Thursday, November 12, 2015

အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မည် ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံး ဖြစ်အောင် မှန်မှန်ကန်ကန်လုပ်ဆောင် ခြင်းဖြင့် ပြည်သူလူထု၏ နားလည် ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တပ်မတော်စည်းရုံးရေး ဗဟို ဦးစီးကော်မတီ၏ (၇/၂၀၁၅)ကြိမ်မြောက် အစည်းအဝေးတွင် အမှာစကား ပြောကြားရာ၌ တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌလည်း ဖြစ်သူ တပ်ချုပ်က ယင်းသို့ ထည့်သွင်းပြောကြားသည်။

၂၀၁၀ ခုနှစ်တွင် ပြုလုပ်သော ပထမအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များအချို့မှာ လက်တွေ့တွင် မျှော်လင့်ထားသလောက် လုပ်ဆောင်နိုင်မှု မရှိခဲ့ကြောင်း၊ ယခုဒုတိယ အကြိမ်တွင် အများကယုံကြည်မှုဖြင့် မဲပေးခဲ့ကြသည့် ကိုယ်စားလှယ်များ သည် ယုံကြည်သည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး ဆိုသည်။

တပ်မတော်သားများ၊ မိသားစုဝင်များ၊ မှီခိုသူများ အနေဖြင့် မိမိတို့ဆင်ခြင်တုံ တရားဖြင့် လွတ်လပ်စွာ မှန်မှန်ကန်ကန် ရွေးချယ်မဲပေးခဲ့ကြပြီး တပ်ပြင်နေ မိသားစုများအနေဖြင့်လည်း သက်ဆိုင်ရာပြင်ပမဲရုံများတွင် လွတ်လပ်စွာမဲ ပေးခဲ့ကြကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ခဲ့မှုများအတွက်တပ်မတော် စည်းရုံးရေး ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌ က ဂုဏ်ပြုချီးကျူးခဲ့သည်။

တပ်ရင်း/တပ်ဖွဲ့များအတွင်း မဲပေးရာတွင် အချို့မှားယွင်း လုပ်ဆောင်မှုများ ရှိနိုင်ကြောင်း၊ ယင်းမှာလည်း ရိုးသားစွာ မှားယွင်းလုပ်ဆောင်ခြင်းဖြစ်သလို ကြိုတင်မဲနှင့်စပ်လျဉ်း၍ မိမိတို့စည်းကမ်းနှင့်အညီ အမှန်အတိုင်းဆောင်ရွက် ခဲ့ကြောင်း၊ မှားယွင်းမှုများ စိစစ်ဖော်ထုတ်ရပါက တာဝန်ရှိသူများကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။


The Voice Weekly

No comments:

Post a Comment

My Blog List