Monday, November 09, 2015

‘မဲဆန္ဒနယ်များတွင် ဒီချုပ် ဦးဆောင်နေ’








ပြည်ခိုင်ဖြိုး နာမည်ကြီး အမတ်လောင်းအများစု ရွေးကောက်ပွဲည ရေတွက်မှုအထိ အခြေအနေမကောင်း

ဖြူး
ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းဝင်ရောက် ယှဉ်ပြိုင်သည့် ဖြူးမြို့နယ်တွင်မဲရုံ စုစုပေါင်း ၂၁၁ ရုံရှိသည့် အနက် ည ၁၂ နာရီအချိန် အထိမဲရုံပေါင်း ၈၀ မှ မဲရလဒ်များ ထွက်ပေါ်လာပြီဖြစ်ကာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီက ပြည်ခိုင်ဖြိုးပါတီထက် မဲပေါင်း တစ် သောင်း အသာစီးရနေသည်။

ဇီးကုန်း
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်း တို့ ၀င်ရောက်ယှဉ်ပြိုင်သည့် ဇီးကုန်းမြို့နယ်အတွင်း မဲရုံပေါင်း၅၁ ရုံအနက် မဲရုံ တစ်ရုံတွင်သာ အဖြေသိရသေးပြီး ထိုမဲရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က အနိုင်ရထားသော်လည်း ကျန်မဲရုံများအခြေအနေမှာ စိတ်ချထားရသည့် အနေအထား မဟုတ်ကြောင်း သတင်းရရှိသည်။

ဗဟန်း
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဲပေးခဲ့ပြီး နာမည်ကြီးသည့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းဝင် ရောက်ယှဉ်ပြိုင် သည့် ဗဟန်းမဲ ဆန္ဒနယ်မြေတွင် စုစုပေါင်း မဲရုံ ၆၅ ရုံအနက် ၆၃ ရုံတွင် အမျိုး သားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်သုံးရပ်စလုံးအနိုင်ရခဲ့ သည်။

ရန်ကင်း
တက်ကြွလှုပ်ရှားသူ ဒေါ်ဇင်မာအောင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်တွင် စုစုပေါင်း မဲရုံ ၅၃ ရုံ၌ ၅၁ ရုံတွင် အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။

မြောက်ဥက္ကလာပ
မြောက်ဥက္ကလာပမြို့နယ် တွင် စုစုပေါင်း မဲရုံ ၂၃၈ ရုံရှိ သည့်အနက် ၆၉ ရုံမှာ မဲရလဒ်အဖြေများ သိရပြီး ဒီချုပ်ပါတီက မဲအပြတ် အသတ်ဖြင့် အနိုင်ရထားသည်။

ကျောက်တံတား
ကျောက်တံတားမြို့နယ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၇၅ ရခိုင်နှုန်းဖြင့် မဲအနိုင်ရရှိခဲ့ကြောင်း ကျောက်တံတားမြို့ နယ် ဒီချုပ်အောင်နိုင်ရေးရုံးမှ ထုတ်ပြန်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးထက်သည် မဲရလဒ် ပေါင်း၁၂,၄၅၀ ဖြင့် လည်းကောင်း၊အမျိုးသားလွှတ်တော်အမတ် လောင်း ဦးဘမျိုးသိန်းသည် မဲလက်မှတ်ပေါင်း ၁၂,၄၀၃ မဲဖြင့်သော်လည်းကောင်း အနိုင်ရရှိခဲ့ သည်ဟု ယင်းပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေမျိုးထက်က 7Day Daily သို့ပြောသည်။

တိုက်ကြီး
တိုက်ကြီးမြို့နယ်တွင် NLDပါတီ မှ လွှတ်တော်သုံးရပ်တွင် ၈၅ရာ ခိုင်နှုန်းခန့်အနိုင်ရသော်လည်း မဲ ရုံပိတ်ချိန်မှ ရောက်ရှိလာသော ကြိုတင်မဲ သုံးပုံးကြောင့် မြို့နယ် ကော်မရှင်နှင့် ငြင်းခုံနေရကြောင်း တိုက်ကြီးမြို့နယ် ဒီချုပ်အောင်နိုင်ရေးတာဝန်ခံ ဦးန န္ဒအောင်ကပြောသည်။ ကြိုတင်မဲပုံး ၃ပုံးတွင် မဲလက်မှတ်ငါးရာခန့်ပါဝင်ပြီး NLD ပါတီအတွက်မဲမှာ ၁၄မဲစီပါ ၀င်ကြောင်း ဦးနန္ဒ အောင်ကပြောသည်။

ပုဇွန်တောင်
ပုဇွန်တောင်မြို့နယ်ရှိ မဲရုံ ၂၆ ရုံစလုံးတွင် NLD ပါတီမှ အ ပြတ်အသတ်အနိုင်ရရှိနေပြီဟု ပုဇွန်တောင်မြို့နယ် NLD အောင် နိုင်ရေး ဥက္ကဋ္ဌ ဦးကျော်ဝဏ္ဏက ပြောသည်။ မဲရုံ ၂၆ ရုံစလုံး၏ မဲစာရင်းကို မထုတ် ပြန်သေးသော် လည်း လွှတ်တော်သုံးရပ်လုံးတွင် အနိုင်ရရှိထားပြီးဖြစ် သည်ဟု ဆို သည်။

