Thursday, November 12, 2015

တစ်မိုးသောက်ချိန်


ရာစုနှစ်ထက်ဝက်ကျော် အာဏာရှင်စနစ်အောက်တွင် မွန်းကျပ်ပိတ်လှောင် ခဲ့သည့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်သည် တစ်ဖန်ပြန်၍ မွေးဖွားလာခဲ့ပြီ။ နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် သမိုင်းဝင်ရွေးကောက် ပွဲကြီးတွင် သန်းနှင့်ချီသော ပြည်သူ များသည် မိမိတို့၏ဆန္ဒကို ဖော် ပြရန် မဲရုံများသို့ သွားခဲ့သည်။ နံနက် အရုဏ်တက် ၃ နာရီ လောက်ကတည်းက မဲရုံရှေ့တွင် တန်းစီခဲ့ကြသည့်အတွက် ကမ္ဘာက မြန်မာလူထု၏ စိတ်အား ထက် သန်မှုကို ထောမနာပြုကြရသည်။ တကယ်တော့ မြန်မာပြည်သူများ ထိုအခွင့်အရေးရဖို့အတွက် ၂၅ နှစ်ကြာမျှ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ပါသည်။

ယခုအခါ ရွေးကောက်ပွဲ ရလဒ်များထွက်လာသည်။ တစ်နိုင်ငံလုံး အနိုင်အရှုံး အတိအကျ စာရင်းမပိတ်ရသေးသော်လည်း အများစုအနိုင်ရသည့်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သည်။ ခန့်မှန်းတွက်ချက်များ အရ ဒီချုပ်က လွှတ်တော်တွင် အမတ်နေရာ အများစုရရှိပြီး အစိုး ရဖွဲ့နိုင်မည့် အနေအထား၌ ရပ် တည်နေသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်မြင်မှုများနှင့်အတူ လူထုသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံသစ်အတွက် မျှော်လင့်ချက်ထားလျက်ရှိသည်။

စိတ်ပျက်နာကြည်းခဲ့ရသော နေ့ရက်များသည် အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။ မျှော်လင့်ချက် သည် နောက်တစ်ကြိမ် ပြန်လည် မွေးဖွားလာသည်။ သို့သော် သံသယကတော့ တွဲလွဲခိုနေဆဲ။ လူထုသည် ၁၉၉၀ ပြည့်နှစ်ကို မမေ့နိုင်သေး ချေ။ ထိုအချိန်က လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယနေ့ကဲ့သို့ ပင် တောင် ပြိုကမ်းပြို ရွေးကောက်ပွဲနိုင်ခဲ့ သည်။ သို့သော် ထိုအချိန်က စစ် ဗိုလ်ချုပ်ကြီးများက ရွေးကောက် ပွဲရလဒ်ကို ငြင်းပယ်သည်။ ဒီမို ကရေစီ အတွက် တိုင်းပြည်အခြေ အနေမှာ အဆင်သင့်မဖြစ်သေး ဟူသော အကြောင်းပြချက်ဖြင့် အာဏာကို တစ်ဖက်သတ်ဆုပ် ကိုင်ထားခဲ့သည်မှာ ၂၅ နှစ်နီးပါး အကြာထိ ဆိုပါတော့။

ရွေးကောက်ပွဲမတိုင်မီ ရက် ပိုင်းအလိုက တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀တုန်းကလိုများ ဖြစ်မလားဟူသော သံသယမေးခွန်းကို အဖြေပေးခဲ့ သည်။ ယင်းမှာ ၁၉၉၀ နှင့် ၂၀၁၅ အခြေအနေချင်းမတူတော့ပါဟူ ၍ ဖြစ်သည်။ ယခုအချိန်ထိ ကြည့် ရသမျှ ရွေးကောက်ပွဲရလဒ်အ ပေါ် ဒီချုပ်၏ အဓိကပြိုင်ဘက် ဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများ၏ တုံ့ပြန်ပုံ ကတော့ လှပပါသည်။ တစ်ချိန် က ဗိုလ်ချုပ်ကြီးဟောင်းများဖြစ် ခဲ့ကြသော အဆိုပါ ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲတွင် မိမိတို့ရှုံးနိမ့် ကြောင်းကို သိက္ခာရှိစွာ ထုတ် ဖော်ဝန်ခံခဲ့ကြသည်။

