Thursday, November 12, 2015

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရုဏ်ဦး


‘‘သွေးထွက်သံယိုမှုတွေကို အဆုံး သတ်ဖို့ အချိန်တန်ပါပြီ။ ပြည်လည်တည် ဆောက်ရေးနဲ့ ပြန် လည်သင့်မြတ်ရေးကိုစတင်ဖို့ အချိန်ရောက်ပါပြီ’’ နယ်လ်ဆင်မန်ဒဲလားနှင့် လက်တွဲ၍ တောင်အာဖရိကအကူးအပြောင်းကို ဦးဆောင်ခဲ့သူ နိုဗယ်ဆုရှင်နှင့် သမ္မတလောင်း အက်ဖ်ဒဗလျူဒီကလက် ပြောခဲ့ သောစကား...

ရွေးကောက်ပွဲမဲအများစုအ နိုင်ရချိန်တွင် အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးလုပ်သော အလုပ်က အဓိကကျသော ထိပ်သီးခေါင်း ဆောင်သုံးဦးထံသို့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရန် ကမ်းလှမ်း တောင်း ဆိုစာ ပေးပို့လိုက်ခြင်းဖြစ်သည်။  အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး ဆွေး နွေးလိုပါသည်ဆိုသော စာများကို သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည် ထောင်စုလွှတ်တော်နာယကသူရ ဦးရွှေမန်းတို့ထံ တစ်စောင်စီပေးပို့ ခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်မှာပင် ၎င်း တို့သုံးဦးစလုံးက တွေ့ဆုံမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထံသို့ အကြောင်းပြန်ကြားခဲ့ သည်။ ပေးစာကို တွေ့မြင်သော ပြည်သူလူထုသည် တစ်နေ့တာ လုံး ပြန်စာများကို စောင့်စားမျှော် လင့်ခဲ့ကြသည်မှာ အထင်အရှား ပင်။ ဦးစွာတုံ့ပြန်ဖြေကြား သူမှာ သူရဦးရွှေမန်းဖြစ်ပြီး လာမည့် တစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်မည်ဟု တရားဝင်အ ကြောင်းပြန်ခဲ့သည်။ ထို့နောက် သမ္မတကိုယ်စား ပြန်ကြားရေးဝန် ကြီးဦးရဲထွဋ်က အကြောင်းပြန် ကြားရာတွင် ဒေါ်အောင် ဆန်းစု ကြည်အဆိုပြုသည့် တွေ့ဆုံဆွေး နွေးရေးနှင့်ပတ်သက်၍ ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ် ငန်းများ ပြီးဆုံးချိန်၌ နှစ်ဖက်ညှိ နှိုင်းဆောင်ရွက်မည်ဟု တရားဝင်အကြောင်းပြန်မှုကို သမ္မတရုံး ဖေ့စ်ဘွတ်ခ်တွင်လည်း ညနေပိုင်း ၌ ကြေညာခဲ့သည်။ 

ည ၈နာရီခန့် တွင် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးကလည်း တုံ့ပြန်စာထုတ် ပြန်ရာ NLD လွှတ်တော်နေရာအများစုရရှိခြင်းအပေါ် ဂုဏ်ပြု ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစု ကြည်တွေ့ဆုံရေးကို ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်းများ ပြီးဆုံးချိန် တွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲရလဒ်ကြေညာ မှုမှာ နှစ်ပတ်ခန့်ကြာလျှင် အပြီးသတ်မည်ဟုဆိုထား၍ တွေ့ဆုံမှုမှာ မကြာမီဖြစ်လာမည်ဟု ဆိုရမည်။

