Tuesday, February 05, 2013

အာဆီယံ ဒေသတွင်း ကုန်သည်ကြီးများ မဲဆောက်မြို့တွင် တွေ့ဆုံ

Photo: အာဆီယံ ဒေသတွင်း ကုန်သည်ကြီးများ မဲဆောက်မြို့တွင် တွေ့ဆုံ 	
Monday, 04 February 2013 
အာဆီယံနိုင်ငံများ ကုန်သွယ်မှု ကွန်ယက်နှင့် ၂၀၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုင်းအ၀န်း အစီအစဉ် အကြိုအဖြစ် အာဆီယံဒေသတွင်း နိုင်ငံများမှ ကုန်သည်ကြီးများ တွေဆုံသည့် အခမ်းအနားကို  မဲဆောက်မြို့ မြူနီစပယ် ဘောလုံးကွင်း ခန်းမဆောင်တွင် ဖေဖော်ဝါရီလ (၂) ရက်နေ့  နံနက်က ပြုလုပ်ခဲ့ပြီး ထိုင်းကုန်စည်ပြပွဲအား ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့  ဖိတ်ကြားထားသည့် အာဆီယံ နိုင်ငံများမှ ကုန်သည်ကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြ၀တီမြို့မှ ကုန်သည်များအသင်း ဥက္ကဌ
ဒေါ်သင်သင်မြတ်နှင့်အဖွဲ့ ၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကုန်သည်အသင်းဝင်များဖြစ်သည့် ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ ပုလဲနှင့်ငါး လုပ်ငန်းရှင်များ၊ ကြက်သွန်လုပ်ငန်းရှင်များ၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းမှ လုပ်ငန်းရှင်များ စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“လေးနိုင်ငံ အာဆီယံကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များ တွေဆုံပွဲနဲ့  ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ မဲဆောက် ကုန်သည်များ အသင်းကဖိတ်လို့ တက်ရောက်လာကြတာပါ။ ဒီက အခြေအနေကို လေ့လာရင်းနဲ့  ၂၀၁၅ မှာ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ကျင့်သုံးတဲ့ အချိန်ကျရင် ကိုယ့်ဖက်က ဘာတွေ
ပြင်ဆင်ထားရမလဲ။ ဘာတွေ လိုအပ်သလဲ ဆိုတာကို အဓိက လာရောက်လေ့လာတာပါ” ဟု မွန်ပြည်နယ် ကုန်သည်လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးထင်အောင်ကျော်က ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့  ထိုင်းနိုင်ငံ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး တက်ရောက် ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

Eleven Media Groupအာဆီယံနိုင်ငံများ ကုန်သွယ်မှု ကွန်ယက်နှင့် ၂၀၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုင်းအ၀န်း အစီအစဉ် အကြိုအဖြစ် အာဆီယံဒေသတွင်း နိုင်ငံများမှ ကုန်သည်ကြီးများ တွေဆုံသည့် အခမ်းအနားကို မဲဆောက်မြို့ မြူနီစပယ် ဘောလုံးကွင်း ခန်းမဆောင် တွင် ဖေဖော်ဝါရီလ (၂) ရက်နေ့  နံနက်က ပြုလုပ်ခဲ့ပြီး ထိုင်းကုန်စည်ပြ ပွဲအား ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ခင်းကျင်းပြသသွား မည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့  ဖိတ်ကြားထားသည့် အာဆီယံ နိုင်ငံများမှ ကုန်သည်ကြီးများ တက်ရောက် ကြပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြ၀တီမြို့မှ ကုန်သည်များအသင်း ဥက္ကဌဒေါ်သင်သင်မြတ်နှင့်အဖွဲ့ ၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကုန်သည်အသင်းဝင်များဖြစ်သည့် ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ ပုလဲနှင့်ငါး လုပ်ငန်းရှင်များ၊ ကြက်သွန်လုပ်ငန်းရှင်များ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းမှ လုပ်ငန်းရှင်များ စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“လေးနိုင်ငံ အာဆီယံကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များ တွေဆုံပွဲနဲ့  ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ မဲဆောက် ကုန်သည်များ အသင်းကဖိတ်လို့ တက်ရောက်လာကြတာပါ။ ဒီက အခြေအနေ ကို လေ့လာ ရင်းနဲ့  ၂၀၁၅ မှာ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ကျင့်သုံးတဲ့ အချိန်ကျရင် ကိုယ့်ဖက်က ဘာတွေပြင်ဆင်ထားရမလဲ။ ဘာတွေ လိုအပ်သလဲ ဆိုတာကို အဓိက လာရောက်လေ့လာတာပါ” ဟု မွန်ပြည်နယ် ကုန်သည်လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးထင်အောင်ကျော်က ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့  ထိုင်းနိုင်ငံ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး တက်ရောက် ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List