Tuesday, February 05, 2013

ရပ်ကွက်တစ်ခုလုံး အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းအပေါ် နစ်နာကြေးရရန် ပြန်လည်ကြိုးစားသွားမည်

Photo: ရပ်ကွက်တစ်ခုလုံး အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းအပေါ် နစ်နာကြေးရရန် ပြန်လည်ကြိုးစားသွားမည်
Monday, 04 February 2013

မြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၉၉၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျိုက္ကဆံ
အနောက်ရပ်ကွက်အား အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းကို ဖျက်သိမ်းခံပြည်သူ များက နစ်နာကြေးရရှိရန် ပြန်လည်ကြိုးစား
သွားမည်ဟု အိမ်ဖျက်သိမ်းခံခဲ့ရသူ ဦးတင်လှက ပြောကြားသည်။

ယင်းရပ်ကွက်ကို မြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ
၁၉၉၃ခုနှစ် ဧပြီလတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖျက်သိမ်း
ခံခဲ့ရစဉ်တွင် နစ်နာကြေးဟူ၍ မရရှိဘဲ အိမ်ပိုင်ရှင်များအတွက် ဒဂုံတောင်ပိုင်းကို မြေနေရာပြန်လည်ချထားပေးပြီး မြေတန်ဖိုး
အဖြစ် ငွေ ၆၀၀၀ ကျပ် အိုးအိမ်သို့ သွင်းခဲ့ကြောင်း၊ အိမ်ငှားများ
အတွက် လှိုင်သာယာသို့ မြေနေရာပေးခဲ့ပြီး မြေတန်ဖိုးအဖြစ်
ငွေ ၁၇၀၀ ကျပ် သွင်းခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီနေရာကို နိုင်ငံတော်
အတွက် အကျိုးရှိမယ့် ရုံး၊ ဘဏ် ဒါမှမဟုတ် စာတိုက် ဒီလိုမျိုးတစ်ခုခုဆောက်ခဲ့မယ်ဆိုရင် ကျုပ်တို့အနေနဲ့
ကျေနပ်နိုင်သေးတယ်၊ ခုတော့ ကုမ္ပဏီကနေ တိုက်ခန်းတွေ ဆောက်လုပ်ရောင်းစားခဲ့တဲ့အတွက်
မကျေနပ်နိုင်ဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ယခုနောက်ပိုင်း လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းစစ်ဆေးရေး
ကော်မရှင်ကို ဖွဲ့စည်းပြီးဖြစ် သည့်အတွက် ယင်းကော်မရှင်မှ
ဖျက်သိမ်းခံပြည်သူများအတွက် မှန်ကန်မျှတသည့်
ဆုံးဖြတ်ချက်တစ်ရပ် ချပေးရန် မျှော်လင့်မိကြောင်း၊
ရပ်ကွက်ဖျက်သိမ်းခံရစဉ် ပြောင်းရွှေ့ပေးရသည့် အိမ်ရှင်ဦးရေမှာ
၁၆၀ကျော်ရှိပြီး အိမ်ငှားအရေအတွက်မှာ ၁၅၇ ဦး ရှိကြောင်း ဦးတင်လှက ပြောကြားသည်။

“ဒီနေရာတွေမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အခြေချနေလာကြတာ၊ တောင်ဒဂုံက အဲ့ဒီတုန်းက
တောကြီးမျက်မည်းပဲ ရှိသေးတာ၊ တစ်ချို့ဆို မြေဖိုးငွေ
မသွင်းနိုင်တော့ ပေ၂၀ မြေကွက်ကိုရောင်းပြီး နောက်
ပေ၂၀ မြေကွက်မှာ ၁၀ ပေစီ ပြန်ခွဲနေကြရတယ်၊
စီးပွားရေးတွေလည်း အဆင်မပြေဖြစ်ကုန်ကြတာပေါ့”
ဟု အသက် ၇၀ကျော် ဖျက်သိမ်းခံပြည်သူတစ်ဦးက
ပြောကြားသည်။

ယခုအခါ ယင်းရပ်ကွက်နေရာတွင် တိုက်ခန်းများပြည့်နှက်လျက်ရှိပြီး ယင်းတိုက်ခန်းများကို ဝင်းဝင်းအောင် ကုမ္ပဏီမှ ဆောက်လုပ်ရောင်းချ
ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် ဆောက်လုပ်ထားသော လုံးချင်း သုံးထပ်တိုက်တစ်လုံး၏ လက်ရှိပေါက်ဈေးမှာ သိန်းသုံးထောင်ရှိကြောင်း သိရှိရသည်။