‘‘တကယ့်အဓိကက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြားက တွေ့ဆုံဆွေးနွေးမှုပဲ။ ဒီလိုတွေ့ဆုံဆွေး နွေးမှုမျိုးကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လက်ခံသင့်ပြီး ကြိုဆိုသင့်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ တပ်မတော်ကြား သဘောတူညီချက်ကသာလျှင် အရာရာကို အပြုသဘောနဲ့ ချော ချောမွေ့မွေ့ ရှေ့ရောက်အောင် ရွှေ့နိုင် ရေးအတွက် အဓိကအခြေ ခံဖြစ်တယ်။ ဒါဟာတိုင်းပြည်ရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အ ကျိုးစီးပွားဖြစ်သလို တပ်မတော်ရဲ့ ကောင်းကျိုးလည်း ပဲဖြစ်တယ်’’ ဟု မြန်မာ့ရွေးကောက်ပွဲနှင့် မြန် မာ့နိုင်ငံရေး လေ့လာသုံးသပ် သူ အီဂေါဗလာဇီဗစ်ကပြောသည်။

ယခုအခြေအနေသည် ရှုံးသူ မရှိဘဲ အားလုံးအနိုင်ရဖို့အတွက် တစ်ခုတည်း သော အခြေအနေ ဖြစ်သည်ဟု ၀ါရင့်သတင်းစာဆရာ ဦးရဲနိုင်မိုးက သုံးသပ်သည်။ လက်ရှိ ဦးသိန်းစိန်အစိုးရအတွက်  သမိုင်းတွင် အပြောင်း အလဲကို အ ချောမွေ့ဆုံးကိုင်တွယ်သွားနိုင်သူ အဖြစ် ဂုဏ်သိက္ခာမှတ်တမ်း ၀င် မည်ဖြစ်သလို တပ်မတော်အနေ ဖြင့်လည်း ပြည်သူများ၏ နှလုံး သားတွင် ပြန်လည်ဝင်ရောက်ရန် အတွက် တံခါးပွင့်လျက်ရှိနေ ကြောင်း ၎င်းကထောက်ပြသည်။ ဗလာစာမျက်နှာများနှင့် သမိုင်း စာအုပ်သည် သမ္မတနှင့်ကာချုပ် တို့၏ လက်ထဲတွင်ရှိနေသည်ဟု ဆိုသည်။

‘‘အနာဂတ်မှာ ရင်ဆိုင်ရ မယ့် ပြဿနာတွေကိုတော့ အစိုး ရသစ်က ကိုင်တွယ်ဖြေရှင်းရမှာပါ။ အခုအချိန်မှာ အရေးကြီးဆုံးကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ စစ်မှန်တဲ့၊ ပွင့်လင်းတဲ့ စကားပြောဆိုဆွေးနွေးမှုဖြစ်ပါ တယ်။ ဒီစကားပြောဆိုဆွေးနွေးမှု ကို ၂၇နှစ်ကြာအောင် သိမ်းဆည်း ထားတဲ့ဆန္ဒတွေကို ဆုပ်ကိုင်ပြီး ပြည်သူတွေက စောင့်ကြည့်နေ ကြမှာပါ’’ဟု ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း တည် ထောင်သူဒါရိုက်တာသတင်းစာ ဆရာဦးရဲနိုင်မိုးကသုံးသပ်သည်။

တစ်ချိန်တည်းမှာပင် အ တိုက်အခံခေါင်းဆောင်နှင့် ၎င်းကို ထောက်ခံသူ များအတွက်လည်း တပ်မတော်နှင့် အုပ်ချုပ်သူအသိုင်းအ၀ိုင်းဆီက ယုံကြည် မှုကို ရရှိရန်အတွက်မျှော်လင့်ချက်ရှိသည်ဟုဆိုသည်။ တပ်မတော်သား များ အကြားတွင် အတိုက်အခံအပေါ်ရှိခဲ့သည့် သံသယကိုချေဖျက်ရန်အခွင့် အလမ်းတစ်ခုဖြစ်သည်။

