Monday, November 09, 2015

နောက်ဆုံးရလဒ် မသိသေးသော်လည်း မြန်မာပြည်သူများ ပျော်ရွှင်စွာ မဲပေးကြ


တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရသူများကို ချက်ချင်းတရားဝင် ကြေညာနိုင်မည် မဟုတ်သေး သော်လည်း နိုင်ငံတစ်ဝန်းမှ မဲရုံများတွင် သတ္တိရှိစွာ အတန်းရှည်ကြီးများနှင့် တန်းစီနေသော မဲဆန္ဒရှင် များက မဲပေးခွင့်ရသည်ကိုပဲ ပျော်ရွှင်ကျေနပ်ဝမ်းသာနေ ကြပါသည်။

အနှစ် (၅၀) ကြာ စစ်အာဏာရှင်အောက်မှာ နေခဲ့ရပြီး ရွေး ကောက်ပွဲများ လုပ်လိုက်၊ ဖျက်လိုက်နောက်ပိုင်း အများစုပြောနေကြသည့် သူတို့၏ ပထမဆုံး စစ်မှန်သော ရွေးကောက်ပွဲဟု မဲဆန္ဒရှင်များက ပါဝင်ဆင်နွှဲနေ ကြခြင်းဖြစ်၏။

‘‘ဒီအစိုးရရဲ့ နှစ်ပေါင်းများ စွာ ဖိနှိပ်တာကို ကျွန်တော်တို့ ခံ ခဲ့ရတယ်။ ဒါက လွတ်လပ်မှုအ တွက် ကျွန်တော်တို့ရဲ့ အခွင့်အ ရေးပဲ’’ဟု အသက် (၆၃) နှစ်အ ရွယ် ဦးစန်းမော်က ပြောသည်။ သူက သူ့မိသားစုနှင့် မိတ်ဆွေ များလည်း မဲပေးကြသည်ဟုဆိုပါ သည်။

အတိုက်အခံဒီမိုကရေစီအင် အားစု အားသာပုံရသည့် ရွေး ကောက်ပွဲတွင် ရလဒ်နှင့် ယင်းရလဒ်ကို တိုင်းပြည်အာဏာစွဲကိုင်ထားဆဲဖြစ်သည့် စစ်တပ်က လက်ခံမည်လားဆိုတာ ယခုထိမသေချာသေးပေ။ ထောင်နှင့် ချီသော မွတ်စလင်လူမျိုးနွယ်စုများ လည်း မဲပေးခွင့်မရခဲ့ပေ။

သို့သော်တနင်္ဂနွေနေ့ရွေး ကောက်ပွဲတွင် မဲပေးခဲ့သူများက တော့ နှစ်ပေါင်းများစွာ စစ်တပ် လွှမ်းမိုးမှုအောက်၌ နေခဲ့ရပြီး နောက်တွင် လူထုဆန္ဒနှင့် နိုင်ငံကို အုပ်ချုပ်နိုင်တော့မည်ဆိုသည့် အသိဖြင့် ၀မ်းသာပျော်ရွှင်နေကြ သည်ဟု ဆိုပါသည်။ ယင်းရွေး ကောက်ပွဲတွင် နိုင်ငံ့လူဦးရေ ၃၂ သန်းခန့်က မဲပေးဖို့ စာရင်းဝင်ခဲ့ ပါသည်။

‘‘ဒါက ကျွန်တော့်ရဲ့ ပထမ ဆုံးမဲပေးတာပဲ။ ကျွန်တော်စိတ် အရမ်းလှုပ်ရှား နေပါတယ်’’ဟု ရန်ကုန်လမ်းဘေးက ကွမ်းယာသည် ကိုဥက္ကာဦးက ပြောပါသည်။

ကိုဥက္ကာဦးက သူ့ဘေးက နေ ဖြတ်သွားသူများကို မေမေနိုင် ရမည်ဆိုသည့် သီချင်းကို ဆိုပြ နေပါသည်။ ဒီသီချင်းက မြန်မာ စစ်အစိုးရကို ဆန့်ကျင်သည့် အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကို ရည်စူးဖွဲ့ ဆိုထား သော သီချင်းဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည် သည် ဗြိတိသျှလက်အောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရ အောင် ကြိုးပမ်းခဲ့စဉ် လုပ်ကြံခံ လိုက်ရသည့် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်ပါသည်။ သူ၏ ပြိုင်ဘက်စစ်ဗိုလ်ချုပ်များတွင် မရှိ သည့် လူကြိုက်များ ထောက်ခံမှု ကို ဒေါ်အောင်ဆန်းစုကြည်က ရရှိထား ပါသည်။ သူက အသက် (၇၀)အရွယ်ရှိပြီး သူ့ကို ထောက်ခံသူ များက အထူးလေးစားချစ်ခင် ခြင်းခံရသူဖြစ်ပြီး အမေစုဟု ခေါ် ကြသည်။

