Thursday, February 07, 2013

တရားမဝင်ငါးဖမ်းသင်္ဘောသို့ပါသွားသည့် မြန်မာနိုင်ငံသားနှစ်ဦး ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်

Photo: တရားမဝင်ငါးဖမ်းသင်္ဘောသို့ပါသွားသည့် မြန်မာနိုင်ငံသားနှစ်ဦး ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်
Wednesday, February 06, 2013

ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီကျော်မှစတင်၍ ယုဇနဟိုတယ်ရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Seamen's
Federation MSF) ရုံးခန်း၌ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင် ငါးဖမ်းသင်္ဘောပေါ်တွင် ညှင်းပန်းနှိပ်စက်ခံရသည့် သင်္ဘော
သားများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု
ပြုလုပ်ကြောင်း သိရသည်။

"အခုလိုမျိုး သတင်းမီဒီယာတွေကိုခေါ်ယူတွေ့ဆုံရတာ
ကတော့ ကျွန်တော်တို့ကူညီခဲ့တဲ့ မြန်မာသင်္ဘောသား
နှစ်ဦးရဲ့ သင်္ဘောပေါ်မှာ ညှင်း ပန်းနှိပ်စက်ခံခဲ့ရပုံတွေကို အဓိကပြောပြချင်တာရယ် နောက်ပိုင်း သင်္ဘောလိုက်မယ့် သင်္ဘောသား လောင်းတွေကိုလည်း သာဓကတစ်ခုပေးချင်
တာကြောင့် အခုလိုတွေ့ဆုံရှင်းလင်းရတာ ဖြစ်ပါတယ်"ဟု
MSF အဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် ဒေါက်တာတင်လှိုင်က
ပြောကြားသည်။

အဆိုပါ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင်ငါးဖမ်းသင်္ဘော
တစ်စီးဖြစ်ကြောင်း ယင်းသင်္ဘောသို့ အလုပ်လုပ်ကိုင်ရန်
လိုက်ပါသွား သည့် မြန်မာနိုင်ငံ သား ကိုခန့်လင်းမောင်၏
ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့က အခုမှစပြီး သင်္ဘောလိုက်ဖို့လုပ်ဖူးတာ
ဆိုတော့ သိပ်နားမလည်ဘူး။ Sea service ရဖို့ပဲသိတယ်။
ကျွန်တော်တို့နဲ့ကို လုပ်ပေးတဲ့ ဒေသခံကိုယ်စားလှယ်က
ငါးဖမ်းသင်္ဘောက ကောင်းကောင်းနေရတယ်ဆိုပြီး တင်ပေး
လိုက်တာ။ ဒီငါးဖမ်း သင်္ဘောကိုပိုင်တာက ထိုင်ဝမ် တရုတ် တစ်ယောက်ကပိုင်တာ။ ငါးဖမ်းသင်္ဘောဆိုတော့ ကျွန်တော်
တို့ကလည်း မလုပ်တတ်ဘူး။ မလုပ်တတ်တော့ ပါးတွေရိုက်
နီးတဲ့ အရာတွေနဲ့ ဆွဲရိုက်တာတွေ လုပ်တယ်။ ထမင်းတောင်
ဆန်ပြုတ်နဲ့ ဂေါ်ဖီကြော်ပဲစားရတာ"ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ ဖြစ်ပျက်ရသည့် အကြောင်းအရင်းများနှင့် စပ်လျဉ်း၍
MSF ဥက္ကဋ္ဌမှ ညှင်းပန်းနှိပ်စက်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦး
ဘက်မှ သက် သေအဖြစ် အခိုင်အမာရပ်တည်ပေးမည်ဖြစ်
ကြောင်းနှင့် ထိုအမှုအား ကုန်သွယ်သဘောင်္ အက်ဥပဒေအရ လိမ်လည်မှုဖြင့် ထောင်ဒဏ်ချမှတ် နိုင် ကြောင်း ပြောကြားသည်။

"အမှန်တကယ် သွားတာကတော့ လေးယောက်ပေါ့။
ကျွန်တော်ရယ် ကိုခန့်လင်းမောင်ရယ်ပေါ့။ ကျန်နဲ့ နှစ်
ယောက်ကို တော့ တခြား ငါးဖမ်း သင်္ဘောပေါ်ပဲ
တင်ပေးတယ်။ သူတို့နဲ့လည်း အဆက်အသွယ်မရဘူး။
ကျွန်တော်တို့ပါတဲ့ ငါးဖမ်းသ င်္ဘောကလည်း ကမ်းသိပ်
မကပ်ဘူး။ သွား ရင်း လာရင်း မြန်မာတစ်ယောက်ပါတဲ့ သင်္ဘောတစ်စီးနဲ့တွေ့မှ သက်ဆိုင်ရာဌာန ကိုဆက်သွယ်
ပေးဖို့ အကူအညီတောင်းတော့မှပဲ ရတော့ တယ်"ဟု ကိုလင်းထိုက်မောင်က ပြောကြားသည်။

