ကြောင်း ဆိုသည်။

အချို့သော ဒီချုပ်ပါတီ ထိပ် ပိုင်း ခေါင်းဆောင်များကလည်း ၎င်းတို့ပါတီသည် ထိုအရေအ တွက်ကို အသာအယာ ရရှိမည်ဟု ယုံကြည်ထားကြောင်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသူများအနေဖြင့် နှိမ့်ချ သည့် စိတ်ထားရှိရမည်ဖြစ် ကြောင်း ပြောထားသည်။

‘‘အနိုင်ရတဲ့သူတွေဟာ ရှုံး တဲ့သူတွေရဲ့ ခံစားချက်တွေကို စော်ကားတာ (သို့မဟုတ်) ထိန်း မနိုင်သိမ်းမရ အောင်ပွဲခံတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်’’ ဟု ၎င်းက ဆိုထားသည်။

ထို့ပြင် သတင်းထောက် ဖာဂယ်က ဒေါ်အောင်ဆန်းစု ကြည်၏ ယနေ့ အောင်မြင်မှုခရီး တွင် အဓိက ဆုံးဖြတ်ချက် နှစ်ခု ရှိပြီး တစ်ခုမှာ ဂန္ဓီလမ်းစဉ်လိုက် သည့် အကြမ်းမဖက်ရေးမူ ဖြစ် ကြောင်း ဆိုသည်။

‘‘စစ်တပ်က ပိုဖိနှိပ်လေ၊ ကျွန်မအနေနဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ကို ပိုလိုအပ်လေ ဆိုတာ ကို ပိုပြီး ကျေကျေနပ်နပ် ခံယူမိ လေပါပဲ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ထို့ပြင် စစ်တပ်ကလွှတ် တော်တွင် နေရာယူထားခြင်းနှင့် လုံခြုံ ရေးဆိုင်ရာ ဝန်ကြီးဌာနများကို ထိန်းချုပ်ထားခြင်းတို့က ဒီမိုကရေ စီအကူးအပြောင်းကို နှောင့်ယှက် နိုင်မည်လားဟု မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ‘‘အချိန်တွေ ပြောင်းလဲခဲ့ပြီးလူတွေလည်း ပြောင်းလဲခဲ့ပါပြီ’’ ဟု ဆိုသည်။

အင်တာဗျုးတွင် မြန်မာ၌ ရိုဟင်ဂျာ လူနည်းစုအကြောင်း မေးမြန်းခဲ့ရာ၌လည်း ၎င်းက တိုင်းရင်းသားအားလုံးကို ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း ဆိုသည်။

‘‘အစွဲအလမ်းတွေနဲ့ အမုန်း တရားတွေကို အလွယ်တကူနဲ့ မဖယ်ရှားနိုင်ဘူးပေါ့။ မြန်မာ ပြည်သူ အများစုဟာ ငြိမ်းချမ်း ရေးကို လိုလားတယ်လို့ ကျွန်မ ယုံကြည်မှု ရှိပါတယ်။ သူတို့ဟာ အမုန်းတရား၊ အကြောက်တရား တွေနဲ့ ရှင်သန်ချင်မှာ မဟုတ်ပါ ဘူး’’ ဟု ဆိုသည်။

သတင်းအရ ဒေါ်အောင် ဆန်းစုကြည်သည် ပါတီ၏ ဝါရင့် လုပ်ဖော်ကိုင်ဖက်များထဲမှ တစ် ဦးကို သမ္မတတင်မည်ဖြစ်ပြီး ဆုံး ဖြတ်ချက်အားလုံးကို ၎င်းကသာ ဆောင်ရွက်မည့် သဘောရှိ ကြောင်းလည်း ဆိုသည်။

ထိုသို့ သမ္မတ အထက်မှ ဦးဆောင်ပေးမည့် သဘောအဖြစ် ကို ‘‘အမည်နာမမှာ အရေးမကြီး’’ ဟု ၎င်းက ပြောခဲ့သည်။

Ref: Marca
7Day News Journal

No comments:

Post a Comment

My Blog List