
ဲငြိမ်းချမ်းရေး ပျက်ပြားနေခြင်းမှာ ယုံကြည်မှု ပျက်ပြားသောကြောင့်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို SNLD နှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ကိုညီညီမိုး ကပြောသည်။ စစ်ပွဲများ ရပ်ဆိုင်းစေရန်၊ လူထု တောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း SNLD မြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖက ပြောသည်။
လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ယူထားသည် ဆိုသော်လည်းငြိမ်းချမ်းရေးအစစ်အမှန် မရရှိသေးဘူးဟု မိမိ ထင်မြင်ယူဆကြောင်း၊နောင် တချိန်တွင် တိုင်းရင်းသား ပြည်သူတရပ် လုံးပါဝင် မည့်ဆွေးနွေး ပွဲ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူက ဖြည့်စွက်ပြောကြားသည်။တောင်ကြီးမြို့ ဆွေးနွေးပွဲကို ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပရန် စီစဉ်နေကြသည်။
No comments:
Post a Comment