Monday, November 09, 2015

မဲရုံတာဝန်ရှိသူအချို့ စီမံခန့်ခွဲမှုညံ့ဖျင်း၍ မဲပေးသူများအခက်တွေ့


မဲရုံတာဝန်ရှိသူအချို့၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မဲပေးရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း သတင်းရရှိသည်။ တိုက်ကြီးမြို့နယ်တွင် နံနက်၉ နာရီ မိနစ် ၂၀ ၌ မဲရုံမှူး၏စီမံ ခန့်ခွဲမှုအားနည်းချက်ကြောင့် မဲ ဆန္ဒရှင်များစုပြုံတိုးဝင်သဖြင့် မဲရုံတံခါးကို ခေတ္တပိတ်ခဲ့ရ ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဦးနန္ဒအောင်က ပြော သည်။

ထို့အပြင် မင်္ဂလာရပ်ကွက် မဲရုံတွင်လည်း မဲပေးရမည့်သူ ၂,၉၉၆ ဦးရှိပြီး မဲရုံအကျယ်အဝန်း သေးငယ်၍ မဲပေးလိုသူများသ ဖြင့် စုပြုံတိုးဝှေ့နေရ သည်ကို တွေ့ ရသည်။ ထိုပြဿနာကို မဲရုံမှူးက မဖြေရှင်းပေးဘဲ ‘‘မဲပေးချင်စိတ် များနေတဲ့ပြည်သူတွေကို ပြောလို့ မရဘူးဖြစ်နေတယ်’’ဟု မင်္ဂလာ ရပ်ကွက်မဲရုံမှူးက ပြောသည်။

မှော်ဘီမြို့နယ်ရှိ မဲရုံအချို့ တွင် မဲပေးသူဦးရေများပြားနေသ ဖြင့် ညနေ ၄ နာရီထိုးသည့်တိုင် မဲပေးလိုသူ ၄၀၀ မှ ၅၀၀ တွင်း ကျန်ရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းဦးဖေချစ်က ပြောသည်။

မဲရုံမှူးများ၏စီမံခန့်ခွဲမှုလို အပ်ချက်ကြောင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ မဲရုံအချို့ တွင် မဲပုံးမလုံလောက်မှုများ၊ မဲ ဆန္ဒရှင်ကတ်ပြား မလုံလောက်မှု များကြုံတွေ့ရကြောင်း 7Day Daily ၏ ပုသိမ်သတင်း ထောက် က သတင်းပေးပို့ထားသည်။

မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူ များ၏အားနည်းချက်ကြောင့် မဲပုံးများမှားပြီး မဲထည့်မှုများလည်းရှိ နေကြောင်း မှော်ဘီမြို့နယ်မှ မဲရုံ စောင့်ကြည့်လေ့ လာသူတစ်ဦးက ရှင်းပြသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပသောရွေးကောက်ပွဲသည် တစ် နိုင်ငံလုံးမှ လူအများစုစိတ်ဝင်စား ခဲ့ပြီး မဲပေးမှုကိုလည်း အားတက် သရောပြုလုပ်ကြ သည်။ သို့သော် မဲရုံတစ်ရုံရှိ မဲပေးနိုင်သူဦးရေများပြားသည့်အတွက် သတ်မှတ်အချိန်အတွင်း မဲပေးနိုင်ရန် အခက်အခဲဖြစ်ရသည်ဟု မှော်ဘီမြို့ နယ်မှ မဲဆန္ဒရှင်ဦးအရှည်ကြီးက ပြောသည်။


7Day News Journal

No comments:

Post a Comment

My Blog List