Tuesday, February 05, 2013

မြ၀တီထရေးဒင်းပိုင် ဆီတင်သင်္ဘောမှ ကမ်းကပ်၍ ဆီတင်နေစဉ် မီးလောင်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့်ကနဦးသတင်းအရ လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ

Photo: မြ၀တီထရေးဒင်းပိုင် ဆီတင်သင်္ဘောမှ ကမ်းကပ်၍ ဆီတင်နေစဉ်
မီးလောင်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့်ကနဦးသတင်းအရ
လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
Monday, 04 February 2013
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပိတောက်ချောင်း ဆိပ်ကမ်းတွင် မြ၀တီထရေးဒင်းပိုင် ဆီတင်သင်္ဘော တစ်စီးမှ ကမ်းကပ်ပြီး ဆီတင်နေစဉ် မီးလောင်ပေါက် ကွဲမှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်မှုးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ည ၆ နာရီ ၅ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ဆီတင်ယာဉ်သင်္ဘောမှာ တစ်စီးလုံး လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်၌ လှိုင်မြစ်ထဲသို့ နစ်မြုပ်သွားခဲ့ကြောင်း သတင်း သိရှိရသည်။

ဆီတင်သင်္ဘော မီးလောင်မှုကြောင့် လတ်တလော အချိန်ထိ
သေဆုံးနေသည့် အလောင်း လေးလောင်းအား တွေ့ရှိရပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးဖြစ်သူ ဒုတိယရဲမှုးကြီး မျိုးအောင်က “အခု အချိန်ထိတော့ အလောင်းလေးလောင်း ရှာဖွေ
တွေ့ရှိရတယ်။ ဆက်လက်ပြီး ရှာဖွေနေဆဲဖြစ်တယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းက အတိအကျတော့ မသိရသေးပေမယ့်
လောလောဆယ်ဆယ် ရရှိတဲ့ သတင်းအရ ကတော့ ဆီတင်သင်္ဘောက ကမ်းကပ်ပြီး ဆီတင်သင်္ဘောတစ်စီး ပေါ်ကို ဆီသယ်နေရင်းနဲ့ စတင် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်” ဟု ပြောပြခဲ့သည်။

ယင်းမီးလောင်မှု ဖြစ်စဉ်ကို မီးသတ်ယာဉ် အစီးရေ စုစုပေါင်း ၄၀ ကျော် လာရောက် ငြိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။

ဗဟိုမီးသတ် ဦးစီးဌာနမှာ တာဝန်ရှိသူ ဦးသင်းဌေးရွှေက “ဒီမီးလောင်မှု
ဖြစ်စဉ်ကို ရန်ကုန်တစ်တိုင်းလုံးက မီးသတ်ယာဉ်တွေ လာပြီးတော့ မီးငြိမ်းသတ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ဆီတင်ယာဉ် သင်္ဘောတစ်စင်းလုံး မီးလောင်နစ်မြုပ် ပျက်ဆီးခဲ့သည့်အပြင် အနီးနားရှိ သမ္ဗာန်သုံးစီး၊ အမှတ် (၂) သစ်အချော
ထည်ဆိပ်ခံဘောတံတားနှင့် ယင်းတံတားပေါ်ရှိ သစ်လုံးအချို့ မီးလောင်
ကျွမ်းခဲ့ကြောင်း သိရှိရသည်။

Eleven Media Groupရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကမ်းနား လမ်းရှိ ပိတောက်ချောင်း ဆိပ်ကမ်းတွင် မြ၀တီထရေးဒင်းပိုင် ဆီတင် သင်္ဘော တစ်စီးမှ ကမ်းကပ်ပြီး ဆီတင်နေစဉ် မီးလောင်ပေါက် ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်မှုးရုံးမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ည ၆ နာရီ ၅ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။မီးလောင်မှုကြောင့် ဆီတင်ယာဉ်သင်္ဘောမှာ တစ်စီးလုံး လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်၌ လှိုင်မြစ်ထဲသို့ နစ်မြုပ်သွားခဲ့ကြောင်း သတင်း သိရှိရသည်။
ဆီတင်သင်္ဘော မီးလောင်မှုကြောင့် လတ်တလော အချိန်ထိသေဆုံးနေသည့် အလောင်း လေးလောင်း အား တွေ့ရှိရပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးဖြစ်သူ ဒုတိယရဲမှုးကြီး မျိုးအောင်က “အခု အချိန်ထိတော့ အလောင်းလေးလောင်း ရှာဖွေတွေ့ရှိရတယ်။ ဆက်လက်ပြီး ရှာဖွေနေဆဲဖြစ်တယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းက အတိအကျတော့ မသိရသေးပေမယ့်လောလောဆယ်ဆယ် ရရှိတဲ့ သတင်းအရ ကတော့ ဆီတင်သင်္ဘောက ကမ်းကပ်ပြီး ဆီတင်သင်္ဘောတစ်စီး ပေါ်ကို ဆီသယ်နေရင်းနဲ့ စတင် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်” ဟု ပြောပြခဲ့သည်။

ယင်းမီးလောင်မှု ဖြစ်စဉ်ကို မီးသတ်ယာဉ် အစီးရေ စုစုပေါင်း ၄၀ ကျော် လာရောက် ငြိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။ ဗဟိုမီးသတ် ဦးစီးဌာနမှာ တာဝန်ရှိသူ ဦးသင်းဌေးရွှေက “ဒီမီးလောင်မှုဖြစ်စဉ်ကို ရန်ကုန်တစ်တိုင်းလုံးက မီးသတ်ယာဉ်တွေ လာပြီးတော့ မီးငြိမ်းသတ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ဆီတင်ယာဉ် သင်္ဘောတစ်စင်းလုံး မီးလောင်နစ်မြုပ် ပျက်ဆီးခဲ့သည့်အပြင် အနီးနားရှိ သမ္ဗာန်သုံးစီး၊ အမှတ် (၂) သစ်အချောထည်ဆိပ်ခံဘောတံတားနှင့် ယင်းတံတားပေါ်ရှိ သစ်လုံးအချို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List