Tuesday, February 05, 2013

ဟန်လင်း ပျူမြို့ဟောင်းတွင် မြေတူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံး တွေ့ရှိရ

Photo: ဟန်လင်း ပျူမြို့ဟောင်းတွင် မြေတူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံး တွေ့ရှိရ 	
Monday, 04 February 2013

ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်းတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရန် လိုင်းကျင်း တူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံးအား တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်၊၊ 

ဟန်လင်း ပျူမြို့ဟောင်းရှိ ရွှေတင့်ဒင် ဘုန်းကြီးကျောင်းဝင်းအတွင်း
တွေ့ရှိရခြင်းဖြစ်ပြီး တွေ့ရှိရသည့် အရိုးအိုးနှစ်အိုးအား ရှေးဟောင်းအဖွဲ့မှ တာဝန်ရှိသူ အချို့ လာရောက်ကာ သိမ်းဆည်းခဲ့ကာ ဟန်လင်းမြို့ဟောင်းရှိ ယဉ်ကျေးမှုပြတိုက်တွင် ထားရှိသွားဖြစ်ကြောင်းလည်း သိရသည်၊၊

"ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်ပိုင်းက တွေ့တယ်၊၊ ရှေးဟောင်း သုတေသနအဖွဲ့ကို လာအကြောင်းကြားလို့ လိုက်ပြီးသိမ်းဆည်း စစ်ဆေးတာပါ၊၊ ၀က်လက်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က ဘုန်းကြီးကျောင်း အဆောင်လှူဒါန်းဖို့ ဆောက်လုပ်
တဲ့နေရာမှာ မြေကျင်းတူးရင်း တွေ့တာ၊၊ အရိုးမြေအိုးနှစ်လုံးနဲ့ ဘာမှန်း အတိအကျပြောလို့ မရတဲ့ ပစ္စည်းတစ်ခု တွေ့တယ်၊၊ ဟန်လင်းမှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ စုစည်းထိန်းသိမ်း
ထားတဲ့ နေရာမှာပဲ အရိုးအိုးတွေကို ထားရှိမှာ ဖြစ်ပါတယ်၊၊ အရိုးအိုးထဲမှာ ရွှေငွေစတဲ့ အဖိုးတန်ပစ္စည်းတွေ ပါဝင်ခြင်း မရှိပါဘူး၊၊" ဟု ရှေးဟောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊၊

ဟန်လင်းမြို့ဟောင်းတွင် ပျူခေတ်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား မကြာခဏ တွေ့ရှိရလေ့ရှိပြီး ယင်းအမွေအနှစ်
များအား ဟန်လင်းကျေးရွာစုရှိ ညောင်ကိုးပင် စေတီတည်ထားရာ
ဘုန်းကြီးကျောင်းတွင်း ပြတိုက်၌ သွားရောက်လေ့လာနိုင်ကြောင်းလည်း သိရှိရသည်၊၊ 

ဟန်လင်း ပျူမြို့ဟောင်းအား (၂၀၁၁၊၂၀၁၂)ခုနှစ်တွင် ထိန်းသိမ်းမှုများ
ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ဟန်လင်းကျေးရွာစု၌ အဆောက်အဦး ဆောက်လုပ်ရန်နှင့် အခြားလုပ်ငန်းများအတွက်
မြေကျင်းတူးဖော်ခြင်းများ ပြုလုပ်ပါက ရှေးဟောင်းဌာနသို့ အသိပေး အကြောင်းကြားရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်၊၊

ဟန်လင်းပျူမြို့ဟောင်းတွင် ပျူခေတ်မှ ရှေးဟောင်းစေတီ ပုထိုးပေါင်း လေးရာဝန်းကျင်ခန့် ရှိပြီး ပျူခေတ်မြို့ရိုးဟောင်းနှင့် ဘုရားစေတီအချို့အား ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လျက်
ရှိသော်လည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်
ရှိကြောင်း သတင်းရရှိပါသည်၊၊