တစ်ချိန်က ဘုန်းမီးနေလ တောက်ပခဲ့ကြသော စစ်ဗိုလ်ချုပ် ကြီးများ၊ မကြာသေးမီကအထိ အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ခဲ့သည့် အဆိုပါ ကိုယ်စားလှယ်လောင်းကြီးများက မိမိတို့၏ရှုံးနိမ့်ပါကြောင်း ဝန်ခံခြင်း၊ အနိုင် ရပြိုင်ဘက်ကို ဂုဏ်ယူကြောင်း ထုတ်ဖော်ချီးကျူးခြင်း၊ ပြည်သူတို့ ၏ ရွေးချယ်မှုကို လေးစားလိုက် နာပါသည်ဟု ပြောဆိုခြင်းများ သည် ငါမှငါဟူသော အာဏာ မာနကို အလံထူခဲ့ကြသော မြန်မာ့ နိုင်ငံရေးအခင်းအကျင်းတွင် ထူး ခြားသည့် ဖြစ်စဉ်ပါပဲ။ အဆိုပါ အနေအထားကို ဆက်လက်ထိန်း သိမ်းထားကြရန်လည်း အရေးကြီးပါသည်။

အနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သူ တို့ ထောက်ခံကြသော တစ်နိုင်ငံ လုံးက ပြည်သူများ၏ နှလုံးသား ကလည်း ချီးကျူးဖွယ်ရာ ဖြစ်ပါ သည်။ ပြည်သူများသည် ရွေး ကောက်ပွဲနေ့တွင် စည်းကမ်းရှိစွာ မဲပေးခဲ့ကြသည်။ ဘာကို ထောက် ခံ၍ ဘာကိုဆန့်ကျင်ကြောင်း လည်း သတ္တိရှိရှိ ပြတ်ပြတ်သား သား ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များကလည်း လူထုအများ၏ ဆန္ဒအတိုင်း ထွက်ပေါ်လာသည်။ ထို့အတွက် ပြည်သူတွေက သူတို့၏ အောင်မြင်မှု အတွက် မော်ကြွားမှုကို မပြကြပါ။

မိမိတို့၏ နေအိမ်များအတွင်းမှာပင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်လျက်ရှိ သည့် ရွေးကောက်ပွဲရလဒ်များကို စောင့်ဆိုင်းနေကြသည်။ သူတို့ အောင်မြင်ခဲ့ပြီ။ တာဝန်ကျေခဲ့ပြီ ဟူသော ခံစားမှုလည်းဖြစ်ကြပါ လိမ့်မည်။ ပြီးတော့ ပိုကောင်း သော နိုင်ငံသစ်ကိုလည်း အိပ် မက်မက်နေကြပါသည်။ သို့သော် တစ်ချိန်က မိမိတို့ မနှစ်သက်ခဲ့ သည့် လူကြီးမင်းများ၏ ရှုံးနိမ့်မှု အပေါ်တွင် ပျော်ရွှင်မှုကို ထုတ် ဖော်ပြသခြင်း မရှိပါ။ ဝမ်းမြောက် ဝမ်းသာ ပျော်ရွှင်မှု မရှိပါ။ ‘အ လှည့်ကျ မနွဲ့ကြေး’ဟူသော စိတ် များ မထားပါ။ အာဃာတသည် မျှော်လင့်ချက် လေထုထဲတွင် ပျောက်ကွယ်သွားပုံရပါသည်။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ ခြင်းဖြင့် အနာဂတ်ကို ချောမွေ့ စေချင်ကြသည်မှာ ပြည်သူအများ ၏ ဆန္ဒအမှန် ဖြစ်ပါလိမ့်မည်။

