Monday, February 04, 2013

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ

Photo: ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ
Sunday, February 03, 2013 

အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ် သစ်သည် ရန်သူ လေယာဉ်များ ကိုတိုက်ခိုက် ဖျက်ဆီးနိုင် စွမ်း ရှိပြီး မြေပြင်ရှိ ပစ်မှတ် နေရာများကို ပစ်ခတ် နိုင်စွမ်းရှိ သည့်အပြင် ဒုံးကျည်များနှင့် လက်နက် ခဲယမ်းများ ကိုလည်း သယ်ဆောင်နိုင် စွမ်းရှိသည်။

အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ကာကွယ်ရေး စနစ်များကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းများ ရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်းလုပ်တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/6017-2013-02-03-09-24-51#.UQ3jMfJafro

မြ၀တီအီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher- 313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန် ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။
ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ် သစ်သည် ရန်သူ လေယာဉ်များ ကိုတိုက်ခိုက် ဖျက်ဆီးနိုင် စွမ်း ရှိပြီး မြေပြင်ရှိ ပစ်မှတ် နေရာများကို ပစ်ခတ် နိုင်စွမ်းရှိ သည့်အပြင် ဒုံးကျည်များနှင့် လက်နက် ခဲယမ်းများ ကိုလည်း သယ်ဆောင်နိုင် စွမ်းရှိသည်။

အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ကာကွယ်ရေး စနစ်များကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းများ ရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်းလုပ်တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/6017-2013-02-03-09-24-51#.UQ3jMfJafro

မြ၀တီ

No comments:

Post a Comment

My Blog List