‘‘သူ့အဖေရဲ့ တာဝန်တွေက မပြီးဆုံးခဲ့ဘူး။ ဒါကြောင့် ဒီတာ ၀န်ကို ပြီးမြောက် ဖို့က သူ့တာဝန် ပဲလို့ ဒေါ်စုက အမြဲခံယူထား တယ်။ ဒါက သူ့ရဲ့ ဂုဏ်သိက္ခာ အတွက် နောက်ဆုံးအခွင့်အရေး ပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကို ရေးသားခဲ့သူ သတင်းစာဆရာ ဘာတေးလ်လင့် တနာကပြောကြားသည်။

၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ၏ အောင်မြင်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် ယခု အခါ လွှတ်တော်အမတ်တစ်ဦး ဖြစ်နေပါသည်။ တနင်္ဂနွေနေ့တွင် သူ့အိမ်အနီး ကျောင်းတစ်ခုရှိ မဲ ရုံ၌ ဓာတ်ပုံဆရာများ၊ သတင်း ထောက်များ ၀ိုင်းဝိုင်းလည်နေ သည့်အကြား မဲပေးခဲ့သည်။

စစ်ဗိုလ်ချုပ်တွေက သူ့ကို တားဆီးထားသည့်အတွက် သူ အာဏာရမည့် အရေးမှာ အခက် အခဲပြဿနာအများကြီးရှိနေပါ သည်။ အခြေခံဥပဒေအရ စစ် တပ်က ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် နယ်စပ်ဒေသနှင့် နိုင်ငံတစ်ဝန်းက အုပ်ချုပ် ရေးကို ထိန်းထားနိုင်သော အဓိက ၀န်ကြီး သုံးနေရာကို ထိန်းချုပ်ထားနိုင် မည်ဖြစ်သည်။ စစ် တပ်အမတ် ၂၅ ရာခိုင်နှုန်းက လည်း လွှတ်တော်ထဲမှာ နေရာယူထားပြီးဖြစ်သည်။ ထို့ကြောင့် ဒေါ် အောင်ဆန်းစုကြည်၏ ပါတီ အနေဖြင့် လွှတ်တော်အတွင်း အဓိကနေရာအတော်များများရဖို့ မဲသုံးပုံ နှစ်ပုံခန့်ကို နိုင်ရမည်ဖြစ် သည်။

ယခု ရွေးကောက်ပွဲတွင် သမ္မတကို ရွေးချယ်ရာ၌ အရေးပါသည့် နေရာက ရှိနေနိုင်သည့် တိုင်းရင်းသားလူမျိုးနွယ်စုပါတီ များအပါအ၀င် ပါတီ ၉၀ ကျော် က မှတ်ပုံတင်ယှဉ်ပြိုင်ခဲ့ပါသည်။ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် နိုင်ငံက အခွင့်ထူးခံလူ တန်းစားများက သူ့ကို ဝေဖန်ပြစ် တင်နေသည့် လွှမ်းမိုးမှု များသည် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအတွေ့ အကြုံအားနည်းသည်ဆိုသော အ ချက်ကို ကျော်လွှားနိုင်အောင် လုပ်ဆောင်ရပေမည်။ အခြေခံဥ ပဒေတွင် စစ်ဗိုလ်ချုပ်များက နိုင်ငံ ခြားသားကို လက်ထပ်ထားသူနှင့် နိုင်ငံခြားသား သားသမီးများရှိသူ ကို သမ္မတအဖြစ် လုပ်ခွင့်မရှိ အောင် ရေးဆွဲခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှလူမျိုး နှင့် လက်ထပ်ခဲ့ကာ  နိုင်ငံခြား သားဖြစ်နေသည့် သားနှစ်ဦးရှိပါ သည်။

သို့သော် သူတို့ပါတီသာ အ နိုင်ရပါက သူ့အနေဖြင့် သမ္မတ၏ တစ်ထက် ကနေ အစိုးရအဖွဲ့ကို ဆောင်ရွက်သွားမည်ဟု ပြီးခဲ့ သည့်တစ်ပတ်က ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