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဆို ပါ အခြေအနေများကို ထိန်းသိမ်း ထားပါသည်။ ရွေးကောက်ပွဲအ ပြီး နောက်တစ်နေ့ဖြစ်သည့် နိုဝင် ဘာ ၉ ရက်က တိုင်းပြည်အား ပြောသော မိန့်ခွန်းတွင် ရွေး ကောက်ပွဲ၌ သိက္ခာစေတနာအ ပြည့်နှင့် ပါဝင်ယှဉ်ပြိုင်ပြီး မဲအနိုင်မရခဲ့သည့် ပုဂ္ဂိုလ်များကို ချီးကျူး ဂုဏ်ပြုခဲ့ပြီး ပြည်သူများကိုလည်း တစ်ဖက်သား အနိုင်မရသူများ မခံချိမခံသာဖြစ်စေမည့် အပြုအမူ များ၊ အောင်ပွဲခံမှုများကို ပြုမူ ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြဖို့ သတိပေးပြောကြားခဲ့သည်။

 ထိုနေ့ မိန့်ခွန်းထဲမှာပင် ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားတစ်ခု ပါးခဲ့သည်။ ယင်းမှာ ‘တကယ့်အောင်နိုင်ခြင်း ဟာ တစ်နိုင်ငံလုံးအတွက် ဖြစ်ရ ပါမယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ် ပုဂ္ဂိုလ်အတွက်မှ မဖြစ်ရပါဘူး။ ဒါ ကြောင့် တစ်နိုင်ငံလုံးအတွက်ဖြစ် တဲ့ အောင်နိုင်မှုကိုရဖို့အတွက် ကျွန်မတို့အတူတူ အားလုံးလက် တွဲပြီး ကြိုးစားသွားကြပါ’ဟူ၍ ဖြစ်သည်။ ဒါက တန်းတူညီမျှခြင်း နှင့်အတူ လွတ်လပ်သော ပြည် ထောင်စု မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်ရန်အတွက် ရွေး ကောက်ပွဲတွင် ရှုံးသူရော၊ နိုင်သူ တွေပါ အပါအဝင် တပ်မတော်၊ အစိုးရနှင့် အခြားတိုင်းရင်းသား အဖွဲ့အစည်းများအားလုံးသို့ ရည် ညွှန်းခြင်းဟု ယူဆရပါသည်။

ရွေးကောက်ပွဲရလဒ်ကို တပ် မတော်နှင့် လက်ရှိအစိုးရမည်သို့ တုံ့ပြန်မလဲဟူသည်မှာ လက်ရှိ အချိန်တွင် အားလုံးက စိတ်ဝင် စားနေကြသော မေးခွန်းဖြစ်ပါ သည်။ ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်ပြီးနောက် ရလဒ်အပေါ် အစိုးရနှင့် တပ်မတော်၏ ထင်မြင် ချက်ကို မကြားရသေးပါ။ သို့သော်လက်ရှိအစိုးရ သမ္မတဦးသိန်းစိန် က သူတို့အစိုးရနှင့် တပ်မတော်က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရလဒ်အပေါ် လေးစား လိုက်နာမည်ဟု ရွေးကောက်ပွဲ မတိုင်မီက တိုင်းပြည်သို့ပြော သော မိန့်ခွန်းတွင် အသိပေးပြီးဖြစ် သည်။ ထိုသဘောထားမျိုးကိုပင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကလည်း ရွေး ကောက်ပွဲနေ့ မဲရုံမှအထွက် စာနယ်ဇင်းများနှင့် တွေ့စဉ်က ပြောခဲ့သည်။

အရေးကြီးဆုံးက တပ် မတော်၏ ရပ်တည်ချက်ပင် ဖြစ် ပါလိမ့်မည်။ သူက ဖွဲ့စည်းအုပ် ချုပ်ပုံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းသော ဝေစုကို ရယူ ထားသူဖြစ်သည်။ ရွေးကောက်ပွဲ အနိုင်ရ ဒီမိုကရေစီအင်အားစုများ နဲ့ ပူးတွဲအလုပ်လုပ်ရမည့်သူမှာ တပ်မတော်ပင် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မည်သူ့ကိုမှ အာဃာတမထားဘဲ အတူလက်တွဲလုပ်ကိုင်မည်ဟူ၍ ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆို ပြီးဖြစ်သည်။

