Thursday, November 12, 2015

ရွေးကောက်ပွဲနေ့ ပြဿနာအချို့ကို ကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထားဟု ဦးဌေးဦးပြော


ဟင်္သာတမြို့နယ် မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ရွေး ကောက်ပွဲနေ့ ပြဿနာအချို့ကို ရွေးကောက်ပွဲကော်မရှင်နှင့် ရဲ တပ်ဖွဲ့ သို့ တိုင်ကြားထားပြီး ထပ်မံတိုင်ကြားရန်လည်း ရှိသည်ဟု ဦး ဌေးဦးက ပြောသည်။

ဟင်္သာတမြို့နယ်ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်တွင် ဒီချုပ် ပါတီကိုယ်စား လှယ်လောင်းကို မဲလေးသောင်းကျော်အကွာဖြင့် ရှုံးနိမ့်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးက အသေးစိတ် အချက်အလက်ကို မပြောသော်လည်း ဟင်္သာတမြို့နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားထားသည်ကို ထုတ်ဖော်ပြောကြားသည်။

‘‘တချို့ဟာတွေ တိုင်ထားတယ်။ တချို့ဟာတွေ ရှိနေတယ်။ ဘာတွေရှိလဲဆို ကြိုတင်မဲတွေမှာ ကော်မရှင်ကမဟုတ်ဘဲနဲ့ မဆိုင်တဲ့သူတွေကနေ တံဆိပ်တုံး တွေ ရော၊ မဲစာရွက်တွေရောယူပြီး သွားလုပ်ခိုင်းတာတို့ ဒါတွေကတော့ တိုင်ရမှာပေါ့။ တိုင်ထားပြီးပြီ။ ဒီကော်မရှင်ရော၊ ရဲစခန်းရော တိုင်ထားတယ်’’ဟု ဦးဌေးဦးက ပြောသည်။

၎င်းရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် နေရာအချို့ကို တိုင်ကြားထားသည့် အမှုအရေ အတွက်သေချာ သိရှိနိုင်ရန် မေးမြန်းထားသည်ဟု ဆိုသည်။ ဟင်္သာတမြို့ နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အ တွင်းရေးမှူး ဦးဇော်မိုးအောင်က ပြည်ခိုင်ဖြိုးပါတီမဲပေးမည့် သူ တစ်ဦးက သက်သေခံမဲလက်မှတ် နှင့်အတူ မဲသွားပေးရာ ၎င်းနေရာ တွင် အခြားသူတစ်ဦး မဲပေးပြီး သားဖြစ်နေသည့် ဖြစ်စဉ်ကို ပြည် ခိုင်ဖြိုးပါတီက တိုင်ကြားထား သည်ဟု ပြောသည်။ ဟင်္သာတ မြို့ နယ်ရဲတပ်ဖွဲ့ကလည်း မဲမသမာမှု နှင့် ပတ်သက်၍ ရဲအရေးပိုင်သည့် အမှုနှစ်မှုကို စစ်ဆေးနေသည်ဟု ပြောသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပ ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်များတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများက ဒီ ချုပ် ပါတီကိုယ်စားလှယ်လောင်း များကို မဲရလဒ်သောင်းချီကွာပြီး ရှုံးနိမ့်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List