ဒီပြောကြားချက်က စစ်တပ် ပါတီဖြစ်သည့် အာဏာရပြည်ခိုင် ဖြိုးပါတီကို ဆွပေးလိုက်သလိုရှိသည်။

‘‘သမ္မတက တိုင်းပြည်ရဲ့ အကြီးအကဲပဲ။ ဘယ်သူမှ သမ္မတအထက်မှာ မရှိပါဘူး။ ဒါက သမ္မတကို ရွေးချယ်ခန့်အပ်တဲ့ အခြေခံဥပဒေကို ချိုးဖောက် တာပဲ’’ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဌေးဦးက တုံ့ပြန်ပြောကြားခဲ့သည်ဟု Nikkei Asian Review သတင်း၌ ဖော်ပြထားသည်။

လာမည့်နှစ်တွင် တိုင်းပြည် ၏သမ္မတကို အောက်လွှတ်တော် နှင့်အထက် လွှတ်တော်တို့က ရွေး ချယ်မည်ဖြစ်၏။ သည်နေရာမှာ အလှည့်အပြောင်း အကောက်အ ကွေ့များ အတော်များများရှိလာ မည်ဟု မီဒီယာများက ကြိုတင် တွက်ဆနေပါသည်။ မြန်မာပြည် က လူအတော်များများကတော့ စစ်တပ်အနေဖြင့် ရှုံးခဲ့ပါကလွယ် လွယ်ကူကူအာဏာလွှဲပေးမည် ဟု မယုံကြည်ကြပါ။ အဘယ် ကြောင့်ဆိုသော် ၁၉၉၀ ရွေး ကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အပြတ်အသတ်အနိုင်ရခဲ့သည်ကို စစ်ဗိုလ်ချုပ်များက ပယ်ဖျက်ခဲ့သည့် အ တွက်ဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်ကမူ သမ္မ တဦးသိန်းစိန်က အစိုးရနှင့်စစ် တပ်သည် လွတ်လပ်ပြီး တရားမျှ တသော ရွေးကောက်ပွဲ၏ရလဒ်ကို လေးစားလိုက်နာ ပါမည်ဟု ပြောကြားခဲ့သည်။ သည်ရွေး ကောက်ပွဲသည် မြန်မာ့သမိုင်းတွင် အဓိပ္ပာယ်အရှိဆုံးနှင့် အရေးကြီး ဆုံးဟု သမ္မတဦးသိန်းစိန်က ဆိုပါ သည်။

ယခုတနင်္ဂနွေတွင် သူတို့၏အဓိကဦးစားပေးမှုက ရွေး ကောက်ပွဲလုပ်ငန်းစဉ် နှင့်ဘယ်သူ မှ မဲလိမ်မခံရရေးဖြစ်သည်ဟု မဲ ပေးသူများက ပြောပါသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စား လှယ်များအပါ အဝင် ရွေးကောက် ပွဲလေ့လာသူ ၁၀,၀၀၀ ကျော် လည်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်တွင် မှတ်ပုံတင်ပြီး လေ့လာနေကြပါသည်။ မဲဆန္ဒရှင်များ ကလည်း ဖြစ်လာနိုင်သော အခြေအနေများကို သတိထား စောင့်ကြည့်နေပြီး ရွေးကောက်ပွဲမှ ပုံ မှန်မဟုတ်သည့်အရာများကို ဆိုရှယ် မီဒီယာများတွင် ရေးသားကြသည်။ ညနေ ၄ နာရီ မဲရုံများပိတ်ချိန်အထိတော့ ပုံမှန်ဟုတ် သည့် မရိုးသားမှုများကို မတွေ့ရှိသေးပါ။ သို့သော် မဲရေတွက်ချိန် က အဓိကအစပြုသည့် အချိန် ပင်ဖြစ်သည်။

ဦးစန်းမော်ကမူ သူ၏တနင်္ဂ နွေအတန်းများကို ဖျက်ကာနားခဲ့ ပြီး သူ့အတွက် သုံးနှစ်အတွင်း ပထမဆုံးခွင့်ယူခြင်းဟုပြောပါ သည်။ သူ့အနေဖြင့် အိမ်နားက မဲရုံမှာ မဲရေတွက်တာကို စောင့် ကြည့်ဖို့ စီစဉ်ထားပါသည်။

‘‘ကျွန်တော်က ရိုးရိုးနိုင်ငံ သားတစ်ယောက်ပါပဲ။ ဒါပေမဲ့ မဲရေတာကိုတော့ ကျွန်တော် စောင့်ကြည့်ပါတယ်’’

7Day News Journal

No comments:

Post a Comment

My Blog List