Monday, November 09, 2015

နေပြည်တော်တွင် ပြည်ခိုင်ဖြိုးနှင့်ဒီချုပ် အကြိတ်အနယ်ယှဉ်ပြိုင်နေ


နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ၌ နေပြည်တော်ကောင် စီရှစ်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့်နိုင်ငံရေးပါတီများအနက် အဓိက ပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အကြိတ်အနယ်ယှဉ်ပြိုင်နေရသည်။

နေပြည်တော်ကောင်စီအ တွင်းရှိ မြို့နယ်များအနက် တပ် နယ်နှစ်မြို့နယ်ဟု လူသိများသည့် ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ် တို့တွင် ရွေးကောက်ပွဲည ၁၁နာရီ ကျော်သည်အထိ အဓိကပါတီကြီး  နှစ်ခု၏ အနိုင်အရှုံးကို အတည်ပြု ပြောကြားနိုင်ရန် ခက်ခဲနေဆဲဖြစ် သည်။

ဇေယျာသီရိမြို့နယ်တွင် မဲ ရုံ ၇၀ကျော်ရှိသည့်အနက် ၃၀ ကျော်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရထားသော် လည်း တပ်တွင်းမဲရုံများတွင် မဲနှစ် သောင်းကျော်ရှိထားကြောင်း ဇေ ယျာသီရိနယ်မြေအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ရုံးမှသိရသည်။

 အလားတူ အစိုးရ၀န်ထမ်း အများစုနေထိုင်သည့် ဇမ္ဗူသီရိ မြို့နယ်တွင် မဲရုံ ၃၃ရုံရှိသည့်အ နက် ၁၂ရုံအနိုင်ရရှိထားသည်ဟု သိရပြီး ကျန်မဲရုံများ၏ အခြေအ နေကို မသိရသေးပေ။ အဆိုပါမြို့ နယ်အတွင်းရှိ လက်ရှိသမ္မတဦး  သိန်းစိန်မဲပေးသွားသည့်အမှတ် (၁)မဲရုံ၌ ပြည်သူ့လွှတ်တော်တွင်လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒီချုပ်ပါတီမှ ဦးဖြိုးဇေယျာသော်က ဆန္ဒမဲ ၅၇၀နှင့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဟောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဟောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းက ၁,၀၃၁မဲရရှိထားသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်တွင် ပြည်ခိုင်ဖြိုးကိုယ်စား လှယ်လောင်း ဦးမှတ်ကြီးက ဆန္ဒ မဲ ၉၃၀ရရှိထားပြီး ဒီချုပ်ကိုယ် စားလှယ်လောင်းဦးကျော် မင်းဦး က ၅၉၆မဲရရှိထားသည်။ သို့ သော် ဇမ္ဗူသီရိတွင်မဲရုံ ၂၈ရုံမှ ထွက်ပေါ် လာသည့် မဲရလဒ်အရ ဒီချုပ်ကိုယ်စားလှယ်လောင်းဦး ဖြိုးဇေယျာသော်က မဲအရေအ တွက် ၂,၁၀၀ကျော်ဖြင့် ဦးဆောင် နေပြီး ကျန်မဲရုံငါးရုံတွင် မဲပေးသူ ၅,၀၀၀ကျော်သာရှိတော့ကြောင်းသိရသည်။

လက်ရှိ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်သည် ၂၀၁၀ရွေး  ကောက်ပွဲအနိုင်ရရှိ ခဲ့ပြီး ယခုရွေး ကောက်ပွဲ၌ ပြန်လည်ရွေးချယ် ခံသည့် ဒက္ခိဏသီရိမဲဆန္ဒနယ် တွင် မဲရုံ ၁၅ရုံရှိသည့်အနက် ၁၂ ရုံ၏ ရလဒ်ထွက်ရှိလာရာ ဒီချုပ်ပါ တီက ဆယ်ရုံအနိုင်ရရှိထားပြီးနှစ် ရုံတွင် ရှုံးထားသည်ဟု ဒက္ခိဏသီ ရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အောင် နိုင်ရေးကိုယ်စား လှယ်ဒေါ်သန်း သန်းစိုးကပြောသည်။

ပျဉ်းမနားမြို့နယ်တွင် မဲရုံ ၉၃ရုံရှိရာ ပြည်သူ့လွှတ်တော်မဲဆ န္ဒနယ်၌ ဒီချုပ်ကိုယ်စားလှယ် လောင်းဦးသန်းစိုးအောင်သည် မဲ အရေအတွက် ၁၇,၁၇၉မဲဖြင့် ဦး ဆောင်နေပြီး ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ်လောင်း ဒေါ်ဝင်းဝင်းသီ သည် ၅,၅၄၅မဲ ရရှိထားကြောင်း ဒီချုပ်ကိုယ်စားလှယ်လောင်းဦး သန်းစိုးအောင်က ပြောသည်။ ကျန်ရှိသည့် လယ်ဝေးနှင့်တပ် ကုန်းမြို့နယ်တို့၏ အခြေအနေ များကို ဆက်သွယ်သော် လည်း ဆက်သွယ် မရခဲ့ပေ။

7Day News Journal

No comments:

Post a Comment

My Blog List