Monday, February 04, 2013

မြေအောက် အဏုမြူဗုံး ဖောက်ခွဲဖွယ် ရှိသည့်နေရာကို မြောက်ကိုရီးယား ဖုံးကွယ်ထား

Photo: မြေအောက် အဏုမြူဗုံး ဖောက်ခွဲဖွယ် ရှိသည့်နေရာကို မြောက်ကိုရီးယား ဖုံးကွယ်ထား  
Sunday, 03 February 2013

မြောက်ကိုရီးယား၏ တတိယအကြိမ်မြောက် မြေအောက်အဏုမြူဗုံး
ဖောက်ခွဲစမ်းသပ်မှု ပြုလုပ်မည်ဟု ထင်ရသော နေရာကို ဂြိုဟ်တုမှ
စောင့်ကြည့်ခြင်း မပြုလုပ်နိုင်ရန် မြောက်ကိုရီးယား အစိုးရက 
ယင်းနေရာရှိ  ဥမင်လိုဏ်ခေါင်းတစ်ခု၏ ၀င်ပေါက်ကို ဖုံးကွယ် ဖျောက်ဖျက်ထားကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖေဖော်ဝါရီလ ၁ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းဝင်ပေါက်ကို အမိုးကဲ့သို့သော ပိုက်ကွန်တစ်ခုဖြင့် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ရန် ပုံဖျက်ထားသည်ကို ထောက်လှမ်းတွေ့ရှိရကြောင်း၊ ယင်းက ပြည်ပမှ စောင့်ကြည့်သူများအား ဇဝေဇ၀ါ ဖြစ်စေရန် ရည်ရွယ်ခြင်း
ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး ယွန်ဟပ်က ဖော်ပြခဲ့သည်။

စမ်းသပ်မှု ပြုလုပ်ဖွယ်ရှိသည့် Punggye-ri နေရာတွင် လိုဏ်ခေါင်းဝင်ပေါက် သုံးခုနှင့် အဆောက်အအုံများ ရှိနေပြီး ယင်းနေရာကို အမေရိကန်၊
တောင်ကိုရီးယားနှင့် ဂျပန် ထောက်လှမ်းရေးများက အနီးကပ်
ထောက်လှမ်းနေသည်။          

တောင်ကိုရီးယား စစ်တပ်ကလည်း ယင်းစမ်းသပ်မည့် နေရာကို
ထောက်လှမ်းရန် အရေးပေါ် စီမံခန့်ခွဲရေး အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို ဇန်န၀ါရီလ ၂၉ ရက်က ဖွဲ့စည်းခဲ့သည်။

ယင်းကဲ့သို့ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု မြင့်တက်နေစဉ်
တောင်ကိုရီးယားသည် အမေရိကန်နှင့် ပူးတွဲလေ့ကျင့်မှု အပါအ၀င် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref:AFPမြောက်ကိုရီးယား၏ တတိယအကြိမ်မြောက် မြေအောက်အဏုမြူဗုံး
ဖောက်ခွဲစမ်းသပ်မှုပြုလုပ်မည်ဟုထင်ရသောနေရာကိုဂြိုဟ်တု မှ  စောင့် ကြည့်ခြင်း မပြုလုပ်နိုင်ရန် မြောက်ကိုရီးယား အစိုးရကယင်းနေ ရာရှိ ဥမင်လိုဏ်ခေါင်းတစ်ခု၏ ၀င်ပေါက်ကို ဖုံး ကွယ် ဖျောက် ဖျက်ထားေ ကြာင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာန က ဖေဖော် ၀ါရီလ ၁ ရက်တွင် ဖော်ပြခဲ့သည်။ယင်းဝင်ပေါက်ကို အမိုးကဲ့သို့သော ပိုက်ကွန်တစ်ခုဖြင့် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ရန် ပုံဖျက်ထား သည်ကို ထောက်လှမ်းတွေ့ရှိရကြောင်း၊ ယင်းက ပြည်ပမှ စောင့်ကြည့်သူများအား ဇဝေဇ၀ါ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး ယွန်ဟပ် က ဖော်ပြ ခဲ့သည်။
စမ်းသပ်မှု ပြုလုပ်ဖွယ်ရှိသည့် Punggye-ri နေရာတွင် လိုဏ်ခေါင်းဝင်ပေါက် သုံးခုနှင့် အဆောက်အအုံများ ရှိနေပြီး ယင်းနေရာကို အမေရိကန်၊တောင်ကိုရီးယားနှင့် ဂျပန် ထောက်လှမ်းရေးများက အနီးကပ်ထောက် လှမ်းနေသည်။
တောင်ကိုရီးယား စစ်တပ်ကလည်း ယင်းစမ်းသပ်မည့် နေရာကိုထောက်လှမ်းရန် အရေးပေါ် စီမံခန့်ခွဲရေး အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို ဇန်န၀ါရီလ ၂၉ ရက်က ဖွဲ့စည်းခဲ့သည်။
ယင်းကဲ့သို့ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု မြင့်တက်နေစဉ်တောင်ကိုရီးယားသည် အမေရိကန်နှင့် ပူးတွဲလေ့ကျင့်မှု အပါအ၀င် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref:AFP

No comments:

Post a Comment

My Blog List