အလုံ
အလုံမြို့နယ်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော် ၁၈,၉၀၈ မဲ၊ အမျိုး သားလွှတ်တော်အတွက် ၁၉,၈၃၄ မဲ၊ တိုင်းဒေသကြီး လွှတ်တော်အ တွက် ၁၉,၇၆၇ မဲ၊ ကရင်တိုင်း ရင်းသားနေရာအတွက် ၂၅၆ မဲနှင့်ရခိုင်တိုင်းရင်းသားအတွက် ၁၁ မဲ ရရှိထားပြီး အပြတ်အသတ်အနိုင် ရရှိထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ် ယဉ်ယဉ်မြင့်က ပြောသည်။

လှိုင်
လှိုင်မဲဆန္ဒနယ်ရှိ မဲရုံပေါင်း ၈၅ ရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်စားလှယ် လောင်းများ ၇၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိနေကြောင်း သတင်းရရှိ ပြီး ရပ်ကွက်များမှ မဲများမှာ ည ၁၂ နာရီကျော်သည်အထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ ၀င်လာဆဲဖြစ်၍ အရေအတွက် အတိအကျ မပြောနိုင်သေး ကြောင်း ကိုယ်စားလှယ်လောင်း များက ပြောသည်။

ကမာရွတ်
ကမာရွတ်မြို့နယ်ရှိ မဲရုံ ပေါင်း ၃၅ ရုံ၏ ၈၀ ရာခိုင်နှုန်းခန့် ကို အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စားလှယ်လောင်း များ အနိုင်ရရှိနေကြောင်း သတင်းရရှိပြီး မဲရေတွက်မှုများ မပြီးသေး သဖြင့် အရေအတွက်တိတိကျကျ ဖြင့် တရားဝင်မပြောကြားနိုင် သေးကြောင်း NLD အောင်နိုင် ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ကျောက်တန်း
ကျောက်တန်းမြို့နယ် မဲရုံပေါင်း ၁၉ ရုံရှိသည့်အနက် ရွေးကောက်ပွဲကော် မရှင်ရုံးတွင် မဲရုံ ၂၀ ခန့်မှ မဲစာရင်းများ ရောက်ရှိလာသော်လည်း စာရင်း မပေါင်းရသေးဘဲ မဲရုံအားလုံးစုံရန် ည ၁၂ နာရီခွဲအချိန်အထိ စောင့်ဆိုင်း နေဆဲဖြစ်သည်။ သို့သော်ရှေ့ပြေးမဲစာ ရင်းများအရ ကျောက်တန်းရှိ ကျေးရွာ ၄၀ ခန့်တွင် အနိုင်ရရှိနေပြီး မြို့ နယ်အတွင်း ကျေးရွာ ၈၀ ခန့်ရှိ သည့်အနက် အစွန်အဖျားရှိ ကျေးရွာအချို့တွင်သာ အနည်းငယ်ရှုံး နိမ့်နေ သည်ဟု ဒီချုပ်ပါတီ ကျောက်တန်းအောင်နိုင်ရေးတာ ၀န်ရှိသူ ဒေါ်နန်း တင်စိုးက ပြောသည်။

ဒလ
ဒလမြို့နယ်ရှိ မဲဆန္ဒနယ် များမှ မဲအနိုင်ရလဒ်များကို ည ၁၂ နာရီခွဲအထိ ရေတွက်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီက ၈၀ ရာခိုင်နှုန်း ကျော် အနိုင်ရရှိထားကြောင်း ဒလမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ မဲစာရင်းတာဝန်ခံ ဦး မောင်မောင်အေးက ပြောသည်။

သန်လျင်
သန်လျင်မြို့နယ်တွင် မဲရုံစုစုပေါင်း ၂၃၃ ရုံရှိရာ ရောက်ရှိလာနေသည့် မဲစာရင်းများကို စုပေါင်းနေပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီအောင် နိုင်ရေးအဖွဲ့များ၏ သတင်းများအရ အဆိုပါမြို့ နယ်တွင် ဒီချုပ်အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း အောင်နိုင်ရေးမှ တာဝန်ရှိသူ ဦးစိုးမြင့်ထိန်က ပြော သည်။

ကော့မှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကော့မှူးမြို့နယ်တွင် မဲအပြတ် အသတ်အနိုင်ရခဲ့ သည်။ မဲပေးခွင့်ရှိသူပေါင်း ကိုး သောင်းကျော်ရှိသော ကော့မှူး မြို့နယ်တွင် အတိုက်အခံအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အာဏာရပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲလေး ဆခန့်အသာဖြင့် အပြတ်အသတ် ကျော်ဖြတ်၍ အနိုင်ရရှိခဲ့သည်။ သို့သော် မဆယ်ဆိပ်ကျေးရွာအုပ်စုတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီချုပ်၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ် သုံးဦးစလုံးအနိုင်ရရှိခဲ့သည်။