ရည်မွန်
The Myanma Ageမြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၉၉၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျိုက္ကဆံအနောက်ရပ် ကွက်အား အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းကို ဖျက်သိမ်း ခံပြည်သူ များက နစ်နာကြေးရရှိရန် ပြန်လည်ကြိုးစားသွားမည်ဟု အိမ် ဖျက်သိမ်းခံခဲ့ရသူ ဦးတင်လှက ပြောကြားသည်။
ယင်းရပ်ကွက်ကို မြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖျက်သိမ်းခံခဲ့ရစဉ်တွင် နစ်နာကြေးဟူ၍ မရရှိဘဲ အိမ်ပိုင်ရှင်များအတွက် ဒဂုံတောင်ပိုင်း ကို မြေနေရာပြန်လည်ချထားပေးပြီး မြေတန်ဖိုးအဖြစ် ငွေ ၆၀၀၀ ကျပ် အိုးအိမ်သို့ သွင်းခဲ့ကြောင်း၊ အိမ်ငှားများအတွက် လှိုင်သာယာသို့ မြေနေရာပေးခဲ့ပြီး မြေတန်ဖိုးအဖြစ်ငွေ ၁၇၀၀ ကျပ် သွင်းခဲ့ရကြောင်း သိရသည်။ “ကျွန်တော်တို့ကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီနေရာကို နိုင်ငံတော်အတွက် အကျိုးရှိမယ့် ရုံး၊ ဘဏ် ဒါမှမဟုတ် စာတိုက် ဒီလိုမျိုးတစ်ခုခုဆောက်ခဲ့မယ်ဆိုရင် ကျုပ်တို့အနေနဲ့ကျေနပ်နိုင်သေးတယ်၊ ခုတော့ ကုမ္ပဏီကနေတိုက်ခန်းတွေ ဆောက်လုပ်ရောင်းစားခဲ့တဲ့အတွက်မကျေနပ်နိုင်ဘူး” ဟု ယင်းက ဆက် လက်ပြော ကြားသည်။

ယခုနောက်ပိုင်း လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပြီးဖြစ် သည့်အတွက် ယင်းကော်မရှင်မှဖျက်သိမ်းခံပြည်သူများအတွက် မှန်ကန်မျှတသည့်ဆုံးဖြတ်ချက်တစ်ရပ် ချပေးရန် မျှော်လင့်မိကြောင်း၊ရပ်ကွက်ဖျက်သိမ်းခံရစဉ် ပြောင်းရွှေ့ပေးရသည့် အိမ်ရှင်ဦးရေမှာ၁၆၀ကျော် ရှိပြီး အိမ်ငှားအရေအတွက်မှာ ၁၅၇ ဦး ရှိကြောင်း ဦးတင်လှက ပြောကြားသည်။

“ဒီနေရာတွေမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အခြေချနေလာကြတာ၊ တောင်ဒဂုံက အဲ့ဒီတုန်း က တောကြီး မျက်မည်းပဲ ရှိသေးတာ၊ တစ်ချို့ဆို မြေဖိုးငွေမသွင်းနိုင်တော့ ပေ၂၀ မြေကွက် ကိုရောင်း ပြီး နောက်ပေ၂၀ မြေကွက်မှာ ၁၀ ပေစီ ပြန်ခွဲနေကြရတယ်၊စီးပွားရေးတွေလည်း အဆင်မပြေဖြစ် ကုန်ကြ တာပေါ့”ဟု အသက် ၇၀ကျော် ဖျက်သိမ်းခံပြည်သူတစ်ဦးကပြောကြားသည်။

ယခုအခါ ယင်းရပ်ကွက်နေရာတွင် တိုက်ခန်းများပြည့်နှက်လျက်ရှိပြီး ယင်းတိုက်ခန်းများကို ဝင်းဝင်းအောင် ကုမ္ပဏီမှ ဆောက်လုပ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် ဆောက်လုပ်ထားသော လုံးချင်း သုံး ထပ်တိုက်တစ်လုံး၏ လက်ရှိပေါက်ဈေးမှာ သိန်းသုံးထောင်ရှိကြောင်း သိရှိရသည်။

ရည်မွန်
The Myanma Age

No comments:

Post a Comment

My Blog List