ဦးသိန်းစိန်အစိုးရထံမှ အစိုး ရသစ်ထံသို့ အာဏာချောမွေ့စွာ လွှဲပြောင်းရေး နှင့်ပတ်သက်၍ ပြည်သူလူထုယုံကြည်စိတ်ချရန် အတွက် တွေ့ဆုံဆွေးနွေးမှု မှတစ် ဆင့်သက်သေပြနိုင်သည်။ တပ်မ တော်အနေဖြင့် ရွေးကောက်ပွဲရ လဒ်ကို လက်ခံပြီးလေးစားမည် ဖြစ်သလို လွှတ်တော်သစ်၊ အစိုး ရသစ်တို့နှင့် အပြုသဘောအ ထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း လူထုနှင့် အဓိက ပါဝင်သူ များက ယုံကြည်စိတ်ချရန်တွေ့ ဆုံဆွေးနွေးမှုများကအရေးကြီး နေသည်။ ရှေ့ဆက်လုပ်ဆောင် ကြမည့်အဆင့်များကို အဓိကကျ သော ၎င်းတို့အနေဖြင့် ညှိနှိုင်း ဆွေးနွေးနိုင်ရန် အရေးကြီးလှ သည်။ 

တစ်ချိန်တည်းမှာပင် လာ မည့်သုံးလတာကာလအတွင်း မ သေချာမှု၊ လွှတ်တော်သစ်နှင့်အ စိုးရသစ်ကို မည်ကဲ့သို့ ဖွဲ့စည်း မည်နည်း၊ အာဏာကို မည်ကဲ့သို့ လွှဲပြောင်းမည်နည်း ဆိုသည့်မသေ ချာမှုများကိုရှောင်ရှားရန် အရေး ကြီးလှရာ တွေ့ဆုံဆွေးနွေးမှုဖြင့် သာလျှင် နိုင်ငံရေးမျှခြေတစ်ခုကို သဘောတူထားသင့်သည်ဟု နိုင်  ငံရေး လေ့လာသူများက အကြံ ပေးနေကြပါသည်။

သူရဦးရွှေမန်းသည် လွှတ် တော်နာယကဖြစ်နေဆဲဖြစ်ပြီး လွှတ်တော်မပြီး ဆုံးမီ နောက်ဆုံးတစ်ကြိမ်ခေါ်ယူကျင်းပရဦးမည် ဖြစ်၍ အဓိကကျသူ တစ်ယောက် ဖြစ်နေဆဲဖြစ်သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့၊ အပေးအယူ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေတယ်။ ရွေးကောက်ပွဲအပြီးမှာ သူ့အနေနဲ့ က ပြည်သူလူထု ရဲ့ ကြီးမားလှတဲ့ ဆန္ဒကို ကိုယ်စားပြုသူဖြစ်နေသ လို တွေ့ဆုံညှိနှိုင်းမှုတွေ ကနေ ထွက်လာမယ့် ရလဒ်တွေကို ပြည် သူအများစုလက်ခံအောင် သူ စည်းရုံးနိုင်စွမ်းရှိတယ်။ အဲဒီတော့ တပ်မတော်ဟာ တိုင်းပြည် အကျိုးအတွက် ဒီအခွင့်အလမ်းကောင်းကို အသုံးချသင့်တယ်။ အနာဂတ်မှာ တပ်မတော်ဟာ အပြုသဘောဆောင်တဲ့ အနေအထားကောင်းဖြစ်ရေးအတွက်ဒီအခွင့်အလမ်း ကောင်းကို အသုံးချသင့်ပါတယ်’’ဟု အမျိုးသားရင်ကြားစေ့ရေးဦးတည်သည့် အစိုးရတစ်ရပ်ဖွဲ့နိုင်ရန်တောက်လျှောက်တိုက်တွန်း နေသူမစ္စတာအီဂေါက ပြောသည်။