ထို့ပြင် အဆိုပါတရားမဝင်ငါးဖမ်းသင်္ဘောပေါ်တွင်လည်း အခြားညှင်းပန်နှိပ်စက်ခံရသည့် နိုင်ငံသားများရှိကာ သေ
ဆုံးသွားပါက ပင်လယ် ထဲသို့ ညဘက်တွင် အိတ်ထဲထည့်၍ အစဖြောက်လိုက်ကြောင်း၊ ၎င်းတို့ အဆိုပါသင်္ဘောပေါ်တွင် ရှိနေချိန် တောင်အာဖရိကနိုင်ငံ ဗစ်တိုးရီးယားမြို့ရှိ မြန်မာ
သံရုံးမှ ဆက်သွယ်ကာ ကမ်းကပ်ခိုင်းသောကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချောချောမွေ့မွေ့ ပြန်လည်
ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"စသွားတာက ၂၆ရက် ၇လပိုင်း ၂၀၁၂မှာသွားတာပါ။
သင်္ဘောပေါ်မှာ ၆လကြာပါတယ်။ ပြန်ရောက်တာကတော့
၃၀ရက် ၂လ ၂၀၁၃မှာ လေဆိပ်ကို ရောက်ပါတယ်။ သံတမန်ရေးရာဝန်ကြီးဌာနကိုစာတင်တာကတော့ ၂၇ရက်
၁၁လပိုင်း ၂၀၁၁ မှာ ပြုလုပ်တာပါ"ဟု သင်္ဘောသားရေးရာ
ဥက္ကဋ္ဌ ဦးစံသိန်းက ပြောကြားသည်။

ထိုသို့ လိမ်လည်ပို့ဆောင်ခံရသူ မိသားစုနှစ်ဦးမှ ဒေသခံ
ကိုယ်စားလှယ် ကုမ္ပဏီဖြစ်သည့် ပုဇွန်တောင်မြို့နယ်
ကျည်တော် အိမ်ရာရှိ AMBBS အား တရားစွဲဆိုရန် အစီအစဉ်
ရှိကြောင်း သိရပြီး ကြားမှတဆင့်လုပ်ပေးကာ ယခုချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် ညီအစ်ကို နှစ်ဦးဖြစ်သူ ကိုသိန်းထိုက်အောင်နှင့် အိမ်တွင်ကျန်ရှိသူ ကိုရာဇာတို့အား
သက်ဆိုင်ရာ ဥပဒေပုဒ်မတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ကိုခန့်လင်းမောင်၏ မိခင်မှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

