Monday, November 09, 2015

"လားရှိုးကြိုတင်မဲအတွက် ကော်မရှင်သို့ တိုင်ကြား"


လားရှိုးမြို့တွင် ကြိုတင်မဲအရေအတွက် ၁၁,၈၁၅ မဲ ရောက်ရှိလာရာ မဲအရေအတွက် ၁၀,၆၂၈သည် ပြည်ခိုင်ဖြိုးပါတီ၏ လွတ်တော်သုံးရပ်အား မဲပေးထားခြင်းကြောင့် သာမန် သဘောရိုးမဟုတ်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်(ကျားခေါင်း)ပါတီတို့မှ လွတ်တော် ကိုယ်စားလှယ်လောင်းများက အပြင်းအထန်ကန့်ကွက်ကြောင်း ယနေ့နံနက်ပိုင်းက ပြည်ထာင်စုရွေးကောက်ပွဲကော်မရှင်ထံ စာပို့၍ ကန့်ကွက်ခဲ့သည်။
ပေးပို့သည့်စာတွင် ကြိုတင်မဲစုစုပေါင်း ၁၁၈၁၅ အရေအတွက်သည် အဆမတန် များပြားနေပြီး ယင်းကြိုတင်မဲများသည် ပြည်ခိုင်ဖြိုးပါတီတစ်ခုထဲသာ ရာနှုန်းပြည့်ပေးထားခြင်းကြောင့် သာမာန်သဘောရိုးမဟုတ်ဟု ဆိုကာ အပြင်းအထန်ကန့်ကွက်သည်ဟု စာရေးသား၍ ကန့်ကွက်ခြင်း ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List