Thursday, February 07, 2013

အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်

Photo: အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်
Thursday, February 07, 2013 

ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့် ပတ်သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော အစည်းအဝေး တွင် KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ဗဟိုကော်မတီဝင်များ KIA မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ( ၄ ) ရက်နေ့တွင် ရွှေလီတွင် ကျင်းပခဲ့သည့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး နောက်တစ်ကြိမ်အစည်းအဝေးကို ယခုလ (၂၀) ရက်နေ့တွင် ကျင်းပရန် လျာထားကြောင်း ပြောကြားခဲ့သည်။
( ၄ ) ရက်နေ့တွင် အစိုးရနှင့် KIA တို့ ရွှေလီမြို့တွင် အလွတ်သဘော ဆွေးနွေးပြီးနောက်ပိုင်းတွင် လိုင်ဇာပတ်ဝန်းကျင်တွင် အခြေအနေငြိမ်သက်လျှက်ရှိကြောင်းနှင့် လိုင်ဇာမြို့တွင်းတွင်လည်း အခြေအနေပုံမှန် နီးပါးဖြစ်လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။

အမေ့အိမ်ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့် ပတ်သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သော အစည်းအဝေး တွင် KIO ဥက္ကဌ ဦးဇောင်း ဟရားနှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ဗဟိုကော် မတီဝင်များ KIA မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။၎င်းအစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ( ၄ ) ရက်နေ့တွင် ရွှေလီတွင် ကျင်းပခဲ့သည့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီး နောက်တစ်ကြိမ်အစည်းအဝေးကို ယခုလ (၂၀) ရက်နေ့တွင် ကျင်းပရန် လျာ ထားကြောင်း ပြော ကြားခဲ့သည်။( ၄ ) ရက်နေ့တွင် အစိုးရနှင့် KIA တို့ ရွှေလီမြို့တွင် အလွတ် သဘော ဆွေးနွေးပြီးနောက် ပိုင်းတွင် လိုင်ဇာပတ်ဝန်းကျင်တွင် အခြေအနေငြိမ်သက်လျှက်ရှိကြောင်းနှင့် လိုင်ဇာမြို့တွင်းတွင်လည်း အခြေအနေပုံမှန် နီးပါးဖြစ်လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။

အမေ့အိမ်

No comments:

Post a Comment

My Blog List