Thursday, November 12, 2015

လွှတ်တော် ၂ ရပ်ပေါင်း ၈၁ ရာခိုင်နှုန်း အနိုင်ရနေဟု အန်အယ်လ်ဒီပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီနေ့ထိ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ ၈၁ ရာခိုင်နှုန်း အနိုင်ရနေပြီလို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။“ကျနော်တို့ အခုရရှိတဲ့ စာရင်းအရဆိုရင်တော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှာ ရာခိုင်နှုန်း ၈၁ လောက် ရနေပါပြီ။ တိုင်းဒေသကြီးကို မပေါင်းရသေးဘူး၊ အဲ့ဒါတွေလည်း အတော်များများ ရနေပါပြီ။ နေရာနဲ့ နိုင်တဲ့အပေါ်မှာ ရာခိုင်နှုန်းတွက်ပါတယ်။ 

ဝင်ရောက်ယှဉ်ပြိုင်တဲ့ဟာနဲ့ မတွက်ပါဘူး။ ၁၀ နေရာမှာ ၇ေ နေရာဝင် ပြိုင်လည်း ၁၀ နေရာနဲ့ တွက်ပါတယ်။ နောင်ကျရင်လည်း ဒီလိုပဲ တွက်ရမှာ မို့လို့ပါ။ အဲ့ဒါက ၈၁ ရာခိုင်နှုန်း ကျနော်တို့ ရနေပါပြီ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးကတော့ အဖွဲ့ချုပ် အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

“နံပါတ်တစ်ကတော့ တိုင်းပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပေါ့။ စည်းလုံးညီညွတ်မှု ရအောင်ပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ လည်း အရေးကြီးတယ်၊ သူတို့ ညီညွတ်မှ၊ ယုံကြည်မှုရမှလည်း ဆက်ပြီးလုပ် နိုင်မှာဖြစ်တယ်။”

နိုဝင်ဘာ ၁၁ ရက် ညနေ ၃ နာရီအထိ ရွေးကောက်ပွဲကော်မရှင်ရဲ့အတည်ပြု ထုတ်ပြန်ပြီး မဲရလဒ်တွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နေရာ ၂ ရပ်ပေါင်း ၂၁၁ နေရာ အနိုင်ရနေပါတယ်။ ဒါဟာ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရဖွဲ့နိုင်ဖို့ လိုအပ် တဲ့ အမတ်အရေအတွက် ၃၂၉ နေရာရဖို့ ၁၀၀ ကျော်ပဲလိုတော့တာ ဖြစ်ပါ တယ်။

DVB

No comments:

Post a Comment

My Blog List