Monday, November 09, 2015

ရွေးကောက်ပွဲနေ့တွင် မြောက်ဦးမြို့ပေါ်ရှိ မဲရုံများသို့ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာ


အထွေထွေ ရွေး ကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်တွင် မြောက်ဦးမြို့ ပေါ်ရှိ မဲရုံများသို့ မြောက်ဦးမြို့သို့ အ လည်အပတ် ရောက်ရှိနေကြ သော ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား  လာရောက်လေ့ လာကြကြောင်း  သတင်းရရှိ သည်။

‘‘ကျွန်တော်တို့က ပြီးခဲ့တဲ့ လေးရက်လောက်က မြောက်ဦး မြို့ကို လေ့လာရေးခရီးရောက်နေ ကြတာပါ။ ဒီနေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ဖြစ် လို့ မြို့ပေါ်က မဲရုံတွေမှာ ပြည်သူ တွေ မဲပေးတာကို လာရောက် လေ့လာကြည့်တာ ဖြစ်ပါတယ်။ မဲပေးချိန်မှာတော့ ပြဿနာမရှိ တာကြောင့် စိတ်ချမ်းသာရပါ တယ်’’ဟု အမေရိကန်နိုင်ငံမှ ခရီး သွားတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ရှိ မဲရုံများတွင် မဲရုံစောင့်ကြည့်လေ့လာသူများအ ဖြစ် ဥရောပကော်မရှင်မှ နိုင်ငံခြား သားများလည်း လာရောက်လေ့ လာစောင့်ကြည့်ခဲ့သည်။

တစ်နေရာတည်းတွင် မဲရုံ နှစ်ရုံ၊ သုံးရုံဖွင့်လှစ်ထားသည့် မဲရုံများ၌ မဲဆန္ဒရှင်များ မဲရုံမှား ယွင်းကာ သွားရောက်မှုများရှိခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List