Eleven Media Groupရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်း တွင် ဖေဖော်ဝါ ရီလ (၁) ရက်နေ့၌ ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရန် လိုင်း ကျင်း တူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံးအား တွေ့ရှိခဲ့ရကြောင်း သတင်း ရရှိသည်၊၊
ဟန်လင်း ပျူမြို့ဟောင်းရှိ ရွှေတင့်ဒင် ဘုန်းကြီးကျောင်းဝင်းအတွင်း
တွေ့ရှိရခြင်းဖြစ်ပြီး တွေ့ရှိရသည့် အရိုးအိုးနှစ်အိုး အား ရှေးဟောင်း အဖွဲ့မှ တာဝန်ရှိသူ အချို့ လာရောက်ကာ သိမ်းဆည်းခဲ့ကာ ဟန်လင်းမြို့ဟောင်းရှိ ယဉ်ကျေးမှုပြတိုက်တွင် ထားရှိ သွားဖြစ်ကြောင်း လည်း သိရသည်၊၊"ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်ပိုင်းက တွေ့တယ်၊၊ ရှေးဟောင်း သုတေသနအဖွဲ့ကို လာ အကြောင်းကြားလို့ လိုက်ပြီးသိမ်းဆည်း စစ်ဆေးတာပါ၊၊ ၀က်လက်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က ဘုန်းကြီးကျောင်း အဆောင်လှူ ဒါန်းဖို့ ဆောက်လုပ် တဲ့နေရာမှာ မြေကျင်း တူးရင်း တွေ့တာ၊၊ အရိုးမြေအိုးနှစ်လုံးနဲ့ ဘာမှန်း အတိအကျပြောလို့ မရတဲ့ ပစ္စည်းတစ်ခု တွေ့တယ်၊၊ ဟန်လင်းမှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ စုစည်းထိန်းသိမ်းထားတဲ့ နေရာမှာပဲ အရိုးအိုးတွေကို ထားရှိမှာ ဖြစ်ပါတယ်၊၊ အရိုးအိုးထဲမှာ ရွှေငွေစတဲ့ အဖိုးတန်ပစ္စည်းတွေ ပါဝင်ခြင်း မရှိပါဘူး၊၊" ဟု ရှေးဟောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊၊

ဟန်လင်းမြို့ဟောင်းတွင် ပျူခေတ်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား မကြာခဏ တွေ့ရှိ ရလေ့ရှိပြီး ယင်းအမွေအနှစ်များအား ဟန်လင်းကျေးရွာစု ရှိ ညောင်ကိုး ပင် စေတီတည် ထားရာ ဘုန်းကြီးကျောင်းတွင်း ပြတိုက်၌ သွားရောက်လေ့လာနိုင်ကြောင်းလည်း သိရှိရသည်၊၊

ဟန်လင်း ပျူမြို့ဟောင်းအား (၂၀၁၁၊၂၀၁၂)ခုနှစ်တွင် ထိန်းသိမ်းမှုများဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ယခု အချိန်တွင် ဟန်လင်းကျေးရွာစု၌ အဆောက်အဦး ဆောက်လုပ်ရန်နှင့် အခြားလုပ်ငန်းများအတွက်မြေကျင်း တူးဖော်ခြင်းများ ပြုလုပ်ပါက ရှေးဟောင်းဌာနသို့ အသိပေး အကြောင်းကြားရန် ညွှန်ကြား ထားကြောင်း လည်း သိရှိရသည်၊၊

ဟန်လင်းပျူမြို့ဟောင်းတွင် ပျူခေတ်မှ ရှေးဟောင်းစေတီ ပုထိုးပေါင်း လေးရာဝန်းကျင်ခန့် ရှိပြီး ပျူခေတ်မြို့ရိုးဟောင်းနှင့် ဘုရားစေတီအချို့အား ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လျက်ရှိသော်လည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိကြောင်း သတင်းရရှိပါသည်၊၊

Eleven Media Group

No comments:

Post a Comment

My Blog List