Wednesday, November 11, 2015

SSA(၀မ်ဟိုင်း) ပြည်သူကို အကာကွယ်ယူကာ တိုက်ခိုက်နေဟု တပ်မတော်ပြော





ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ တပ်ဌာနချုပ်သို့ အက်စ် အက်စ်အေ(၀မ်ဟိုင်း)အဖွဲ့မှ အင်အား (၁၂၀)ဦးခန့် သည် နိုဝင်ဘာ ၉ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် မိုင်းနောင်နယ်မြေ ရဲစခန်း အား ဗုံးပစ် လောင်ချာများနှင့် ပစ်ခတ်ရာ အဆိုပါအဖွဲ့ကို မနေ့နံနက် ၄ နာရီခွဲခန့်တွင် (၁)ကြိမ်၊ ၅ နာရီခွဲခန့်တွင် (၁)ကြိမ် လက်နက်ကြီး လက်နက်ငယ်များ၊ တပ်မတော်ရဟတ်ယာဉ်များဖြင့် တန်ပြန် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ မိုင်းနောင် တပ်ဌာနချုပ်တွင် လုံခြုံရေးအရ အတား အဆီး များ ပြုလုပ် ထားခြင်းကြောင့် အက်စ်အက်စ်အေ(၀မ်ဟိုင်း)အဖွဲ့သည် အများပြည်သူနေထိုင်ရာ ရပ်ကွက်များ အတွင်းမှ ပြည်သူလူထုအား အကာ အကွယ်ယူ၍ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မြ၀တီသတင်းတွင်ဖော်ပြထားသည်။


ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တချို့ ကျဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြပြီး အဆောက်အဦတချို့လည်း ပျက်စီး ခဲ့သည်။



အက်စ်အက်စ်အေ(၀မ်ဟိုင်း)အဖွဲ့သည် မိုင်းနောင်တပ်ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် (၁)ကြိမ်၊ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် (၁)ကြိမ်၊ နိုဝင် ဘာ ၃ ရက် ညပိုင်းတွင် (၂)ကြိမ်နှင့် နိုဝင်ဘာ ၄ ရက် နံနက် ပိုင်းတွင် (၃)ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် လာရောက်နှောင့် ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော် တပ်ရင်းဌာနချုပ်များနှင့် တပ်ဌာနချုပ် တို့ကို အကြိမ်ကြိမ်လာရောက်နှောင့်ယှက် ပစ်ခတ် တိုက်ခိုက် မှုများ ပြုလုပ် လာခြင်းကြောင့် တပ်မတော်က တန်ပြန်တိုက်ခိုက်မှု များနှင့် နယ်မြေရှင်း လင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။


ဧရာဝတီ

No comments:

Post a Comment

My Blog List