ဆက်လက်ပြီး ၎င်းက ‘‘မြန်မာနိုင်ငံအနေနဲ့ အရေးကြီးတဲ့ အမျိုးသားပြန်လည် သင့်မြတ် ရေးလုပ်ငန်းစဉ်ကို အခုစတင်သင့်တယ်ဆိုရင် အဓိကပါဝင်သူတွေ အနေနဲ့ ဆွေးနွေးမှု စတင်ဖို့က အပူတပြင်းအသည်းအသန်ကို အရေးကြီးပါ တယ်’’ဟု ဆိုသည်။

အင်န်အယ်လ်ဒီသည် ရွေးကောက်ပွဲ မဲအများစုအနိုင်ရပြီး လွှတ်တော်တွင် သမ္မတင်မြောက်ပြီး အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြသည့် တပ်မတော်အရာရှိများပါဝင်သည့် အမျိုးသားရင်ကြားစေ့ရေးအစိုးရကို ဖွဲ့စည်းသင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က တိုက်တွန်းနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်းအင်န်အယ်လ်ဒီအနိုင်ရ၍ အစိုးရဖွဲ့ရာတွင် အမျိုးသားရင်ကြားစေ့ရေးအစိုးရကို ဖွဲ့စည်းမည်၊ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံ၍ ပူးပေါင်းမည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကြိုဆိုမည်ဟု ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခရီးစဉ် အတွင်း မကြာသေးမီကပင် လူသိရှင်ကြားမိန့်ခွန်းပြောခဲ့သည်။ မည်သူ့ကိုမှ အာဃာတမထားဘဲ လက်တွဲလုပ်မည်၊ တပ်မတော်က မည်သူ့ကိုမျှ တိုက်ခိုက်ချင်သည့် ဆန္ဒမရှိ၊ အရေးယူရန်၊ ပြဿနာ ရှာရန် ရည်ရွယ်ချက်မရှိဆိုသော စကားမှာ ၎င်း၏ စည်းရုံးရေးခရီးစဉ်များအတွင်း မကြာခဏပြောကြားနေခဲ့သော သတင်းစကား ဖြစ်လာခဲ့သည်။ ထို့အတူ အင်န်အယ်လ်ဒီအစိုးရဖွဲ့နိုင်ပါက တပ်မတော်ကို သိက္ခာရှိစွာ ရပ်တည်နိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေး ပံ့ပိုးခြင်းများ လုပ်ဆောင်သွားမည်ဟုလည်း ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒေါ် အောင်ဆန်းစုကြည်နှင့် အနိုင်ရ ပါတီအနေဖြင့် တပ်မတော်၊ ထွက်ခွာသွားတော့မည့် ဦးသိန်း စိန်အစိုးရတို့နှင့် တွေ့ဆုံညှိနှိုင်း နေသည့်အခိုက် အဓိကကျသည့် တိုင်းရင်းသားပါတီများနှင့် (၎င်း တို့)ရွေးကောက်ပွဲရှုံးသည်ဆိုလျှင် တောင် အဆက်အသွယ်လုပ်ထား ရန်လိုနေသည်။ ထို့အတူ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့်နားလည်မှုရှိထားရန်လည်း လို အပ်နေသည်။ ထိုအဖွဲ့များကို တ ရားမ၀င်အသင်းများအဖြစ် သတ် မှတ်ထားသည့်ဥပဒေများ၊ ဦးသိန်း စိန်အစိုးရအနေဖြင့်လည်း ပြင် ဆင်ရန်ပျက်ကွက်ခဲ့သော ဥပဒေ များအောက်တွင်သတ်မှတ်ထား ၍ သတိထားပြီး သိမ်မွေ့သော ဆက်ဆံရေးတည်ဆောက်ထား ရန်လိုအပ်နေသည်။

