Monday, February 04, 2013

တောင်ကိုရီးယား တိုက်လေယာဉ် ၁၂ စင်း ဖိလစ်ပိုင် ၀ယ်ယူမည်

Photo: တောင်ကိုရီးယား တိုက်လေယာဉ် ၁၂ စင်း ဖိလစ်ပိုင် ၀ယ်ယူမည်  
Sunday, 03 February 2013 

တရုတ်နှင့် ရေပိုင်နက်အရေး တင်းမာမှုဖြစ်နေစဉ် ဖိလစ်ပိုင်အစိုးရက စစ်အင်အား တောင့်တင်းခိုင်မာရန် တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ် ၁၂ စင်း ၀ယ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်က နောက်ဆုံး အသုံးပြုခဲ့သည့် အမေရိကန်နိုင်ငံ လုပ် F-5 တိုက်လေယာဉ်များပြီးနောက် ယင်းတိုက်လေယာဉ်များက ဖိလစ်ပိုင်
လေတပ်တွင် အသုံးပြုမည့် ပထမဆုံး တိုက်လေယာဉ်များ
ဖြစ်လာမည်ဖြစ်ကြောင်း သမ္မတ ဘင်နစ်နို အကွီနို၏ ပြောခွင့်ရပုဂ္ဂိုလ် အက်ဒွင်လက်စီယာဒါက ပြောကြားခဲ့သည်။       

တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ်ကို ရွေးချယ်ရခြင်းက ဖိလစ်ပိုင်အတွက် သင့်တော်သော ဈေးနှုန်းနှင့် လိုအပ်ချက် ကိုက်ညီမှုကြောင့်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ
ပုဂ္ဂိုလ် ပီတာဂယ်လ်ဗက်ဇ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်က ကာကွယ်ရေးကဏ္ဍတွင် အမေရိကန်နှင့် အများဆုံး ဆက်ဆံလာခဲ့သော်လည်း မကြာသေးမီ ကာလအတွင်း ပိုလန်၊ စပိန်၊ အီတလီ၊ ကနေဒါနှင့် ပြင်သစ်ကဲ့သို့ အခြားနိုင်ငံများမှ စစ်လက်နက် ပစ္စည်းများကို ပိုမိုဝယ်ယူနိုင်ရန် ကြိုးပမ်းလာသည်။      

ဓာတ်ပုံ - ပြပွဲတစ်ခုတွင် တောင်ကိုရီးယားလုပ် FA-50 လေယာဉ်
တစ်စင်းကို တွေ့ရစဉ်

Ref:AFP
Eleven Media Group တရုတ်နှင့် ရေပိုင်နက်အရေး တင်းမာမှုဖြစ်နေစဉ် ဖိလစ်ပိုင်အစိုးရက စစ်အင်အား တောင့်တင်းခိုင်မာရန် တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ် ၁၂ စင်း ၀ယ်ယူမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၅ ခုနှစ်က နောက်ဆုံး အသုံးပြုခဲ့သည့် အမေရိကန်နိုင်ငံ လုပ် F-5 တိုက်လေယာဉ်များပြီးနောက်ယင်းတိုက်လေယာဉ်များကဖိလစ်ပိုင်လေ တပ်တွင်အသုံးပြုမည့်ပထမဆုံးတိုက်လေယာဉ်များဖြစ်လာမည်ဖြစ်ေ ကြာင်း သမ္မတ ဘင်နစ်နို အကွီနို၏ ပြောခွင့်ရပုဂ္ဂိုလ် အက်ဒွင်လက် စီယာဒါက ပြောကြားခဲ့သည်။ တောင်ကိုရီးယားလုပ် FA-50 တိုက်လေယာဉ်ကို ရွေးချယ်ရခြင်းက ဖိလစ်ပိုင်အတွက် သင့်တော်ေ သာ ဈေးနှုန်းနှင့် လိုအပ်ချက် ကိုက်ညီမှုကြောင့်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့် ရပုဂ္ဂိုလ် ပီတာဂယ်လ်ဗက်ဇ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်က ကာကွယ်ရေးကဏ္ဍတွင် အမေရိကန်နှင့် အများဆုံး ဆက်ဆံလာခဲ့သော်လည်း မကြာသေးမီ ကာလအတွင်း ပိုလန်၊ စပိန်၊ အီတလီ၊ ကနေဒါနှင့် ပြင်သစ်ကဲ့သို့ အခြားနိုင်ငံများမှ စစ်လက်နက် ပစ္စည်းများကို ပိုမိုဝယ်ယူနိုင်ရန် ကြိုးပမ်းလာသည်။

ဓာတ်ပုံ - ပြပွဲတစ်ခုတွင် တောင်ကိုရီးယားလုပ် FA-50 လေယာဉ်
တစ်စင်းကို တွေ့ရစဉ်

Ref:AFP
Eleven Media Group

No comments:

Post a Comment

My Blog List