Monday, February 04, 2013

ရင်ဘတ် စပွန်ဆာအတွက် M-150 အချိုရည်နှင့် ရတနာပုံတို့ ဒေါ်လာ (၂)သိန်းတန် စပွန်ဆာ စာချုပ်ချုပ်ဆို

Photo: ရင်ဘတ် စပွန်ဆာအတွက် M-150 အချိုရည်နှင့် ရတနာပုံတို့ ဒေါ်လာ (၂)သိန်းတန် စပွန်ဆာ စာချုပ်ချုပ်ဆို
Sunday, 03 February 2013

ထိုင်းနာမည်ကြီး အချိုရည် အမှတ်တံဆိပ် တစ်ခုဖြစ်သည့် M-150 နှင့် ရတနာပုံ ဘောလုံး အသင်းတို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲကို ယနေ့နံနက်က Park Royal Hotel တွင် ကျင်းပခဲ့သည်။ M-150 အချိုရည်သည် ရတနာပုံ အသင်းနှင့် ဂျာစီရင်ဘတ် စပွန်ဆာ အတွက် စာချုပ်ချုပ်ဆို ခဲ့ခြင်း ဖြစ်ပြီး M-150 အချိုရည် အမှတ်တံဆိပ်ကို ရတနာပုံအသင်း၏ ဂျာစီရင်ဘတ်
ပေါ်တွင် (၅)နှစ် ကြော်ငြာသွားရန် သဘောတူညီ ထားကြောင်း သိရသည်။

ရတနာပုံသည် စပွန်ဆာကြေးအဖြစ် ပထမနှစ်တွင် ဒေါ်လာ (၂)သိန်း ရရှိမည် ဖြစ်ပြီး ကျန်နှစ်များတွင် စပွန်ဆာ ကြေးငွေမှာ ပိုမိုမြင့်တက်လာဖွယ် ရှိကြောင်း ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက
 ပြောကြားခဲ့သည်။ 

အဆိုပါ စပွန်ဆာ စာချုပ်ကြောင့် ရတနာပုံသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများ အနက် ပြည်ပစီးပွားရေး လုပ်ငန်းတစ်ခုနှင့် ပထမဆုံး ဂျာစီရင်ဘတ် စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် ပထမဆုံး ဘောလုံး ကလပ်အသင်း ဖြစ်လာခဲ့သည်။ ရတနာပုံသည် အသင်းဂျာစီများ အတွက်လည်း တရုတ်အားကစား ပစ္စည်း လုပ်ငန်းတစ်ခု ဖြစ်သည့် ERKE နှင့်လည်း စာချုပ်ချုပ်ဆို ထားသည့် အသင်းဖြစ်သည်။ 

ဓာတ်ပုံ - M-150 တံဆိပ် ရိုက်နှိပ်ထားသည့် ရတနာပုံအသင်း ဂျာစီကို ပြသနေသည့် ဒေါက်တာစိုင်းနှင့် မစ္စတာ ကိတ်ဒီဟာနစ်

Soccer Myanmarထိုင်းနာမည်ကြီး အချိုရည် အမှတ်တံဆိပ် တစ်ခုဖြစ်သည့် M-150 နှင့် ရတနာပုံ ဘောလုံး အသင်းတို့၏ စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲကို ယနေ့ နံနက်က Park Royal Hotel တွင် ကျင်းပခဲ့သည်။ M-150 အချိုရည် သည် ရတနာပုံ အသင်းနှင့် ဂျာစီရင်ဘတ် စပွန်ဆာ အတွက် စာချုပ် ချုပ်ဆို ခဲ့ခြင်း ဖြစ်ပြီး M-150 အချိုရည် အမှတ်တံဆိပ်ကို ရတနာပုံ အသင်း၏ ဂျာစီရင်ဘတ်ပေါ်တွင် (၅)နှစ် ကြော်ငြာသွားရန် သဘော တူညီ ထားကြောင်း သိရသည်။ ရတနာပုံသည် စပွန်ဆာကြေး အဖြစ် ပထမနှစ်တွင် ဒေါ်လာ (၂)သိန်း ရရှိမည် ဖြစ်ပြီး ကျန်နှစ်များ တွင် စပွန်ဆာ ကြေးငွေမှာ ပိုမိုမြင့်တက်လာဖွယ် ရှိကြောင်း ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ကပြောကြားခဲ့သည်။ အဆိုပါ စပွန်ဆာ စာချုပ်ကြောင့် ရတနာပုံသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများ အနက် ပြည်ပစီးပွားရေး လုပ်ငန်းတစ်ခုနှင့် ပထမဆုံး ဂျာစီရင်ဘတ် စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် ပထမဆုံး ဘောလုံး ကလပ်အသင်း ဖြစ်လာခဲ့သည်။ ရတနာပုံသည် အသင်းဂျာစီများ အတွက်လည်း တရုတ်အားကစား ပစ္စည်း လုပ်ငန်းတစ်ခု ဖြစ်သည့် ERKE နှင့်လည်း စာချုပ်ချုပ်ဆို ထားသည့် အသင်းဖြစ်သည်။

ဓာတ်ပုံ - M-150 တံဆိပ် ရိုက်နှိပ်ထားသည့် ရတနာပုံအသင်း ဂျာစီကို ပြသနေသည့် ဒေါက်တာစိုင်းနှင့် မစ္စတာ ကိတ်ဒီဟာနစ်

Soccer Myanmar

No comments:

Post a Comment

My Blog List