Thursday, November 12, 2015

ပြိုင်ဆိုင်မှု မပြင်းထန်ခဲ့သော မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ


မန္တလေးတိုင်းဒေသကြီး အတွင်း မြို့နယ်တစ်ခုချင်းစီ၏ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အသီးသီးက နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲရလဒ်များကို အတည်ပြုထုတ်ပြန်ခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုတွင် အနိုင်ရရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေ ၉၅နေရာတွင် ဒီချုပ်ကိုယ် စားလှယ်များက ၇၉နေရာ၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက ၁၁နေရာ နှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကိုယ်စားလှယ်က တစ်နေရာအနိုင်ရရှိခဲ့ သည်။ မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်းမဲဆန္ဒရှင် ၄၄သိန်းကျော် ရှိပြီး ပြည်သူ့လွှတ်တော် ၂၈နေ ရာ၊ အမျိုးသားလွှတ်တော် ၁၀နေ ရာ၊ တိုင်းဒေသ ကြီးလွှတ်တော် ၅၆နေရာနှင့်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် တစ်နေရာစုစု ပေါင်းမဲ ဆန္ဒနယ် ၉၅နေရာရှိသည်။

အဆိုပါမဲဆန္ဒနယ်များတွင် နိုင်ငံရေးပါတီ ၂၀မှ လွှတ်တော် ကိုယ်စားလှယ် လောင်း ၃၈၈ဦး နှင့် တစ်သီးပုဂ္ဂလ  ၁၁ဦး၊  စုစု ပေါင်းကိုယ်စားလှယ် လောင်း  ၃၉၉ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ ယင်းအနက် တစ်သီးပုဂ္ဂ လကိုယ်စားလှယ်လောင်းများ အောင်ပွဲခံနိုင်ခြင်းမရှိသကဲ့သို့ အမျိုးသားဒီမို ကရေစီအင်အားစု (NDF) ပါတီ၊ အမျိုးသားတိုးတက် ရေးပါတီနှင့် တိုင်းရင်း သားပါတီ များလည်း အောင်ပွဲခံနိုင်ခြင်းမရှိခဲ့ပေ။ ဒီချုပ်ကိုယ်စားလှယ် ၀င် ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့် ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်မဲဆန္ဒနယ်မြေ (၁)တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ကိုယ်စားလှယ် လောင်းက အနိုင်ရရှိခဲ့သည်။ အခြားမဲဆန္ဒနယ်မြေများတွင်မူပြည်ခိုင်ဖြိုးပါတီ နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီချုပ်ပါတီတို့မှ ကိုယ်စားလှယ် လောင်းများက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List