TMA
The Myanma Ageဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီကျော်မှစတင်၍ ယုဇနဟိုတယ် ရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Seamen'sFederation MSF) ရုံးခန်း၌ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင် ငါးဖမ်းသင်္ဘောပေါ်တွင် ညှင်းပန်းနှိပ်စက်ခံရသည့် သင်္ဘော
သားများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကြောင်း သိရသည်။"အခုလိုမျိုးသတင်းမီဒီယာတွေ ကိုခေါ်ယူတွေ့ဆုံရတာ ကတော့ကျွန်တော် တို့ ကူညီခဲ့တဲ့ မြန်မာသင်္ဘောသားနှစ်ဦးရဲ့ သင်္ဘောပေါ်မှာ ညှင်း ပန်းနှိပ်စက်ခံခဲ့ရပုံတွေကို အဓိကပြောပြချင် တာ ရယ် နောက်ပိုင်း သင်္ဘောလိုက်မယ့် သင်္ဘောသား လောင်းတွေကိုလည်း သာဓကတစ်ခုပေးချင် တာကြောင့် အခု လိုတွေ့ဆုံရှင်းလင်းရတာ ဖြစ်ပါတယ်"ဟုMSF အဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် ဒေါက်တာ တင်လှိုင်ကပြောကြားသည်။
အဆိုပါ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင်ငါးဖမ်းသင်္ဘောတစ်စီးဖြစ်ကြောင်း ယင်းသင်္ဘောသို့ အလုပ်လုပ်ကိုင် ရန်လိုက်ပါသွား သည့် မြန်မာနိုင်ငံ သား ကိုခန့်လင်းမောင်၏ပြောပြချက်အရ သိရသည်။ "ကျွန်တော်တို့က အခုမှစပြီး သင်္ဘောလိုက်ဖို့လုပ်ဖူးတာဆိုတော့ သိပ်နားမလည်ဘူး။ Sea service ရဖို့ပဲသိတယ်။ကျွန်တော် တို့နဲ့ကို လုပ်ပေးတဲ့ ဒေသခံကိုယ်စားလှယ်ကငါးဖမ်းသင်္ဘောက ကောင်းကောင်းနေရတယ်ဆိုပြီး တင်ပေး
လိုက်တာ။ ဒီငါးဖမ်း သင်္ဘောကိုပိုင်တာက ထိုင်ဝမ် တရုတ် တစ်ယောက်ကပိုင်တာ။ ငါးဖမ်း သင်္ဘော ဆိုတော့ ကျွန်တော်တို့ကလည်း မလုပ်တတ်ဘူး။ မလုပ်တတ်တော့ ပါးတွေရိုက်နီးတဲ့ အရာတွေနဲ့ ဆွဲရိုက် တာတွေ လုပ်တယ်။ ထမင်းတောင်ဆန်ပြုတ်နဲ့ ဂေါ်ဖီကြော်ပဲစားရတာ"ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ ဖြစ်ပျက်ရသည့် အကြောင်းအရင်းများနှင့် စပ်လျဉ်း၍MSF ဥက္ကဋ္ဌမှ ညှင်းပန်းနှိပ် စက်ခံရ သည့် မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ သက် သေအဖြစ် အခိုင်အမာရပ်တည်ပေးမည်ဖြစ်ကြောင်းနှင့် ထိုအမှုအား ကုန်သွယ်သဘောင်္ အက်ဥပဒေအရ လိမ်လည်မှုဖြင့် ထောင် ဒဏ်ချ မှတ် နိုင် ကြောင်း ပြော ကြားသည်။ "အမှန်တကယ် သွားတာကတော့ လေးယောက်ပေါ့။ကျွန်တော်ရယ် ကိုခန့်လင်းမောင်ရယ်ပေါ့။ ကျန်နဲ့ နှစ်ယောက်ကို တော့ တခြား ငါးဖမ်း သင်္ဘောပေါ်ပဲတင်ပေးတယ်။ သူတို့နဲ့လည်း အဆက်အသွယ်မရဘူး။ကျွန်တော်တို့ပါတဲ့ ငါးဖမ်းသ င်္ဘောကလည်း ကမ်းသိပ်မကပ်ဘူး။ သွား ရင်း လာရင်း မြန်မာတစ်ယောက် ပါတဲ့ သင်္ဘောတစ်စီးနဲ့တွေ့မှ သက်ဆိုင်ရာဌာန ကိုဆက်သွယ်ပေးဖို့ အကူအညီတောင်းတော့မှပဲ ရတော့ တယ်"ဟု ကိုလင်းထိုက်မောင်က ပြောကြားသည်။ ထို့ပြင် အဆိုပါတရားမဝင်ငါးဖမ်းသင်္ဘောပေါ်တွင်လည်းအခြားညှင်းပန်နှိပ်စက်ခံရသည့် နိုင်ငံသားများရှိကာ သေဆုံးသွားပါက ပင်လယ် ထဲသို့ ညဘက်တွင် အိတ်ထဲထည့်၍ အစဖြောက်လိုက်ကြောင်း၊ ၎င်းတို့ အဆိုပါသင်္ဘောပေါ်တွင် ရှိနေချိန် တောင်အာဖရိကနိုင်ငံ ဗစ်တိုးရီးယားမြို့ရှိ မြန်မာသံရုံးမှ ဆက်သွယ်ကာ ကမ်းကပ် ခိုင်းသောကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"စသွားတာက ၂၆ရက် ၇လပိုင်း ၂၀၁၂မှာသွားတာပါ။သင်္ဘောပေါ်မှာ ၆လကြာပါတယ်။ ပြန်ရောက်တာ ကတော့၃၀ရက် ၂လ ၂၀၁၃မှာ လေဆိပ်ကို ရောက်ပါတယ်။ သံတမန်ရေးရာဝန်ကြီးဌာန ကိုစာတင်တာ ကတော့ ၂၇ရက်၁၁လပိုင်း ၂၀၁၁ မှာ ပြုလုပ်တာပါ"ဟု သင်္ဘောသားရေးရာဥက္ကဋ္ဌ ဦးစံသိန်း က ပြောကြား သည်။

ထိုသို့ လိမ်လည်ပို့ဆောင်ခံရသူ မိသားစုနှစ်ဦးမှ ဒေသခံကိုယ်စားလှယ် ကုမ္ပဏီဖြစ်သည့် ပုဇွန်တောင်မြို့နယ်ကျည်တော် အိမ်ရာရှိ AMBBS အား တရားစွဲဆိုရန် အစီအစဉ်ရှိကြောင်း သိရပြီး ကြားမှတဆင့်လုပ်ပေးကာ ယခုချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် ညီအစ်ကို နှစ်ဦးဖြစ်သူ ကိုသိန်းထိုက်အောင်နှင့် အိမ်တွင်ကျန်ရှိသူ ကိုရာဇာတို့အားသက်ဆိုင်ရာ ဥပဒေပုဒ်မတို့ဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း ကိုခန့်လင်းမောင်၏ မိခင်မှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

TMA
The Myanma Age

No comments:

Post a Comment

My Blog List