သင်္ဃန်းကျွန်း
သင်္ဃန်းကျွန်းမြို့နယ်တွင် မဲ ရုံပေါင်း ၁၂၀ ရုံ၊ မဲဆန္ဒရှင် ၁ သိန်းသုံးသောင်း ကျော်ရှိပြီး အဆိုပါမဲရုံ ၁၂၀ စလုံးတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင့် ဒီချုပ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးရွှေလှဝင်းက နိုဝင်ဘာ ၈ ရက်ည ၁၁ နာရီခန့်တွင်ပြောသည်။

ဒဂုံမြို့သစ်
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မဲရုံ ၁၅၃ ရုံ၊ မဲဆန္ဒရှင်တစ်သိန်း နှစ်သောင်းကျော်ရှိပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၈၀ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း ဒီချုပ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါက်တာ ခင် မောင်မောင်က ပြောသည်။

လသာ
လသာမြို့နယ်တွင် ရပ်ကွက်၁၀ ရပ်ကွက်၌ မဲရုံ ၁၈ ရုံရှိပြီး မဲ ပေးနိုင်သည့်မဲဆန္ဒရှင်နှစ်သောင်း သုံးထောင်ခန့်ရှိသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က မဲအပြတ်အ သတ်နှင့် အနိုင်ရရှိခဲ့သည်ဟု လသာမြို့နယ် ဒီချုပ်အဖွဲ့က ထုတ်ပြန်သည်။

ဆိပ်ကြီးခနောင်တို
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် တိုင်းဒေသကြီးလွှတ် တော်နေရာတို့တွင် နိုဝင်ဘာ ၈ရက် ည ၁၂ နာရီခန့်အထိ ယေဘုယျသိရသည် မဲစာရင်းရလဒ်အရ ဒီချုပ် ကိုယ်စားလှယ် လောင်းများက အနိုင်ရရှိနေကြောင်း ဒီချုပ်ပါတီအောင်နိုင် ရေးနှင့် မဲရုံစောင့်ကြည့်သူများက ပြောသည်။

ရွှေပြည်သာ
ရွှေပြည်သာ မြို့နယ်တွင် မဲရုံ ပေါင်း ၉၅ ရုံရှိသည့်အနက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ထက် ၀က်ကျော်ရေတွက်ပြီးဖြစ်ရာ ပြည်သူ့လွှတ်တော်နေရာ အတွက် NLDက ၆၅,၉၀၅၊ ပြည်ခိုင်ဖြိုးက ၁၄,၃၈၈၊ အမျိုးသားလွှတ်တော် နေရာအတွက် NLDက ၅၈,၅၉၀၊ ပြည်ခိုင်ဖြိုးက ၁၂,၈၃၀၊ တိုင်းဒေ သကြီးလွှတ်တော် ၁အတွက် NLD က ၂၃,၈၁၄၊ ပြည်ခိုင်ဖြိုးက၆,၃၁၂၊ တိုင်းဒေသကြီးလွှတ် တော်(၂) အတွက် NLDက ၂၈,၇၇၆၊ ပြည်ခိုင်ဖြိုးက ၆,၄၈၃ဖြစ်နေကြောင်းသတင်းရရှိသည်။

ကျောက်ပန်းတောင်း
ကျောက်ပန်းတောင်းမြို့ နယ်တွင် ကျေးရွာပေါင်း ၃၃၉ ရွာ၊ မဲရုံပေါင်း ၃၈၀ ခန့်ရှိရာ မဲရုံ ၂၅ ရုံတွင်သာ ဒီချုပ်ရှုံးနိမ့်ခဲ့ပြီး ကျန်မဲရုံအားလုံးတွင် အနိုင်ရရှိခဲ့ ကြောင်း ကျောက်ပန်းတောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ကိုမျိုးဆွေဦးက ပြော သည်။ ကျေးရွာအများစုရှိ မဲရုံ များတွင်သာမက မြို့ပေါ်ရပ် ကွက်များရှိ မဲရုံများတွင်လည်း ဒီချုပ်ကိုယ် စားလှယ်လောင်းများ က မဲရလဒ်အပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည်။

ရှားတောမဲဆန္ဒနယ်
ကယားပြည်နယ် ရှားတော မြို့နယ် အမျိုးသားလွှတ်တော် ဒီချုပ်ကိုယ်စား လှယ်လောင်း ဦး အောင်ကျော်စိုးက တစ်သီးပုဂ္ဂ လ၀င်ရောက်ယှဉ်ပြိုင်သော လက်ရှိသမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကို မဲ ၆၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

(မဲရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ခြင်းမရှိသေး ခြင်းကြောင့် ပါတီ အောင်နိုင်ရေးအဖွဲ့ဝင်များ မဲရုံ ကိုယ်စားလှယ်များဆီမှ ရရှိသည့် အချက်အလက်များကို စုစည်း ဖော်ပြခြင်းဖြစ်သည်)
သတင်းဓာတ်ပုံများ − ဂျေမောင်မောင်(အမရပူရ)
7Day News Journal

No comments:

Post a Comment

My Blog List