Thursday, November 12, 2015

တာဝန်မကျေပါက နှုတ်ထွက်ပေးမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား


မဲစာရင်းများ မှန်ကန်တိကျနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများနှင့် ပြည်သူလူထုများ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့သော် လည်း ကော်မရှင်အနေဖြင့် လုပ်ပိုင်ခွင့်တာဝန်များ မကျေပွန်ခဲ့ပါက ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

“ကျွန်တော်တာဝန်မကျေရင် ခင်ဗျားတို့ပြောစရာမလိုဘူး၊ ကျွန်တော်ထွက် သွားပါ့မယ်” ဟု ၄င်းက ယနေ့ ညနေပိုင်းတွင်မီဒီယာများနှင့် တွေ့ဆုံမေးမြန်း ချိန်တွင် ၄င်းကပြောဆိုခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများကိုလည်း ဥပဒေလေ့လာရန် ၄င်းအနေနှင့်မှာကြားခဲ့ပြီး မဲစာရင်းတွင် အမည်မပါပါက ပုံစံ ၃ ဖြင့် လျှောက်ထားနိုင်ပြီး ကော်မရှင်က ဆောင်ရွက်ပေးခြင်းမရှိခဲ့လျှင် ကော်မရှင်တွင်တာဝန်ရှိသည်ဟု ၄င်းကဆို သည်။

“ကျွန်တော်တို့ကိုလာပြောပါတယ်၊ မဲစာရင်းတွေဖောင်းပွနေတယ်တဲ့၊ ကျွန်တော်ကပြောပါတယ် ပုံစံ ၄ နဲ့ပယ် ဖျက်ပါ၊ ဥပဒေကိုလေ့လာထားဖို့ လိုတယ်” ဟု ၄င်းက ထပ်လောင်းပြောသည်။

ယင်းမဲစာရင်းကိစ္စများနှင့်ပတ်သက်ပြီး ပြောဆိုနေမှုများအား ၄င်းအနေဖြင့် သည်းခံနေသော်လည်း မျှတသည့် သည်းခံမှုမျိုးမဟုတ်ကြောင်း ၄င်းက ပြောသည်။

“ကျွန်တော်လုပ်လို့ မှားတဲ့ အမှားမျိုးကျတော့ ကျွန်တော်ဝမ်းပန်းတသာနဲ့ ကျွန်တော့်အမှားကိုထောက်ပြတဲ့ အတွက် ကျေးဇူးတင်စွာနဲ့ ကျွန်တော် လက်ခံပါ့မယ်၊ကျွန်တော့်အလုပ် ကျွန်တော်လုပ်ပြီးတော့၊ သူတို့အလုပ် မလုပ်ဘဲ ကျွန်တော့်ကို အပြစ်ပုံချရင်တော့ သည်းတော့သည်းခံရပါတယ်၊ ဒါပေမဲ့ သိပ်တော့ မင်္ဂလာမရှိလှဘူးပေါ့”ဟု ဦးတင်အေးက ဆိုသည်။

၎င်းအနေနှင့် ရွေးကောက်ပွဲသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ကြောင်း၊ နိုင်ငံရေးပါတီများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း မှုနှင့် မီဒီယာများ ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ် သည့် အတွက် ပူးပေါင်းဆောင်ရွက်ကြရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်းလည်း ၄င်းကပြောသည်။

The Voice Weekly

No comments:

Post a Comment

My Blog List