တပ်မတော်ကကော။ သူတို့ အနေနှင့် အတိုက်အခံအရပ်သား နိုင်ငံရေးသမားအပေါ်မှာ မယုံ ကြည်မှု သံသယတွေ ရှိကောင်းရှိ နေပါလိမ့်မည်။ သို့သော် လက်တွဲ အလုပ်လုပ်ကိုင်ခြင်းဖြင့် နားလည်မှုတည်ဆောက်ရန် အခွင့်အရေး တွေ ပေါ်ပေါက်လာမည်ဟု ထင် ပါသည်။ နှစ်ဦးနှစ်ဖက် သံသယ တံတိုင်းကို တစ်စတစ်စ ထုချေဖြို ဖျက်သွားကြဖို့ဆိုသည်မှာ အချိန် လိုအပ်ပါသည်။ ပူးတွဲအလုပ်လုပ် နိုင်မည့် အခွင့်အရေးနှင့် စိတ်အား ထက်သန်မှုကို ရှိရပါဦးမည်။ တပ် မတော်နှင့် ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာ ပူးပေါင်းလုပ် ကိုင်နိုင်ခြင်းဖြင့် နှစ်ပေါင်းများ စွာ ဝေးကွာခဲ့ကြသည့် ပြည်သူနှင့် တပ်မတော်တို့ကြား ပြန်လည်ရင် ကြားစေ့နိုင်ပါစေ။

နောက်ဆုံး ထွက်ပေါ်လာ သည့် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် နိုင်ငံ တော်သမ္မတ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင် စုလွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ ဆုံလိုကြောင်း မေတ္တာရပ်ခံထား သည်။ အမှန်လည်း တွေ့ဆုံသင့် ပါသည်။ ယခုအချိန်သည် အုပ်စု အကျိုးစီးပွားထက် ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး၏ အကျိုး စီးပွားကို ရှေးရှုရမည့်အချိန်ဖြစ်ပါ သည်။ ထို့ကြောင့် အတိုက်အခံ နှင့် အစိုးရ၊ တပ်မတော် အင်အား စုများအနေဖြင့် ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ထုတ်ပြ သခဲ့ကြပြီး ဖြစ်သော ပြည်သူတို့၏ ဆန္ဒကို အ ကောင်အထည်ဖော်ရန် အတွက် ပထမဆုံးနားလည်မှု တစ်စားပွဲ တည်းထိုင်၍ ဆွေးနွေးမှုများ လို အပ်ပါသည်။ မကြာမီ ဖြစ်ပေါ် လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဒီမိုကရေစီအတွက် လျှောက်ရမည့် ခရီးတာကတော့ ရှေ့မှာ ရှည်လျားပါလိမ့် ဦးမည်။ အယူ အဆ၊ အတွေးအမြင်သဘောထား မတူညီမှုများအကြားမှာပင် နိုင်ငံ အတွက် လက်တွဲအလုပ်လုပ်ကြ မည့် ခေါင်းဆောင်များကိုလည်း အလိုရှိပါသည်။ သို့သော် ပြည်သူ တို့၏ ဒီမိုကရေစီမျှော်လင့်ချက်က တော့ နောက်ပြန်လှည့်တော့မည် မဟုတ်ပါ။ အာဏာရှင်စနစ်၏ အနက်ရှိုင်းဆုံး အမှောင်ထုအတွင်းမှ ထိုးထွက်လာတော့မည့် အမိနိုင်ငံတော်၏ ဒီမိုကရေစီ မိုးသောက်ချိန်အတွက် နိုးထလာခဲ့ကြပါပြီ။

7Day News Journal

No comments:

Post a Comment

My Blog List