Tuesday, February 05, 2013

တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝူရှူး အားကစား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

 တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝူရှူး အားကစား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိ အားကစားရုံ အမှတ်(၂)တွင်ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တပ်မတော် အရာရှိ ကြီးများနှင့် ပြိုင်ပွဲဝင် အားကစား အသင်းများမှ အားကစား သမားများ တက်ရောက် ကြည့်ရှု အားပေးသည်။


ရှေးဦးစွာ တစ်ဦးချင်း ထွေးလျန့် ပြိုင်ပွဲ၊ လူသစ်တန်း ဆန်းဆိုပြိုင်ပွဲ (၄၈ ကီလိုတန်းနှင့် ၅၂ ကီလိုတန်း)တို့ ယှဉ်ပြိုင် ကစားကြသည်။ထို့နောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ထွေးလျန့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများ၊ လူသစ်တန်း ဆန်းဆိုပြိုင်ပွဲ (၄၈ ကီလိုတန်းနှင့် ၅၂ကီလိုတန်း) တွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများ၊ ထောက်လု ပြိုင်ပွဲတွင် ဒိုင်းဆု ရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းနှင့် ဆန်းဆို ပြိုင်ပွဲတွင် ဒိုင်းဆု ရရှိသော  နေပြည်တော်တိုင်း စစ်ဌာနချုပ် အသင်းတို့အား တာဝန် ရှိသူများက ဆုများ အသီးသီး ပေးအပ် ကြသည်။
ယင်းနောက် ဝူရှူး အားကစား ပြိုင်ပွဲ တံခွန်စိုက် ဒိုင်းဆုရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက တံခွန်စိုက် ဒိုင်းဆုနှင့် ဆင့်ပွား ဒိုင်းဆုကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

My Blog List