Monday, November 09, 2015

ခြသေ့င်္နှင့် ခွပ်ဒေါင်း ဘယ်သူအောင်ပွဲခံမလဲ


ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော ၉၁ ပါတီတွင် အစိုးရဖွဲ့နိုင် လောက်အောင် အင်အားတောင့်တင်းသည့် ပါတီနှစ်ခုမှာ ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ဖြစ်ပြီး ယနေ့ရွေးကောက်ပွဲ၌ အဆိုပါ ပါတီကြီးနှစ်ခုသာ အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မဲရုံများပိတ်ပြီး မဲရေတွက်ပြီးချိန်တွင် အောင်ပွဲခံမည့်ပါတီသည် ဒီချုပ်လား၊ ပြည်ခိုင်ဖြိုးလား ဆိုသည်မှာ မကြာမီနာရီပိုင်းအတွင်း အဖြေပေါ်တော့မည်ဖြစ်သည်။

ကျင်းပနေသော ရွေးကောက်ပွဲတွင် ပါတီ ၉၁ ပါတီဝင်ရောက်ယှဉ်ပြိုင်သော် လည်း အစိုးရဖွဲ့နိုင်အောင် အင် အားကြီးမားသည့် ပါတီမှာ တစ် နိုင်ငံလုံး နီးပါးဝင်ရောက်ယှဉ်ပြိုင် သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှစ်ခုသာ ရှိသည်။

မဲဆွယ်စည်းရုံးမှုကာလ အ ခြေအနေများအရ အာဏာရ ပြည် ခိုင်ဖြိုးထက် အတိုက်အခံပါတီ ဖြစ်သော ဒီချုပ်က အနိုင်ရရှိရန် ပိုမိုရေပန်းစားနေကြောင်း နိုင်ငံ ရေးလေ့လာသူအားလုံးက ပြော သည်။ သို့သော် ရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များမှာ မကြာမီ နာရီပိုင်းအတွင်း ထွက်ပေါ်လာ တော့မည်ဖြစ်၍ ဒီချုပ်၏ အမှတ် သင်္ကေတဖြစ်သော ခွပ်ဒေါင်းနှင့် ကြယ်ဖြူအောင်ပွဲခံမည်လား၊ ပြည်ခိုင်ဖြိုး၏ အမှတ်တံဆိပ်ဖြစ် သော ခြင်္သေ့က အောင်ပွဲခံမည် လားဆိုသည်မှာ သိရတော့မည် ဖြစ်သည်။

ပါတီနှစ်ခု၏ ဥက္ကဋ္ဌများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေးကာလ အဆင်ပြေချောမွေ့ရန် ၎င်းတို့၏ သဘောထားများကို အတိအလင်းထုတ်ဖော်ပြောကြားပြီးဖြစ်သည်။

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က‘‘အရေးကြီးတာက ဒီရွေးကောက်ပွဲနေ့မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ပဲ။ ဘယ်သူပဲရန်စစ ပြည်သူတွေဟာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေကြပါ။ တချို့က အကြောင်းကြောင်းကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်ပါတယ်။ အဲဒါတွေကို အထူး သတိပေးပါ။ ကိုယ့်အချင်းချင်းကိုလည်း သတိပေးပါ။ ဒီရွေးကောက်ပွဲအောင်နိုင်ရေးဆိုတာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်အရေးကြီးပါတယ်’’ဟု ပြည်သူများအား အောက်တိုဘာ ၃၀ ရက်က ဗီဒီယိုမိန့်ခွန်းမှ တစ်ဆင့် ပြောကြားသည်။

ထို့အပြင်‘‘မဲစာရင်းထဲမှာ မပါရင် လှည့်မပြန်ပါနဲ့။ ပြဿနာမရှာပါနဲ့။ တာဝန်ရှိတဲ့သူ မဲရုံမှူးနဲ့ တွေ့ပြီးတော့ အကျိုးအကြောင်း ပြောပြပါ။ တတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

သမ္မတဦးသိန်းစိန်ကလည်း နိုဝင်ဘာ ၆ ရက်က ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ‘‘ ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက် ပွဲတစ်ခုဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒသဘောထားကို မှန်ကန်စွာ ထင်ဟပ်ပြသနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင် ကြတဲ့ နိုင်ငံရေး အင်အားစုများအားလုံးအနေနဲ့လည်း မဲဆန္ဒရှင်ပြည်သူများရဲ့ အဆုံးအဖြတ်ကို တညီတညွတ် တည်း သဘောထားကြီးကြီး လက်ခံကြရ မှာဖြစ်ပါတယ်။

ထွက်ပေါ်လာမယ့် ရွေး ကောက်ပွဲရလဒ်များအပေါ် လေး စားလိုက်နာမှုနဲ့ ပတ်သက်ပြီး စိုး ရိမ်ပူပန်မှုများရှိနေတယ်လို့လည်း သိရှိရပါတယ်။ ကျွန်တော် တို့ အ စိုးရ၊ တပ်မတော်အနေနဲ့ တရား မျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲ များရဲ့ ရလဒ်ကို လေးစားလိုက်နာ သွားမည်ဖြစ်ကြောင်းကို ထပ်မံ ပြော ကြားလိုပါတယ်’’ဟု ကတိပြုသည်။

7Day News Journal

No comments:

Post a Comment

My Blog List