‘‘NLD ဟာတိုင်းရင်းသားမဲ ဆန္ဒရှင်တွေဆီက မဲတွေကိုလည်း အနိုင်ရရှိခဲ့တယ်ဆိုတာကို အသိ အမှတ်ပြုလေးစားဖို့ အရေးကြီးပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အခုအချိန်မှာ ဗမာဒေသက လူထုရဲ့ ထောက်ခံမှုအရ ရရှိတဲ့ လုပ်ပိုင်ခွင့်သာမက တိုင်းရင်းသား လူထုကပေးတဲ့ လုပ်ပိုင်ခွင့်တွေ လည်းရှိနေတယ်။ NLDဟာ ဗမာ ချည်းသက်သက်မဟုတ်ဘဲ ရွေး  ကောက်ခံတိုင်းရင်းသားကိုယ်စား လှယ်တွေပါတဲ့ ပါတီတစ်ခုဖြစ် တယ်။ ဖက်ဒရယ်ဝါဒကျင့်သုံးရေး လုပ်ဆောင်မယ်၊ တိုင်းရင်းသား လူမျိုးတွေအကြားတန်းတူညီမျှမှု နဲ့ လူနည်းစုအခွင့်အရေးအတွက် ရပ်တည်မယ်လို့ ထပ်တလဲလဲက တိပေးထားတဲ့ပါတီဖြစ်ပါတယ်’’ ဟု မြန်မာ့နိုင်ငံရေးလေ့လာသူအီ ဂေါဗလာဇီဗစ်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ယခုကဲ့သို့ ထိပ်သီးများ တွေ့ဆုံရန် ယခင်က ကမ်းလှမ်း ခဲ့ဖူးသော်လည်း အောင်မြင်မှုမရ ရှိခဲ့ပေ။ ယခုအချိန်တွင်မူ မဲအများ စုအနိုင်ရရှိထားသော အတိုက်အ ခံပါတီ၏ ခေါင်းဆောင်တစ်ဦးအ နေဖြင့် တောင်းဆိုကမ်းလှမ်းလာ ခြင်းဖြစ်သည်။ ပထမအဆင့် အောင်မြင်မှုက ဖိတ်ခေါ်ခံရသူ ထိပ်သီးသုံးဦးစလုံးက နေ့တွင်း ချင်းပင် အကြောင်းပြန်ကြပြီး တွေ့ဆုံမည်ဟု ကတိပေးသည်။

‘‘သူ့(ဒေါ်အောင်ဆန်းစု ကြည်)ဘက်ကနေ ညှိနှိုင်းဆွေး နွေးပြီး ရှေ့ဆက် လျှောက်လိုတဲ့ ဆန္ဒကိုပြတယ်လို့ ယူဆရတယ်။ ပြောရရင် အာဏာခွဲဝေရေး တည် တည်ငြိမ်ငြိမ်ကူးပြောင်းရေးပေါ့။ ဒီလိုမဟုတ်ဘဲ ၁၉၉၀တုန်းကလို အာဏာလွှဲပေးရေးသက်သက်ကို တောင်းဆိုမယ်ဆိုရင်တော့ စိတ် ပူစရာ ပါပဲ။ ဒါတော့မဖြစ်နိုင်ပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရန် ကုန်မှာပြောတဲ့ မိန့်ခွန်းမှာလည်း အတူတွဲလုပ်ရေးပဲ။ ဒီနေရာမှာ တိုင်းရင်းသားတွေကိုတော့ ချန်မ ထားစေချင်ဘူး’’ဟု ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်းအယ်ဒီတာချုပ်ဦး သက်ဇင်ကပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော် ၏ ကြားနေမှုသည် အရေးကြီးဆုံး ဖြစ်ပါသည်။ လေ့လာသူများအ ကြံပြုသည့်အတိုင်းပင် လက်ရှိအ စိုးရက အကူးအပြောင်း ညင်သာ အောင်လုပ်ပေးရန် လိုနေသလို အနိုင်ရပါတီက ကျန်အဖွဲ့အစည်း အားလုံးကို ဆွေးနွေးကမ်းလှမ်း ရန်လည်းလိုအပ်နေပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List